ခရီးသွားတယ်ဆိုတာ ဒေသန္တရ ဗဟုသုတ ရရှိရုံအပြင် စိတ်ကြည်လင်လန်းဆန်းဖို့ အတွက်လည်း ဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့မြို့ပြ လူနေမှုစနစ်ကနေ ခဏတာ လွတ်မြောက်နိုင်ဖို့ဟာ တောတောင်တွေဆီ ခရီးထွက်တာနဲ့ တောင်တက်ခရီး သွားတာမျိုးတွေပါ။
အခုနောက်ပိုင်းကာလတွေမှာ လူတွေဟာ တောင်တက်ခရီးမျိုးကို ပိုပြီး သဘောကျလာပါတယ်။ တောင်တက်ခရီးဟာ လူရဲ့ခံနိုင်ရည်ကို စမ်းသပ်တဲ့ ခရီးစဉ်တမျိုးပါ။ ဒီလို ခရီးစဉ်မျိုးကို သွားရောက်တဲ့အခါ မပင်မပန်းနဲ့ သွားရောက်နိုင်ဖို့ဆိုတာက သီချင်းအေးအေးလေးတွေ နားထောင်ပြီးသွားတာ အကောင်းဆုံးပါပဲ။
ဆိုရှယ်မီဒီယာတွေ ထွန်းကားလာပြီးတဲ့နောက်မှာ ဖုန်းဆိုတာကလည်း လူတွေအတွက် မရှိမဖြစ် အရေးပါလာသလို သီချင်းတွေကို ဝယ်ယူနားဆင်လို့ရတဲ့ Music Application တွေကိုလည်း Play Store လို နေရာမျိုးကနေ Download လုပ်ကာ နားဆင်နိုင်ပါတယ်။
Music Application တခုဖြစ်တဲ့ Spotify က တောင်တက်ခရီးသွားသူတွေ အများဆုံး နားဆင်လေ့ရှိတဲ့ သီချင်းတွေကို ၂၀၂၀ ခုနှစ်အတွက် ရွေးချယ်ပေးခဲ့ပါတယ်။ ဒီလိုရွေးချယ်ရာမှာလည်း သီချင်း ပေါင်း၂၅၀၀၀ ကျော်ကနေ လူတွေ အများဆုံးနားထောင်လေ့ရှိတဲ့ သီချင်းတွေကို ရွေးချယ်ပေးခဲ့ပါတယ်။
တောင်တက်ခရီးသွားသူတွေ အများဆုံး နားထောင်တဲ့ သီချင်းနေရာမှာ နံပါတ် ၁ နေရာက ရှိနေတာ ကတော့ The Lumineers ရဲ့ Ophelia ဆိုတဲ့ သီချင်းပါ။ ဒီသီချင်းရဲ့ Music Video ဖိုင်ကိုတော့ အောက်ကလင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
ဒုတိယအများဆုံး နားထောင်တဲ့ သီချင်းကတော့ Vance Joy ရဲ့ Riptide ဖြစ်ပါတယ်။
တတိယအများဆုံး နားထောင်တဲ့ သီချင်းကတော့ Ben Howard ရဲ့ Old Pine နဲ့ Lord Huron ရဲ့ Ends of the Earth ဆိုတဲ့သီချင်းပါ။ ဒါကြောင့်လည်း Ben Howard ရဲ့ Old Pine ကို အောက်က လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။
သီချင်း ၃ ပုဒ်ရဲ့ Music Video တွေကို ဖော်ပြပြီးတဲ့နောက်မှာတော့ လူအများဆုံး နားထောင်တဲ့ သီချင်းတွေကို ဇယားမှာ ကြည့်ရှုနိုင်ပါတယ်။
Ref: Lonelyplanet, daffodilhotel