Travel

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၇ သန်း လာရောက်နိုင်ဖွယ်ရှိနေ

Want create site? Find Free WordPress Themes and plugins.

ကမ္ဘောဒီးယားအမျိုးသားဘဏ်ရဲ့ အစီရင်ခံစာအရ ၂၀၂၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတကာခရီးသွားဧည့်သည် ပိုမိုလာရောက်နိုင်တယ်လို့ သိရပါတယ်။ ၂၀၁၉ ခုနှစ်အတွင်း ကမ္ဘောဒီးယားနိုင်ငံကို နိုင်ငံတကာခရီးသွား ၆ ဒဿမ ၇ သန်း လာရောက်ခဲ့ပြီး၊ ၂၀၂၀ ခုနှစ်မှာတော့ ၇ သန်းအထိ လာရောက်နိုင်ဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်းမှာ တရုတ်ခရီးသွားတွေက အဓိကနေရာက ရှိနေပြီး ခရီးသွား စုစုပေါင်းရဲ့ ၃၈ ရာခိုင်နှုန်း ရှိနေပါတယ်။ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်တဲ့ Top Sopheak ကလည်း နိုင်ငံတကာ ခရီးသွားအရေအတွက်က ဆက်လက် တိုးတက်နေပြီး အဓိကအားဖြင့်တော့ ကမ်းရိုးတန်းဒေသတွေကို လာရောက် လည်ပတ်ကြသလို စီးပွားရေးလုပ်ငန်း လုပ်ကိုင်ဖို့ လာရောက်ကြသူတွေလည်း ရှိနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် ခရီးသွားအရေအတွက်က တိုးတက်မှုနှေးတယ်လို့ ထင်ရပေမယ့် ၂၀၂၀ ခုနှစ်မှာတော့ နိုင်ငံတကာခရီးသွား ၇ သန်း လာရောက်ဖို့ ဝန်ကြီးဌာနအနေနဲ့ ခန့်မှန်းထားပါတယ်လို့ Top Sopheak က ပြောပါတယ်။

နိုင်ငံတကာခရီးသွား အရေအတွက် ပိုမိုတိုးတက်လာနိုင်ဖို့ ကမ္ဘောဒီးယားဝန်ကြီးဌာနအနေနဲ့ ကြိုးစားလုပ်ဆောင်နေတယ်လို့ သိရပြီး ခရီးသွားတွေ အဓိက လာရောက် လည်ပတ်ရာ နေရာဖြစ်တဲ့ အန်ကောရှေးဟောင်းသုတေသနပန်းခြံကို နိုင်ငံတကာခရီးသွားတွေ ပိုမိုလာရောက်လည်ပတ်နိုင်ဖို့ ကြိုးစားလုပ်ဆောင်နေတယ်လို့ Top Sopheak က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး တိုးတက်မှုနှေးကွေးနေတဲ့အပြင် တရုတ် – အမေရိကန် ကုန်သွယ်ရေးစစ်ပွဲကြောင့် Siem Reap ပြည်နယ်နဲ့ ဖနွမ်းပင်မြို့ကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွား အရေအတွက် ကျဆင်းခဲ့ပေမယ့် ယေဘုယျအားဖြင့်ဆိုရင်တော့ ကမ္ဘောဒီးယားကို လာရောက်လည်ပတ်တဲ့ နိုင်ငံတကာခရီးသွားအရေအတွက် တိုးလာခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၅ ခုနှစ်မှာ နိုင်ငံတကာခရီးသွား ၁၁ သန်း နဲ့ ၂၀၃၀ ခုနှစ်မှာ ခရီးသွားစုစုပေါင်း ၂၅ သန်းလာရောက်ဖို့ ရည်မှန်းထားပါတယ်။

Ref: khmertimeskh

You may also like these stories:

၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအကြား ရေပန်းအစားဆုံးမြို့များ

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံ ခရီးသွားလုပ်ငန်းမှ ဝင်ငွေ ၁ ဒဿမ ၄၇ ထရီလီယံ ရရှိ

နှစ်သစ်ကူးညကို အကောင်းဆုံး ဖြတ်သန်းနိုင်မယ့် အရှေ့တောင်အာရှ ဒေသများ

Did you find apk for android? You can find new Free Android Games and apps.
Loading