• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ထိုင်းနဲ့ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားများအား စောင့်ကြည့်နေရ

by ညီညီသူ
16 January 2020
in Travel
A A
ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တရုတ်အမျိုးသမီး တဦးကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တရုတ်အမျိုးသမီး တဦးကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။

7.5k
VIEWS
Share on FacebookShare on Twitter

တရုတ်နိုင်ငံမှာ မကြာသေးခင်က တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နှစ်သစ်ကူးပွဲတော် အတွင်း ထိုင်းနိုင်ငံကို လာရောက်မယ့် တရုတ်ခရီးသွားတွေကို လေဆိပ်တွေမှာ စောင့်ကြည့်စစ် ဆေးသွားမယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဟာ သာမန်အအေးမိဖျားတာကနေ ကူးစက်မြန်ပြီး ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ဖြစ်ပွားစေနိုင်တဲ့ ဗိုင်းရပ်စ်ပဲ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာ ပထမဆုံးတွေ့ရှိခဲ့တဲ့ ဒီရောဂါကြောင့် လူနာတဦး သေဆုံးခဲ့ပြီးပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ တရုတ်အမျိုးသမီးတယောက်ကို ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တဲ့အတွက်ကြောင့် နှစ်သစ်ကူးပွဲတော်အတွင်း လာရောက်ကြမယ့် တရုတ်ခရီးသွားတွေကို ထိုင်းနိုင်ငံ လေဆိပ်တွေမှာ စောင့်ကြည့်စစ်ဆေးသွားဖို့ စီစဉ်နေရခြင်း ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
539
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
235
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
778

ထိုင်းနိုင်ငံအပြင် မြန်မာနိုင်ငံရဲ့ ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော် လေဆိပ်တွေမှာလည်း တရုတ်ခရီးသွားတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ရှိ၊ မရှိ စောင့်ကြည့် စစ်ဆေးနေတယ်လို့ သိရပြီး လက်ရှိအချိန်ထိတော့ မြန်မာနိုင်ငံမှာ ရောဂါသံသယရှိသူ မတွေ့ရသေးဘူးလို့လည်း သိရပါတယ်။

တရုတ်လူမျိုးတွေအနေနဲ့ နှစ်သစ်ကူးပွဲတော်လို အချိန်မျိုးတွေမှာ ခရီးအများဆုံး ထွက်လေ့ ရှိကြပါ တယ်။ အဓိက ခရီးသွားလေ့ရှိတဲ့ နိုင်ငံတွေကတော့ အာရှနိုင်ငံတွေဆီကိုပါ။ ဒါကြောင့်လည်း အာရှနိုင်ငံတွေအနေနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ရောက်ရှိလာကြမယ့် တရုတ်ခရီးသွားမှာ ရောဂါကူးစက်မှု ရှိ၊ မရှိ စစ်ဆေးဖို့ အရေးကြီးနေတဲ့အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေရခြင်းပါပဲ။

အခုတွေ့ရှိတဲ့ ဗိုင်းရပ်စ်ကို တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်အတွင်း စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုအချိန် အထိတော့ ဝူဟန်ပြည်နယ်အတွင်း ကူးစက်ခံရသူပေါင်း ၄၁ ယောက်ရှိခဲ့ပြီလို့ သိရပါတယ်။ အခု တွေ့ရှိတဲ့ ဗိုင်းရပ်စ်အသစ် အတွက် သီးခြားကုသနည်း မရှိသေးပေမယ့် ဗိုင်းရပ်စ်ပျံ့နှံ့မှုကို ထိန်းချုပ်ဖို့နဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ကမ္ဘာတဝှမ်းလုံးက ဆေးရုံတွေကို လမ်းညွှန်ချက်ပေးပြီးဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ မှာကျရောက်မယ့် တရုတ်နှစ်သစ်ကူးပွဲတော်အတွင်း ထိုင်းနိုင်ငံကို လာရောက်မယ့် တရုတ် ခရီးသွား အရေအတွက် ၈ သိန်းဝန်းကျင် ရှိနိုင်တယ်လို့ ထိုင်းခရီးသွားကောင်စီက ပြောပါတယ်။ တရုတ်နိုင်ငံ၊ ဝူဟန်ကနေ ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိ ၊ ချင်းမိုင် ၊ ဖူးခက် နဲ့ Don Mueng ကို နေ့စဉ် လေ ယာဉ်ခရီးစဉ် ရှိပါတယ်။

ဒါကြောင့်လည်း ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေနနဲ့ တရုတ်နိုင်ငံ ဝူဟန်ကနေ သုဝဏ္ဏဘူမိ ၊ ချင်းမိုင် ၊ ဖူးခက်နဲ့ Don Mueng လေဆိပ်ကို လာရောက်ကြမယ့် တရုတ်ခရီးသွားတွေကို အဓိက စောင့်ကြည့်သွားဖို့ ရှိနေသလို စင်းလုံးငှားလေယာဉ်တွေနဲ့ ရောက်လာကြမယ့် တရုတ်ခရီးသွားတွေကိုလည်း စောင့်ကြည့်စစ်ဆေးသွားဖို့ ပြင်ဆင်နေပါတယ်။

ပုံမှန်အားဖြင့်ဆိုရင်တော့ ဝူဟန်ကနေ ထိုင်းနိုင်ငံကိုလာရောက်တဲ့ ခရီးသွားအရေအတွက်က ၁၂၀၀ လောက် ရှိတတ်ပေမယ့် နှစ်သစ်ကူးကာလအတွင်းမှာတော့ ၁၅၀၀ ကနေ ၁၆၀၀ လောက် အထိရှိတတ်ပါတယ်။ ဒါကြောင့်လည်း ရောဂါကူးစက်နေတဲ့လူတွေ ရှိ မရှိ ပိုမိုစောင့်ကြည့်သွားမယ် လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေး ဦးစီးဌာနရဲ့ ဒါရိုက်တာဖြစ်သူ Sophon Iamsirithaworn က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့လည်း ဗိုင်းရပ်စ်စတင်တွေ့ရှိရာ ဒေသဖြစ်တဲ့ ဝူဟန်ပြည်နယ်ကနေ လာရောက်တဲ့ တရုတ်ခရီးသွားတွေကို စောင့်ကြည့်စစ်ဆေးနေပါတယ်။

Ref: bangkokpost

You may also like these stories:

၂၀၁၉ ခုနှစ်အတွင်း ခရီးသွား ၁၈ သန်းကျော် လာရောက်ဖို့ ဗီယက်နမ်နိုင်ငံ မျှော်လင့်

မလေးရှားနိုင်ငံကို ယခုနှစ်အတွင်း ခရီးသွားဧည့်သည် သန်း ၂၀ လာရောက်လည်ပတ်ခဲ့

ဖင်လန်နိုင်ငံကနေ စင်ကာပူနိုင်ငံအထိ စက်ဘီးစီးကြတဲ့ စုံတွဲ

Your Thoughts …
Tags: ကိုရိုနာဗိုင်းရပ်စ်သစ်စောင့်ကြည့်စစ်ဆေးတရုတ်ခရီးသွား
ညီညီသူ

ညီညီသူ

Similar Picks:

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

by ဧရာဝတီ
11 September 2023
1.8k

အာဏာသိမ်းပြီးနောက် ကြီးမားကျယ်ပြန့်လာသော မြန်မာနယ်စပ်များရှိ လူကုန်ကူးမှုနှင့် အွန်လိုင်းငွေကြေး လိမ်လည်လုပ်ငန်းများကြောင့် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရန် စိုးရိမ်မှုများ ရှိနေ

မန္တလေးမြို့ကို လာရောက် လည်ပတ်ကြတဲ့ တရုတ် ခရီးသွားများ / ဇော်ဇော် / ဧရာဝတီ

တရုတ် ခရီးသွားတွေရဲ့ ဇီးရိုးဘတ်ဂျက် ဒဏ်ကို ခံနေရတဲ့ မြန်မာနဲ့ အာဆီယံဒေသ

by ညီညီသူ
26 August 2019
16k

အာဆီယံနိုင်ငံတွေ အားလုံးမှာ ကြုံခဲ့ရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက်ဟာ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ တရုတ် ဇီးရိုးဘတ်ဂျက် ခရီးသွားပုံစံနဲ့ အတူတူပါပဲ။ 

ရန်ကုန်မြို့ ရွှေတိဂုံ စေတီသို့ လာရောက်သည့် တရုတ်ခရီးသွားများ / ထက်ဝေ / ဧရာဝတီ

တရုတ် ခရီးသွားများ လာရောက်မှုနှင့် ငွေကြေးသုံးစွဲမှုကို စောင့်ကြည့်မည်

by အောင်သီဟ
2 July 2019
65.6k

ထိုသို့ဖွဲ့စည်းရခြင်းမှာ မြန်မာနိုင်ငံသို့ တရုတ်နိုင်ငံသား ခရီးသွားများ လာရောက်မှု များပြားလာရာ လည်ပတ်မှုများတွင် စနစ်တကျ ရှိစေရန်အတွက် လမ်းညွှန်မှုများ ပေးရန်၊ ၎င်းတို့အတွက် လိုအပ်သည့် ဝန်ဆောင်မှုများ ဖြည့်ဆည်း ပေးရန်၊ မြန်မာ့ဓလေ့နှင့် ပတ်သက်၍ ဆောင်ရန် ရှောင်ရန်များနှင့်...

ပုဂံတွင် နေဝင်ချိန်ကို ဓာတ်ပုံရိုက်ရန် စောင့်နေသည့် တရုတ်ခရီးသွားများ(Shutterstock)

မြန်မာသို့ တရုတ်ခရီးသွားများ အများဆုံးလာရောက်

by မျိုးပပစန်း
27 January 2019
6.4k

ထိုကြောင့် အာရှ သာမက အနောက် ဥရောပနိုင်ငံများ၊ အမေရိကန် နိုင်ငံ တို့မှ ခရီးသွား ဝင်ရောက်မှု ပြန်လည် မြင့်တက် လာရန် အတွက် ဗီဇာ ဖြေလျှော့မှုများ လုပ်ပေးခြင်းနှင့် သတင်းအမှန် များကို ကမ္ဘာက...

ဗီယက်နမ်နိုင်ငံက Ha Long Bay

ဇီးရိုးဘတ်ဂျက် ခရီးသွားလုပ်ငန်း ပြဿနာကို ဖြေရှင်းနေရတဲ့ ဗီယက်နမ် ခရီးသွားလုပ်ငန်း

by ညီညီသူ
10 October 2019
5.3k

၂၀၁၇ ခုနှစ်၊ မတ်လမှာ ဗီယက်နမ် ဝန်ကြီးချုပ်က ဒေသခံအာဏာပိုင်တွေကို ခေါ်ယူတွေ့ဆုံခဲ့ပြီး ဝန်ဆောင်မှု အရည်အသွေး ညံ့ဖျင်းတဲ့ စတိုးဆိုင်တွေနဲ့ ဇီးရိုးဒေါ်လာ အရောင်းဆိုင်တွေကို ပိတ်ခိုင်းခဲ့ပါတယ်။

မန္တလေး တောင်သမန်အင်းရှိ ဦးပိန်တံတားသို့ လာရောက်သည့် တရုတ်ခရီးသည်တချို့ကို တွေ့ရစဉ် / ဇော်ဇော် / ဧရာဝတီ

မန္တလေးသို့ တရုတ်ခရီးသွား ဝင်ရောက်နှုန်း ၄ ဆကျော်တိုးလာ

by မြတ်ပြည့်ဖြိုး
25 January 2020
6.6k

အခု အခြေအနေက လောလော လတ်လတ်မှ ဖြစ်လာတာဆိုတော့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုရှိ၊ မရှိဆိုတာတော့ စောင့်ကြည့်ရဦးမယ်။

Next Post
အိမ်မွေး တိရစ္ဆာန်လေးတွေမှာလည်း သူတို့နှစ်သက်တဲ့ သီချင်းတွေ ရှိကြပါတယ်။

အိမ်မှာအထီးကျန်စွာ ကျန်ခဲ့ရတဲ့ အိမ်မွေးခွေးတွေအတွက် သီချင်း Playlist မိတ်ဆက်လိုက်တဲ့ Spotify

အကြမ်းဖက်မှု ဥပဒေဖြင့် တရားစွဲခံထားရသူများကို ၂၀၁၉ ခုနှဏ် စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေ ခရိုင်တရားရုံး၌ ရုံးထုတ်လာစဉ် / မင်းအောင်ခိုင် / ဧရာဝတီ

လက္ကာရွာသားများအမှုမှ တရားလိုနှင့် သက်သေများကို စတင်စစ်ဆေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate