၂၀၁၉ ခုနှစ် ကုန်ဆုံးသွားတဲ့အတွက်ကြောင့် ခရီးသွားနဲ့ ပတ်သက်ပြီး ကိန်းဂဏန်းတွေ ထွက်ပေါ်လာပါတယ်။ တချို့ကိန်းဂဏန်းတွေက အနှုတ်သဘော ဆောင်ပေမယ့် တချို့ကိန်းဂဏန်းတွေကတော့ အပေါင်းလက္ခဏာ ဆောင်ပါတယ်။ ခရီးသွားနဲ့ ပတ်သက်လို့ အပေါင်းလက္ခဏာဆောင်တဲ့ နိုင်ငံတွေထဲ ထိုင်ဝမ်နိုင်ငံလည်း ပါဝင်ပါတယ်။
မှတ်သားထားတဲ့ ကိန်းဂဏန်းတွေအရ ၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်နိုင်ငံကို လာရောက် လည်ပတ်ခဲ့တဲ့ ခရီးသွားအရေအတွက်က ၁၁ ဒဿမ ၈၄ သန်း ရှိခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်နဲ့ ယှဉ်ပြီးတွက် ကြည့်ရင် ဒီအရေအတွက်က ၇ ရာခိုင်နှုန်း တိုးလာတဲ့ ပမာဏပါပဲ။
ထိုင်ဝမ်ခရီးသွားဗျူရိုရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်နိုင်ငံကို အဓိက လာရောက်လည်ပတ်ခဲ့တာကတော့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံက ခရီးသွားတွေပါ။ ၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်နိုင်ငံကို အများဆုံး လာရောက်လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်က ၂ ဒဿမ ၇၁ သန်း ရှိခဲ့ပါတယ်။
၂၀၁၉ ခုနှစ်အတွင်း ဟောင်ကောင်ဆန္ဒပြပွဲတွေကြောင့် ဟောင်ကောင်ကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်ကတော့ ကျဆင်းခဲ့ပေမယ့် ထိုင်ဝမ်ကို လာရောက်တဲ့ ခရီးသွား အရေ အတွက်ကတော့ နှစ်စဉ်ဆိုသလို ကျဆင်းခဲ့ခြင်း မရှိပါဘူး။
ဂျပန်ခရီးသွား အရေအတွက်ကလည်း ၁၀ ရာခိုင်နှုန်း တိုးလာသလို တောင်ကိုရီးယား ခရီးသွား အရေ အတွက်ကလည်း ၂၀ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယား ခရီးသွား အရေအတွက် တိုးလာရတဲ့ အကြောင်းအရင်းထဲမှာ လေကြောင်းသယ်ယူပို့ဆောင်ရေးကလည်း အဓိကကျတဲ့ အချက်တခုပါ။
ခုနောက်ပိုင်းမှာတော့ ထိုင်ဝမ်နိုင်ငံအနေနဲ့ ဗီယက်နမ်နိုင်ငံ၊ ဟိုချီမင်းမြို့နဲ့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ထိုင်ဝမ်ခရီးသွား ဗျူရိုကို ဖွင့်လှစ်ထားတဲ့အပြင် မော်စကို၊ ဂျကာတာ၊ နယူးဇီလန်၊ ဆစ်ဒနီ၊ ကနေဒါမှလည်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပရိုမိုးရှင်းတွေကို ဆောင်ရွက်နေပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ ခုနှစ်အတွင်း ထိုင်ဝမ်နိုင်ငံကို ခရီးသွားတွေ ပိုမိုလာရောက် လည်ပတ်ဖို့ ရှိနေပါတယ်။
Ref: 12goasia
You may aslo like these stories:
ဇန်နဝါရီလအတွင်း ဈေးနှုန်း ချိုချိုသာသာနဲ့ လည်ပတ်နိုင်တဲ့ နိုင်ငံများ\
၂၀၂၀ ခုနှစ်အတွင်း ကမ္ဘောဒီးယားသို့ နိုင်ငံတကာခရီးသွား ၇ သန်း လာရောက်နိုင်ဖွယ်ရှိနေ
အရှေ့တောင်အာရှမှာ ဈေးအသက်သာဆုံး လည်ပတ်နိုင်တဲ့ မြို့ ၇ မြို့