၂၀၁၉ ခုနှစ်အတွင်း တောင်ကိုရီးယားနိုင်ငံကို ဂျပန်နိုင်ငံသားအများဆုံး လာရောက်လည်ပတ်ခဲ့ပါ တယ်။ ဂျပန်နိုင်ငံ ကလူငယ်အများစုဟာ ၂၀၁၉ ခုနှစ်အတွင်း အိမ်နီးချင်းနိုင်ငံတွေကို ခရီးထွက်ခဲ့ကြ ပြီး အများစုကတော့ တောင်ကိုရီးယားနိုင်ငံကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
တောင်ကိုရီးယား ခရီးသွားလာရေးလုပ်ငန်း အာဏာပိုင်တွေရဲ့ အပြောအရဆိုရင်တော့ ၂၀၁၉ ခုနှစ် အတွင်း တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်ခဲ့ကြတဲ့ ဂျပန်နိုင်ငံသားအရေအတွက်က ၃ ဒဿမ ၂၇ သန်းရှိခဲ့ပြီး ၂၀၁၈ ခုနှစ်ကထက် ၁၁ ရာခိုင်နှုန်းတိုးလာခဲ့တယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၇ နှစ်က စတင်ရေတွက်မယ်ဆိုရင်လည်း တောင်ကိုရီးယားနိုင်ငံကို ဂျပန်နိုင်ငံသား ၃ သန်းကျော် လာရောက်လည်ပတ်ခဲ့တာ ၂၀၁၉ ခုနှစ်မှာရှိခဲ့ပါတယ်။ အခုလိုလာရောက်လည်ပတ်ခဲ့ ကြတာကလည်း ဂျပန်နိုင်ငံရဲ့ စီးပွားရေး အခြေအနေကောင်းမွန်နေသလို ငွေကြေးတန်ဖိုးမြင့်မားနေတဲ့အတွက်ကြောင့်လည်း ပါပါတယ်။
တောင်ကိုရီးယားကိုလာရောက်လည်ပတ်ကြတဲ့ ဂျပန်လူငယ်အများစုဟာ သိပ္ပံနဲ့သက်ဆိုင်တဲ့နေ ရာတွေကို အဓိက လည်ပတ်လေ့ရှိကြပါတယ်။ တောင်ကိုရီးယား အာဏာပိုင်တွေကတော့ ဂျပန်အစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ အတွင်း ပို့ကုန်ထိန်းချုပ်ပြီးနောက်ပိုင်း ဂျပန်နိုင်ငံကို သွား ရောက်လည်ပတ်တဲ့ တောင်ကိုရီးယား နိုင်ငံသား အရေအတွက် က သိသိသာသာကျဆင်းသွားခဲ့ တယ်လို့ ဆိုပါတယ်။
ဂျပန်ခရီးသွားလုပ်ငန်းအေဂျင်စီတွေရဲ့ အပြောအရဆိုရင်တော့ ၂ နိုင်ငံကြား စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ဂျပန်နိုင်ငံကိုလာရောက်လည်ပတ်တဲ့တောင်ကိုရီးယားခရီးသွား အရေအတွက်က ၂၀၁၈ ခုနှစ်ထက်စာရင် ၇ ဒဿမ ၆ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တယ်လို့ သိရပါ တယ်။
ဂျပန်နိုင်ငံကို လာရောက်လည်ပတ်တဲ့ တောင်ကိုရီးယား နိုင်ငံသားအရေအတွက် ကျဆင်းသွားခဲ့ပေမယ့် တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်တဲ့ ဂျပန်နိုင်ငံသားအရေအတွက်ကတော့ သိသိသာသာ တိုးတက် လာခဲ့ပါတယ်။ ဂျပန်အစိုးရအနေနဲ့ ၂၀၂၀ ခုနှစ်အတွင်း နိုင်ငံတကာခရီးသွား သန်း ၄၀ လာရောက်လည်ပတ်ဖို့ မျှော်လင့်ထားပါတယ်။
ဂျပန်နိုင်ငံကို အဓိက လာရောက်လည်ပတ်တဲ့ခရီးသွားတွေထဲမှာ တရုတ်နိုင်ငံသားတွေလည်း ပါဝင်ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ပြဿနာကြောင့်တရုတ်နိုင်ငံသားအများစုမှာ ခရီး ထွက်ဖို့အခက်အခဲတွေ ရှိနေပါတယ်။ တရုတ်လူမျိုးတွေဟာ ကမ္ဘာမှာ ခရီးအများဆုံးသွားတဲ့လူမျိုး ဖြစ်တဲ့အတွက် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ၂၀၂၀ ခုနှစ် အတွင်း ခရီးသွားလုပ်ငန်းတွေမှာ ထိခိုက်မှုတွေ ရှိနေပါတယ်။
Ref:nhk,xinhuanet
You may also like these stories:
ရေပန်းစားလာတဲ့ လာဆာမြို့ရဲ့ ဆောင်းရာသီ ခရီးသွားလုပ်ငန်း
၂၀၁၉ ခုနှစ်အတွင်း ထိုင်ဝမ်ကို ခရီးသွား ၁၁ ဒဿမ ၈၄ သန်း လာရောက်ခဲ့
၂၀၁၉ ခုနှစ်အတွင်း နိုင်ငံတကာ ခရီးသွားအကြား ရေပန်းအစားဆုံးမြို့များ