Travel

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ်ဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေရုံသာမက စီးပွားရေး လုပ်ငန်းတွေကိုလည်း ထိခိုက်နစ်နာစေခဲ့ပါတယ်။ ဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်တဲ့အတွက် လေကြောင်းလိုင်းတချို့ကလည်း တရုတ်နိုင်ငံကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်တွေကို ကန့်သတ်ထားလိုက်ကြပါတယ်။ နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့လည်း တရုတ်နိုင်ငံကို သွားရောက်မယ့် ဝန်ထမ်းတွေရဲ့ ခရီးသွားလာခြင်းတွေကို ကန့်သတ်ထားလိုက်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့လည်း တရုတ်နိုင်ငံက လာရောက်တဲ့ ခရီးသွားတွေကို ရောဂါရှာဖွေမှုများ လေဆိပ်ပေါင်း ၂၀ မှာ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ အမေရိကန်အနေနဲ့တော့ ဒီကနေ့အချိန်ထိ တရုတ်နိုင်ငံနဲ့ လေကြောင်းလိုင်းပြေးဆွဲမှု ဆိုင်းငံ့ မထားသေးပါဘူး။

ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံတနိုင်ငံကနေ တနိုင်ငံကို ကူးစက်နေတဲ့အတွက် နိုင်ငံတချို့မှာ တရုတ် ခရီးသွားဝင်ရောက်မှုကို ကန့်သတ်လိုက်တာမျိုးတော့ ရှိနေပါတယ်။ ဒါကြောင့်လည်း တရုတ်ခရီးသွားတွေ အလာများတဲ့ ဒေသတချို့မှာ ခရီးသွားလုပ်ငန်းကနေ ရရှိတဲ့ ပုံမှန်ဝင်ငွေ ဆုံးရှုံးတာမျိုး ရှိနေပါတယ်။

တရုတ်၊ ထိုင်း၊ ဂျပန်စတဲ့ နိုင်ငံတွေဟာ ခရီးသွားလုပ်ငန်းတွေကနေ ပုံမှန်ရရှိနေတဲ့ ဘီလီယံနဲ့ချီတဲ့ ဝင်ငွေတွေ ဆုံးရှုံးနေရတယ်လို့ သိရပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့ကို သွားရောက် လည်ပတ်မယ့် တရုတ်ခရီးသွား ၂ သောင်းကျော်ဟာ သူတို့ရဲ့ ခရီးစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။ ခရီးသွားလုပ်ငန်း ကျွမ်းကျင်သူတယောက်ရဲ့ အပြောအရ တရုတ်ခရီးသွားတွေဟာ မူလက စီစဉ်ထားခဲ့တဲ့ သူတို့ရဲ့ ခရီးစဉ်တွေကို နေ့စဉ်လိုလို ဖုန်းဆက်ပြီး ပယ်ဖျက်မှုတွေ လုပ်နေကြတယ်လို့ သိရပါတယ်။

ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ လေကြောင်းလိုင်း၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ကာစီနို စတဲ့ လုပ်ငန်းတွေမှာလည်း ဝင်ငွေထိခိုက်မှုတွေ ရှိနေပါတယ်။ Kamome ခရီးသွားကုမ္ပဏီရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Sho Yamazoe ကလည်း တရုတ်ခရီးသွားတွေဟာ မူလစီစဉ်ထားတဲ့ ခရီးသွားအစီအစဉ်တွေကို ပယ်ဖျက်နေကြတဲ့အတွက် ဝင်ငွေများစွာ ဆုံးရှုံးနေရကြောင်း ထိုင်းနိုင်ငံထုတ် The Nation သတင်းစာနဲ့အင်တာဗျူးမှာ ဖြေထားပါတယ်။

တရုတ်နှစ်သစ်ကူးအချိန်မှာ တရုတ်လူမျိုး သန်းနဲ့ချီပြီး ကမ္ဘာအရပ်ရပ်ကို ခရီးထွက်လေ့ ရှိကြပါတယ်။ ဒီတနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နှစ်သစ်ကူး ပွဲတော်လည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ပဲ ပြီးဆုံးရတော့မလို ဖြစ်နေပါပြီ။ ထိုင်းနိုင်ငံအနေနဲ့လည်း တရုတ်နှစ်သစ်ကူး ကာလအတွင်း ခရီးသွားလုပ်ငန်းကနေ ပုံမှန်ရနေတဲ့ ဝင်ငွေဒေါ်လာ ၁ ဒဿမ ၆ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။

ဒီကနေ့အချိန်ထိတော့ ကိုရိုနာဗိုင်းရပ်စ်ကို ကုသနိုင်တဲ့ဆေးဝါး ထွက်ပေါ်လာတာမျိုး မရှိသေးပါဘူး။ ဒါကြောင့်လည်း နိုင်ငံအချိန်မှာ တရုတ်ခရီးသွားတွေနဲ့ ပတ်သက်ပြီး ကန့်သတ်မှုတချို့ ရှိလာသလို ခရီးသွားလုပ်ငန်းတွေကနေ ပုံမှန်ရရှိနေတဲ့ ဝင်ငွေပေါင်းများစွာ ဆုံးရှုံးနေရပါတယ်။ တရုတ်နိုင်ငံကို သွားရောက် လည်ပတ်ကြမယ့် ခရီးသွားတွေအနေနဲ့လည်း သူတို့ခရီးစဉ်တွေကို ပြန်လည် ဖျက်သိမ်းနေကြပါတယ်။

Ref. timesofindia, foxnews

ou may also like these stories:

အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုဒုတိယအများဆုံးနိုင်ငံ ဖြစ်လာတဲ့ ထိုင်းနိုင်ငံ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Donnie Yen ရဲ့ ရုပ်ရှင်ရိုက်ကွင်း ရပ်နားခဲ့ရ

Did you find apk for android? You can find new Free Android Games and apps.
Loading