ဒီကနေ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာကိုခြိမ်းခြောက်နေတဲ့ ကူးစက်ရောဂါတမျိုး ဖြစ်လာပါပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေနဲ့လည်း ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ဟာ ပေါ့ဆလို့ မရတဲ့ ရောဂါ အမျိုးအစားတခုပါ။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှု ၂၀၀ ကျော်သွားပြီဖြစ်သလို နိုင်ငံတကာကို လည်ပတ်နေကြတဲ့ တရုတ်ခရီးသွား အရေအတွက်ကလည်း ကျဆင်းသွားခဲ့ပါတယ်။
ပုံမှန် အခြေအနေအရဆိုရင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ကို လာရောက်တဲ့ တရုတ်ခရီးသွား အရေအတွက်က နေ့စဉ် ၆ ထောင်နီးပါး ရှိခဲ့ပါတယ်။ အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့နေမှုကြောင့် ချင်းမိုင်မြို့ကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက်ကလည်း ကျဆင်းသွားတယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့အတွက် ချင်းမိုင်မြို့ကို လာရောက် လည်ပတ်ဖို့ စီစဉ်ထားကြတဲ့ တရုတ်ခရီးသွားတွေ အနေနဲ့ နဂိုမူလ စီစဉ်ထားတဲ့ ခရီးသွား အစီအစဉ်တွေကို ဖျက်သိမ်းခဲ့ကြပါတယ်။
ထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ချင်းမိုင်မြို့ကို လာရောက်ကြတဲ့ တရုတ်ခရီးသွား အရေအတွက်က ၈၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ သိရပါတယ်။ ချင်းမိုင်အပြည်ပြည်ဆိုင်ရာ လေဆိပ်အနေနဲ့လည်း ဗိုင်းရပ်စ် ကူးစက်မှုနှုန်းများနေတဲ့ ဝူဟန်မြို့နဲ့ တိုက်ရိုက် ပြေးဆွဲနေတဲ့ လေကြောင်းခရီးစဉ် တချို့ကို ယာယီ ရပ်တန့်ထားပါတယ်။
တရုတ်နိုင်ငံရဲ့ တခြားမြို့တွေက လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွားတွေကို လေဆိပ်တွေကနေ စောင့်ကြည့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံကို ရောက်ရှိနေကြတဲ့ တရုတ်ခရီးသွား ၁၀ ရာခိုင်နှုန်းအနေနဲ့လည်း ထိုင်းနိုင်ငံမှာ ရေရှည် ဆက်လက် နေထိုင်ဖို့ ရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက် အနည်းဆုံး ၁၂၃ ယောက် ရှိနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်နေတဲ့အတွက် တရုတ်နိုင်ငံသား ဝင်ရောက်မှုကို ခေတ္တ ရပ်နားပေးထားဖို့ အဆိုပြုထားတာမျိုး ရှိပေမယ့် တရားဝင် ကြေညာထားတာမျိုးတော့ မရှိသေးပါဘူး။ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ဌာနအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး မနက်ဖြန်မှာ တရုတ်ခရီးသွား ဝင်ရောက်မှု ယာယီဆိုင်းငံ့ပေးထားဖို့ ဆွေးနွေးသွားမယ်လို့ သိရပါတယ်။
Ref: Chiangraitimes
You may also like these stories:
ဝူဟန်မြို့က တရုတ်ခရီးသွား ၃၀၀၀ ကျော် ကမ္ဘောဒီးယားနိုင်ငံအတွင်းမှာပဲ ရှိနေသေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ဆုံးရှုံးနစ်နာ
၂၀၁၉ ခုနှစ်အတွင်း ဂျပန်လူငယ် ၃ ဒဿမ ၂၇ သန်း တောင်ကိုရီးယားနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့