Travel

ထိုင်းကို လာလည်မယ့် ခရီးသွားများ ကျန်းမာရေး ထောက်ခံချက် ပြရန် လိုအပ်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တကမ္ဘာလုံးမှာ ဒုက္ခတွေ များပြားလာပါတယ်။ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံအချို့မှာ စက်ရုံတွေ ပိတ်ရတဲ့အထိ ဖြစ်လာတဲ့အတွက် အလုပ်လက်မဲ့ ပြဿနာတွေလည်း ဖြစ်ပေါ်လာနေပါတယ်။

ထိုင်း အာဏာပိုင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြန်ဆန်နေတဲ့ တရုတ်၊ တောင်ကိုရီးယား၊ အီတလီ၊ အီရန်၊ မကာအို၊ ဟောင်ကောင် စတဲ့ ဒေသတွေကနေ ထိုင်းနိုင်ငံကို လာရောက်ကြမယ့် ခရီးသွားတွေမှာ ကျန်းမာရေး ထောက်ခံချက် လိုအပ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကျန်းမာရေး ထောက်ခံချက် မပါခဲ့ရင် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်ခွင့် မပေးဘူးလို့လည်း သိရပါတယ်။

ထိုင်းနိုင်ငံ ကျန်းမာရေးအာဏာပိုင်တွေရဲ့ ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၅၀ နီးပါးရှိနေပြီး ၃၃ ယောက်ကတော့ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့ပြီး ၁၆ ယောက် ဆေးကုသမှု ဆက်လက် ခံယူနေသလို ၁ ယောက် သေဆုံးခဲ့ပါတယ်။

အီရန်နိုင်ငံက ပြန် လာခဲ့တဲ့ ထိုင်းကျောင်းသား တယောက်မှာလည်း ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့အတွက် သူနဲ့ ပတ်သက်ခဲ့တဲ့ လူပေါင်း ၁၅၇ ယောက်ကို ကျန်းမာရေးစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီကနေ့ မနက်ခင်းပိုင်း ထုတ်ပြန်ထားတဲ့စာရင်းတွေအရ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၁၁၄,၄၃၀ ရှိနေပြီး ၄,၀၂၇ ယောက် သေဆုံးခဲ့ပါတယ်။ ရောဂါကူးစက်ခံနေရသူ ၆၄,၀၉၃ ကတော့ ကျန်းမာရေးပြန်လည် ကောင်းမွန်လာခဲ့တယ်လို့ သိရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းမြန်ဆန်နေတဲ့ နိုင်ငံက ခရီးသွားတွေအနေနဲ့ ကျန်းမာရေး ထောက်ခံစာကို လေဆိပ်မှာကတည်းက တင်ပြရမှာဖြစ်ပြီး ရောဂါလက္ခဏာ တွေ့ရှိသူတွေအနေနဲ့လည်း မဖြစ်မနေ ဆေးကုသမှုခံယူရမယ်လို့ ထိုင်းအာဏာပိုင်တွေက ကြေညာထားပါတယ်။

ရေကြောင်းညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Withaya Yamuang ကလည်း ရေကြောင်းလမ်းကနေ ဝင်ရောက်လာမယ့် ခရီးသွားတွေအနေနဲ့လည်း ကျန်းမာရေးထောက်ခံစာ ပြသဖို့ လိုအပ်ကြောင်း ကြေညာခဲ့ပါတယ်။ သင်္ဘောသားတွေအနေနဲ့လည်း ကျန်းမာရေးထောက်ခံစာ လိုအပ်တယ်လို့ သိရပါတယ်။

ကျန်းမာရေးထောက်ခံစာ တင်ပြဖို့ စည်းကမ်းအား ဖောက်ဖျက်သူတွေအနေနဲ့ ထိုင်းဘတ် ၁၀၀၀ နဲ့ ၁၀၀၀၀ ကြား ဒဏ်ငွေ ပေးဆောင်ရမယ်လို့ သိရပါတယ်။

Ref: chiangraitimes

You may also like these stories:

ကိုရိုနာကြောင့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို ကာတာနိုင်ငံ ပြည်ဝင်ခွင့် ယာယီပိတ်ပင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီမှာ အသွားအလာများ ပိတ်ပင်ကန့်သတ်

ကိုရိုနာဗိုင်းရပ်ကြောင့် အာရှလေကြောင်းလိုင်းများ ဆိုးရွားစွာ အထိနာ

Loading