ကိုရိုနာဗိုင်းရပ်စ်ဟာ တကမ္ဘာလုံးရဲ့ ခရီးသွားလုပ်ငန်းတွေကို ထိခိုက်နစ်နာစေပါတယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ ဧည့်လမ်းညွှန်တွေ၊ ဟိုတယ်နဲ့ စားသောက်ဆိုင်တွေဟာ ခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
ချင်းမိုင်းမြို့ရဲ့ ဆင်စခန်းတွေကိုလည်း ခရီးသွားလုပ်ငန်း ကျဆင်းမှုကြောင့် ပိတ်ပစ်လိုက်ရပါတယ်။ ဆင်ပေါင်း ၁၀၀၀ ကျော်ရှိတဲ့ ဆင်စခန်းတွေမှာ ဝန်ထမ်းပေါင်း ၅၀၀၀ ကျော် ရှိပါတယ်။ အခုတော့ ဝန်ထမ်းပေါင်း ၅၀၀၀ ကျော်လည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါပြီ။
Mae Taeng ဆင်ခစန်းရဲ့ အမှုဆောင်ဥက္ကဋ္ဌနဲ့ ပြောခွင့်ရဖြစ်သူ Boonthachai Lert ကလည်း ချင်းမိုင်မြို့မှာ ဆင်စခန်း ၉၄ ခုရှိတဲ့အနက် ၈၅ ခုကို ပိတ်ပစ်လိုက်ရပြီလို့ ပြောပါတယ်။ အခုလို လုပ်ငန်းတွေကို ဖြတ်တောက် ပစ်နေရတဲ့အတွက် ဝင်ငွေ ဘတ် ၆ ဘီလီယံလောက် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေပါတယ်။
Boonthachai Lert ရဲ့ဆင်စခန်းကို နေ့စဉ် လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားပေါင်း ၁၀၀၀ ကျော် ရှိပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားပြီးနောက်မှာတော့ ခရီးသွားအရေအတွက်က ၅၀ အောက် နည်းသွားပြီး သူရဲ့စီးပွားရေးလုပ်ငန်းကလည်း ပြိုကွဲသလောက်ဖြစ်သွားပါပြီ။ ဒါကြောင့်လည်း ဝန်ထမ်းတွေကို နာရီနဲ့အမျှ လျှော့ချနေရတယ်လို့ သူက ပြောပါတယ်။
နောက်လအထိ အခုလိုပဲဆက်ပြီးဖြစ်နေမယ်ဆိုရင်တော့ သူ့ရဲ့ ဆင်စခန်းကို ပိတ်ပစ်ရုံကလွဲပြီး တခြားရွေးချယ်စရာ မရှိတော့ဘူးလို့ သူက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ထိုင်းနိုင်ငံမှာကျင်းပဖို့ရှိနေတဲ့ ဆုမ်ခရမ်ပွဲတော်ကိုလည်း အကျိုးသက်ရောက်မှု ရှိလာပါတယ်။ ချင်းမိုင်မြောက်ပိုင်း ပြည်နယ်မြို့တော်ဝန်ကလည်း ဧပြီလမှာ ကျင်းပမယ့် ဆုမ်ခရမ်ပွဲတော်ကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အခုလို ဆုံးဖြတ်လိုက်တာကလည်း ကိုရိုနာဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ အတွက်ပါ။
မြို့တော်ဝန် Tasanai Buranupakorn က “ဆုမ်ခရမ်ပွဲတော်ဟာ လူစုလူဝေးနဲ့ ကျင်းပရတဲ့ ပွဲတော်တခုပါ။ အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဆုမ်ခရမ်ပွဲတော်ကို မကျင်းပဖို့ ဆုံးဖြတ်လိုက်ပေမယ့် ရိုးရာ အလှအပတွေကိုတော့ ပြသသွားမယ်”လို့ ပြောပါတယ်။
Ref: chiangraitimes
You may also like these stories:
ကိုရိုနာဗိုင်းရပ် ပူပန်မှုများကြောင့် နိုင်ငံတော်အတိုင်ပင်ခံ၏ ခရီးစဉ် ဝေဖန်ခံရ
လူစုလူဝေးပွဲများ ရွှေ့ဆိုင်းရန် အစိုးရဌာနများကို ကျန်းမာရေးဝန်ကြီးဌာန စာပို့