• English
Saturday, May 17, 2025
No Result
View All Result
NEWSLETTER

32 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

သူဌေးကျွန်းနှင့် ရတနာကျွန်းများ ခရီးသွားခွင့် ရက်အကန့်အသတ်မရှိ ပိတ်

by လဲ့လဲ့
31 March 2020
in Travel
A A
သူဌေးကျွန်း  / Wikitravel

သူဌေးကျွန်း / Wikitravel

10.8k
VIEWS
Share on FacebookShare on Twitter

တနင်္သာရီတိုင်းဒေသကြီး အတွင်းရှိ ထိုင်း – မြန်မာ နယ်စပ် ကော့သောင်းခရိုင် သူဌေးကျွန်း နှင့် ရတနာကျွန်းအား Covid-19 ကာကွယ်ရေး အတွက် မတ်လ ၃၀ ရက်မှစ၍ ခရီးသွားလာခွင့် ရက်အကန့်အသတ် မရှိ ပိတ်လိုက်ပြီဟု တနင်္သာရီတိုင်း ဒေသကြီး လူမူရေးဝန်ကြီး ဦးဟိုပင်က ပြောသည်။

ကော့သောင်းမြို့တွင် ကျွန်းများသို့ နေ့ချင်းပြန်ခရီးစဉ်များရှိသလို သူဌေးကျွန်းတွင် ကာစီနိုရုံ များရှိပြီး ရတနာ ကျွန်း၌ လည်း ခရီးသွားအပန်းဖြေသူများ လာရောက်ကြကြောင်း၊ ထိုကျွန်း များသို့ ထိုင်းနိုင်ငံနှင့် ဥရောပ နိုင်ငံများမှ ခရီးသွား များ လာရောက် လည်ပတ်မှုများကြောင်း သိရသည်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
150
ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

17 May 2025
756
လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

လှိုင်သာယာ အလုပ်သမားဆန္ဒပြမှု ဆက်လက်ဖြစ်ပွားနေ (ရုပ်/သံ)

16 May 2025
71

တနင်္သာရီတိုင်းဒေသကြီး လူမူရေးဝန်ကြီး ဦးဟိုပင်က“အဲဒီကျွန်းတွေပေါ်မှာ လုပ်ငန်းလိုအပ်ချက် အရ ခေါ်ထားတဲ့ နိုင်ငံခြားသား ဝန်ထမ်းတွေရှိတယ်။ အများဆုံးကတော့ ထိုင်းနိုင်ငံသားတွေပေါ့။ နိုင်ငံခြားသား ဝန်ထမ်းက ရာဂဏန်း လောက်ရှိတယ်။ ခရီးသွားလုပ်ငန်းက ပိတ်လိုက်တာပါ။ ဗိုင်းရပ်စ်ကာကွယ်ရေး အတွက်ပေါ့။ အခုက ထိုင်းနဲ့နီးတဲ့ ကျွန်းတွေကို ပိတ်လိုက်တာ။ ကျန်တာပြည်တွင်း ခရီးသွားတွေပဲ။ အခုလည်း မလာကြတော့ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

ကော့သောင်းခရိုင်အတွင်းရှိ သူဌေးကျွန်းပေါ်၌ တည်ဆောက်ထားသည့် Grand Andaman Hotel၊ ရတနာကျွန်း ပေါ်ရှိ Victoria Entertainment Resort ဟိုတယ်များရှိ ထိုင်းအလုပ်သမားများ နေရပ်ပြန်နိုင်ရေး အတွက် နှစ်ဖက် နိုင်ငံမှ သက်ဆိုင်ရာ တာဝန်ရှိသူများ ဆွေးနွေးကြောင်း သိရသည်။

အဆိုပါကျွန်းရှိ ဟိုတယ် ဝန်ထမ်းတဦးက“နာမည်ကြီးကျွန်း၂ကျွန်းဖြစ်တဲ့ သူဌေးကျွန်း၊ ရတနာ ကျွန်းပေါ်မှာ အလုပ် လုပ်နေတဲ့ ဝန်ထမ်းတွေကိုကျတော့ ဒီနေ့စပြီး အလုပ်မဆင်းခိုင်းတော့တာ။ မြို့ပေါ် ပြန်ပို့ပေးတယ်။ ကျွန်းကို လာကြ မယ့် သူတွေအတွက်လည်း အဝင်အထွက်တွေ ပိတ်လိုက်ပါပြီ”ဟု ပြောသည်။

ညောင်ဦးဖီ
ညောင်ဦးဖီးကျွန်း (lifeoutloudofficial)

ကော့သောင်းတွင် ကိုရိုနာဗိုင်းရပ်စ် (Covid-19) ကာကွယ်ရေးအတွက် ပညာပေးပိုစတာ ကပ် ခြင်း၊ နိုင်ငံခြားသားများ အတွက် သတိပေးချက်များ ထုတ်ပြန်ခြင်း၊ ကျန်းမာရေးအတွက် နိုင်ငံ အတွင်း ဝင်ရောက်လာသည့် နိုင်ငံခြားသားများ အား စစ်ဆေးပေးခြင်းများ ပြုလုပ်လျက် ရှိကြောင်း ကော့သောင်းခရိုင် Covid 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အဖွဲ့ ထံမှ သိရသည်။

ကော့သောင်းခရိုင် ဆေးရုံအုပ် ဒေါက်တာ ခင်ဇော်က“ကျနော်တို့က မတ်လ ၂၅ ရက်နေ့နောက် ပိုင်းမှာ ဘယ်နိုင်ငံက ဝင်လာတဲ့သူဖြစ်ဖြစ် မနက်သွားညနေပြန် အလုပ်ဆင်းတဲ့သူတွေအတွက် Quarantine ၁၄ ရက်လုပ်ဖို့ အမိန့်ထုတ် ထားပါတယ်။ လက်ရှိ တမြို့နယ်လုံး Home Quarantine စောင့်ကြည့်လူနာ ၂၀၀ ကျော်သွားပြီ”ဟု ပြောပြသည်။

ကော့သောင်းမြို့တွင် Covid-19 မဖြစ်ပွားစေရေးအတွက် နိုင်ငံခြားမှ ပြန်လည် ဝင်ရောက် လာ သော လူများကို Home Quarantine အဖြစ် ၁၄ ရက် ရောဂါစောင့်ကြည့်နေစဉ် ကာလအတွင်း နေအိမ်ပြင်ပသို့ ထွက်ခွာခြင်း၊ မိသားစုဝင်များ နှင့် အတူ နေထိုင်ခြင်း၊ အခြားသူများနှင့် ပြောဆိုဆက်ဆံခြင်း မပြုလုပ်ကြရန်၊ KTV၊ မာဆတ်၊ စင်တင် တေးဂီတဆိုင် များ ယာယီပိတ်သိမ်း ဆောင်ရွက်သွားရန်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဘီယာဆိုင် အရက်ဆိုင် များတွင် ဆိုင်အတွင်းစားသုံးခြင်း မပြုရန် ကော့သောင်းခရိုင် မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက မတ်လ ၂၆ ရက်နေ့ တွင် တားမြစ်လိုက်သည်။

အဆိုပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထိုဒေသန္တရအမိန့်သည် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၃၀ ရက်နေ့အထိ အတည်ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။

ကော့သောင်းခရိုင် အတွင်းရှိ သူဌေးကျွန်း၊ ရတနာကျွန်း၊ ခရင်းခွကျွန်း၊ ညောင်ဦးဖီးကျွန်း၊ ဝအလယ်ကျွန်း၊ ၁၁၅ ကျွန်း၊ ငထင်ညိုကြီးကျွန်း များနှင့် လိုဏ်ဂူကျွန်းများသို့ ပြည်တွင်းပြည်ပ ခရီးသွား အများဆုံးသွားရောက် လည်ပတ်လေ့ ရှိကြောင်း သိရသည်။

Your Thoughts …
Tags: COVID-19ကော့သောင်းထိုင်းနိုင်ငံ
လဲ့လဲ့

လဲ့လဲ့

ဧရာဝတီ

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

ပိုင်ရှင် ဖမ်းဝရမ်းထုတ်ခံရပြီးနောက် သူဌေးကျွန်းဟိုတယ် အကန့်အသတ်မရှိ ပိတ်

by ဧရာဝတီ
6 February 2024
8.7k

လက်ရှိတွင် သံသယရှိသူများ၏ နေအိမ်များကို ဝင်ရောက်စစ်ဆေးပြီး တရာခံများကို ရှာဖွေကာ၊ ပိုင်ဆိုင်မှုများဖြစ်သည့် ဇိမ်ခံကားများ၊ အသုံးအဆောင်ပစ္စည်းများ၊ လက်ဝတ်ရတနာများ အပါအဝင် လက်နက်များကိုပါ သက်သေအဖြစ် သိမ်းဆည်းခဲ့ကြောင်း

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

သူဌေးကျွန်း ဟိုတယ်ပိုင်ရှင်၏ ညီ စစ်ကြောရေး၌ သေဆုံး

by ဧရာဝတီ
12 February 2024
7.8k

၎င်းသည် ဖေဖေါ်ဝါရီ ၂ ရက်နေ့အထိ ရန်ကုန်မြို့တွင် ရှိနေပြီး မိတ်ဆွေများက ကော့သောင်းသို့ မပြန်ရန် ပြောသော်လည်း ယင်းအမှုကိစ္စမှာ ၎င်းနှင့် သက်ဆိုင်ခြင်းမရှိဟု ယုံကြည်သလို တနင်္သာရီဒေသ၌ လုပ်ငန်းရှင် မြို့မျက်နှာဖုံးတဦးအဖြစ် လူသိများကာ အုပ်ချုပ်ရေးပိုင်းနှင့်လည်း သင့်မြတ်သဖြင့်...

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

Next Post
SSPP တပ်ဖွဲ့ဝင်တဦး ပိုးသတ်ဆေးဖြန်းနေစဉ် / SSPP Info

SSPP ထိန်းချုပ်ဒေသတွင် နိုင်ငံခြားပြန် ၁၀၀ ခန့် ရှိသဖြင့် ဗိုင်းရပ်စ် ပါလာမည်ကို စိုးရိမ်နေ

သေဆုံးသူ နေထိုင်ရာ မဂ်လာတောင်ညွန့်နေအိမ် / အောင်ကျော်ထက် / ဧရာဝတီ

COVID-19 ရောဂါပိုးတွေ့လူနာ ဝေဘာဂီဆေးရုံကြီးတွင် ကွယ်လွန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

5 days ago
7.2k
ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

7 days ago
7.5k

Most Read

  • မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    မန္တလေးစည်ပင်ကြောင့် ငလျင့်သင့်အိမ်များပြင်ရန် အခက်ကြုံ

    shares
    Share 0 Tweet 0
  • ဖိလစ်ပိုင်ရွေးကောက်ပွဲက ဒူတာတေး နိုင်ငံရေးဆက်ရှင်သန်ရန် အခွင့်အလမ်းပေး

    shares
    Share 0 Tweet 0
  • မြို့ ၅ မြို့ ပြန်မပေးလို့ စစ်ကောင်စီ ဗုံးကြဲနေသလား

    shares
    Share 0 Tweet 0
  • ချင်းညီနောင်ရဲ့ တပ်မတော်တခုတည်း အိပ်မက် ဘယ်လောက်ဖြစ်နိုင်လဲ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate