Travel

လေကြောင်းလိုင်းတွေအတွက် စည်းကမ်းချက်အသစ်တွေ

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ မေလ ၁ ရက်နေ့မှာ လေကြောင်းလိုင်းတွေကို ပြန်ဖွင့်ပေးမှာ ဖြစ်တဲ့အတွက် ကောင်းကင်ကို ပျံတက်ပျံသန်းခွင့် ခရီးစဉ်တွေကို ပြန်လည်ခွင့်ပြုမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလိုကြားလိုက်ရလို့ သိပ်ပြီးဝမ်းသာမနေကြပါနဲ့ဦး။ ကိုဗစ်ရဲ့ အန္တရာယ် ရှိသေးတဲ့အတွက် စည်းကမ်းအသစ်တွေ ချမှတ်လုပ်ဆောင်မှာ ဖြစ်တယ်လို့ Civil Aviation Authority of Thailand (CAAT) က ပြောဆို ညွှန်ကြားထားပါတယ်။

ခရီးသည်တွေရဲ့ ထိုင်ခုံတွေမှာ၊ ကြားမှာ ထိုင်ခုံအလွတ် ပေးထားဖို့က ပထမဆုံး စည်းကမ်းပဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သုံးယောက်တန်း ထိုင်ခုံမှာ အလယ်ခုံကိုမထိုင်ဘဲ လွတ်ပေးထားတာမျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ခရီးသည်တွေအားလုံး Mask ဝတ်ရမှာ ဖြစ်ပါတယ်။ “အားလုံး Mask ဝတ်ကြပါ” ဆိုတာကို လေယာဉ်မောင်တွေ လေယာဉ်မယ်တွေက လေယာဉ်မထွက်ခင် ကြေညာမလား … ဒါကိုတော့ မသိရသေးပါ။

ထိုင်းနိုင်ငံတွင်း ပျံသန်းနေတဲ့ လေကြောင်းလိုင်းတွေကတော့ Mask တပ်ဆင်ရေးကို စည်းကမ်းချက်ထဲသွင်းဖို့ သေချာနေပါပြီ။ ထိုင်းမှာ Thai Airways International, Thai Smile, Thai Air Asia, Nok Air နဲ့ Bangkok Airways တို့ဟာ သူတို့ရဲ့ လေကြောင်းလိုင်းတွေကို ရပ်နားထားတာ ဖြစ်ပါတယ်။

အဲဒီအထဲက လေကြောင်းလိုင်း ၄ လိုင်းကတော့ မေလ ၁ ရက်ကစပြီး ပြည်တွင်းခရီးစဉ်တွေ ပြန်လည်ပြီး ဆွဲမယ်လို့ ဘန်ကောက်ပို့စ် သတင်းစာရဲ့အဆိုအရ သိရပါတယ်။

နိုင်ငံတကာ ခရီးစဉ်တွေကိုတော့ ဆက်ပြီးရပ်ထားဦးမယ်လို့ သိရပါတယ်။ (ခရီးစဉ်အတွင်း အစားအသောက် ကျွေးမယ်၊ မကျွေးဘူး ဆိုတာကလည်း ဆုံးဖြတ်မှာ ဖြစ်ပါတယ်)။

ပြည်တွင်းခရီးစဉ်တွေအတွက် လေယာဉ်နှုန်းခ အပြောင်းအလဲကိုလည်း စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ နိုင်ငံပိုင်း Thai Airways က ကိုဗစ်မတိုင်ခင်ကတည်းက အရှုံးပေါ်နေတဲ့ လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။

You may also like these stories:

ဖိလစ်ပိုင်မှာ ဆေးဝါးတင်ပို့တဲ့ လေယာဉ် ပျက်ကျပြီး လိုက်ပါသူ ၈ ဦး သေဆုံး

အစိမ်းရောင် Mask ဖြင့် H1N1 မကာကွယ်နိုင်ဟု ပြောကြား

Did you find apk for android? You can find new Free Android Games and apps.
Loading