ဗီယက်နမ်နိုင်ငံဟာ COVID-19 အကြပ်အတည်း ကာလကို အတိုင်းအတာတခုအထိ ကျော်လွန်နိုင်ခဲ့တဲ့ နိုင်ငံ တနိုင်ငံပါ။ တကမ္ဘာလုံး COVID-19 ကပ်ရောဂါဆိုးကြီးကြောင့် လူသေဆုံးမှုတွေ ဖြစ်နေတဲ့အချိန်မှာ ဗီယက်နမ်နိုင်ငံမှာ လူသေဆုံးမှု မရှိခဲ့သလို ကူးစက်ခံရသူ အရေအတွက်ကလည်း ၂၇၀ သာ ရှိခဲ့ပါတယ်။
ပြန်လည် ကျန်းမာလာသူ အရေအတွက်ကတော့၂၂၅ ယောက် ရှိခဲ့ပါတယ်။ ပြန်လည် ကျန်းမာလာသူတွေထဲက တချို့မှာလည်း Positive လက္ခဏာတွေ ပြန်ပြနေတယ်လို့ သိရပါတယ်။
အရှေ့တောင်အာရှမှာ COVID-19 ကူးစက်ခံရမှု အနည်းဆုံးနိုင်ငံကတော့ လာအိုနိုင်ငံ ဖြစ်ပါတယ်။ လာအိုနိုင်ငံမှာ လူ ၁၉ ယောက်သာ ရောဂါကူးစက်ခံခဲ့ပြီး သေဆုံးမှု မရှိခဲ့ပါဘူး။ ဒါကြောင့်လည်း လက်ရှိအချိန်ထိတော့ အရှေ့တောင် အာရှနိုင်ငံတွေထဲမှာ လာအိုနဲ့ ဗီယက်နမ်နိုင်ငံဟာ COVID-19 ကြောင့် လူသေဆုံးမှု မရှိတဲ့ နိုင်ငံတွေအဖြစ် မှတ်တမ်းဝင်နေပါတယ်။
အရှေ့တောင်အာရှမှာ COVID-19 ကြောင့် လူသေဆုံးမှု အများဆုံးနိုင်ငံကတော့ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး ၇၇၃ ယောက် သေဆုံးခဲ့ပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်းမှာတော့ ဗီယက်နမ်နိုင်ငံက လေကြောင်းလိုင်းအများစုဟာ ပြည်တွင်းခရီးစဉ်တွေကို စတင် ပြေးဆွဲလာခဲ့ကြပါတယ်။ ဒါကြောင့်လည်း ပြည်တွင်းလေကြောင်းလိုင်းတွေအတွက် မျှော်လင့်ချက်တွေ ဖြစ်လာပါတယ်။ Flight Global ရဲ့ အစီရင်ခံစာမှာလည်း ဗီယက်နမ်လေကြောင်း လိုင်းတွေဟာ ပြည်တွင်းခရီးစဉ်တွေကို ပြန်လည် ပြေးဆွဲနေပြီလို့ ဖော်ပြထားပါတယ်။
Vietnam Airlines အနေနဲ့လည်း ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော်ကို တရက် ၈ ကြိမ် နေ့စဉ် ပျံသန်းပေးနေတယ်လို့ သိရပါတယ်။ မေလမှာတော့ နောက်ထပ် ပြည်တွင်း လေကြောင်းခရီးစဉ်တွေကို တိုးချဲ့ ပျံသန်းသွားမယ်လို့ သိရပါတယ်။ Vietnam Airlines ဟာ တန်ဖိုးနည်း လေကြောင်းလိုင်း တလိုင်းလည်း ဖြစ်ပါတယ်။
နောက်ထပ် တန်ဖိုးနည်းလေကြောင်းလိုင်း တလိုင်းတော့ VietJet လေကြောင်းပါ။ VietJet လေကြောင်းလိုင်း အနေနဲ့လည်း ဟနွိုင်းနဲ့ ဟိုချီမင်းမြို့တော်ကို တရက် ၆ ကြိမ် နေ့စဉ် ပုံမှန် ပျံသန်းပေးလျက် ရှိနေပါတယ်။
Bamboo လေကြောင်းလိုင်းကလည်း တရက်ကို ၄ ကြိမ် နေ့စဉ်ပုံမှန် ပျံသန်းပေးနေတယ်လို့ သိရပါတယ်။ ဗီယက်နမ်နိုင်ငံရဲ့ မြို့တွေဖြစ်တဲ့ Da Nang ၊ Hue ၊ Vinh နဲ့ တခြားမြို့တွေကိုလည်း နေ့စဉ်ပုံမှန်ပြေးဆွဲပေးနေပါတယ်။
ပြည်တွင်း လေကြောင်းခရီးစဉ်မှာ လိုက်ပါကြမယ့် ခရီးသည်တွေအားလုံးဟာ လေယာဉ်ပေါ်မှာ Mask တပ်ထားရမှာ ဖြစ်သလို မြေပြင်ပေါ်ရောက်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ အကွာအဝေးအတိုင်းသာ သွားလာနေထိုင်ရမယ်လို့ သိရပါတယ်။ တင်းကြပ်တဲ့ Lockdown ကာလ ပြီးဆုံးသွားတဲ့နောက်မှာ ဗီယက်နမ်နိုင်ငံရဲ့ ပြည်တွင်းလေကြောင်းဈေးကွက်က တိုးတက်မှုတွေ ရှိလာပါတယ်။
လွန်ခဲ့တဲ့နှစ် အနည်းငယ်ကစလို့ ဗီယက်နမ်နိုင်ငံရဲ့ လေကြောင်းဈေးကွက်က ပိုမို ကြီးထွားလာခဲ့ပါတယ်။ လေကြောင်းလိုင်းအများစုကလည်း တန်ဖိုးနည်းလေကြောင်းလိုင်းတွေ ဖြစ်တဲ့အတွက် နိုင်ငံတကာ ခရီးသွားတွေ ပိုမိုနှစ်ခြိုက်ကြတယ်လို့ သိရပါတယ်။ ဒါပေမဲ့ COVID-19 ကြောင့် နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။
Ref. simpleflying
You may also like these stories:
ထိုင်းအစိုးရက နိုင်ငံခြားသားများကို ဇူလိုင်လကုန်အထိ ဗီဇာသက်တမ်း တိုးပေး
လေကြောင်းလိုင်းတွေအတွက် စည်းကမ်းချက်အသစ်တွေ
နိုင်ငံတကာခရီးသွားများစွာ အာရှနိုင်ငံတွေမှာ သောင်တင်နေ