• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ထိုင်းပြည်တွင်းလေကြောင်းလိုင်းများ ပြန်လည် ပြေးဆွဲပြီ

by ညီညီသူ
2 May 2020
in Travel
A A
ထိုင်းနိုင်ငံမှာ ပြေးဆွဲနေတဲ့ AirAsia လေကြောင်းလိုင်း

ထိုင်းနိုင်ငံမှာ ပြေးဆွဲနေတဲ့ AirAsia လေကြောင်းလိုင်း

12.4k
VIEWS
Share on FacebookShare on Twitter

ထိုင်းနိုင်ငံမှာ မေလ ၁ ရက်နေ့က စတင်ပြီး ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေကို စတင် ပြန်လည် ပြေးဆွဲခဲ့ပြီး ထိုင်းအစိုးရက လေကြောင်းလိုင်းတွေနဲ့ ခရီးသည်တွေ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။

အရေးအကြီးဆုံးအချက်ကတော့ လေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ခရီးသည်တွေဟာ အချိန်ပြည့် Mask တပ်ထားရမှာဖြစ်ပြီး လေယာဉ်ပေါ်မှာ အစားအသောက် စားသောက်ခြင်းကိုလည်း တားမြစ် ထားပါတယ်။ Mask မတပ်တဲ့ ခရီးသည်တွေကို လိုက်ပါ စီးနင်းခွင့် လုံးဝပေးမှာ မဟုတ်ဘူးလို့ လမ်းညွှန်ချက်မှာ ဖော်ပြထားပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
534
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
233
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
774

လေကြောင်းလိုင်းတွေအနေနဲ့ ခရီးသည် တယောက်နဲ့ တယောက်ကြား ထိုင်ခုံ အလွတ်တခုံကို စီစဉ်ပေးထားရပါမယ်။ တဦးနဲ့တဦး နီးနီးကပ်ကပ် ထိုင်နေမယ်ဆိုရင် ရောဂါကူးစက်မှုတွေ ရှိလာနိုင်တဲ့အတွက် အခုလို ခုံလွတ် တခုံခြားပြီး ထိုင်စေတာလို့ သိရပါတယ်။ စင်းလုံးငှား လေယာဉ်တွေကို ထိုင်ခုံ ၉ ခုံ ခွင့်ပြုထားပြီး ခရီးသည်တင် လေယာဉ်တွေအနေနဲ့လည်း ထိုင်ခုံ ၉၀ ထက် မပိုရဘူးလို့ လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

လေဆိပ်ကနေ ထွက်ခွာသွားတဲ့ လေယာဉ်တွေအနေနဲ့ ခရီးသည်တွေကို အထွက်မှာ ကိုယ်အပူချိန် တိုင်းတာတာမျိုး မလုပ်ခဲ့ရင် အဆင်းမှာတော့ လုပ်ဆောင်ရပါလိမ့်မယ်။ ခရီးသည် တယောက်ယောက်ရဲ့ ကိုယ်အပူချိန်က ၃၇ ဒဿမ ၃ ဒီဂရီဆဲလ်စီးယပ်စ် ကျော်လွန်ပြီး ချောင်းဆိုးနေတာ၊ လည်ချောင်းနာပြီး အသက်ရှူရခက်ခဲနေတာ စတဲ့ လက္ခဏာတွေ တွေ့ခဲ့ရင် လေကြောင်းလိုင်းတွေအနေနဲ့ အချိန်မဆွဲဘဲ ကျန်းမာရေးဌာနကို ချက်ချင်း ပို့ဆောင်ပေးရပါမယ်။

အန္တရာယ်ရှိနိုင်တဲ့ ခရီးသွားတွေကိုလည်း လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်စီးနင်းခွင့် မပေးရဘူးလို့ လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ လေကြောင်းလိုင်းတွေအနေနဲ့ လေယာဉ်ပေါ်ပါလာတဲ့ခရီးသည်တွေကို အစားအသောက် ကျွေးမွေးတာမျိုး လုံးဝ မလုပ်ရပါဘူး။ အရေးပေါ် အခြေအနေ ဖြစ်လာတော့မှသာ လေယာဉ်အမှုထမ်း တယောက်က ခရီးသည်ကို ရေတိုက်တာမျိုး ပြုလုပ်နိုင်ပါတယ်။

ဒီလိုပြုလုပ်တဲ့အခါမှာလည်း တခြား ခရီးသည်တွေ နဲ့ ဝေးရာသွားပြီး ပြုလုပ်ရပါမယ်။ လေကြောင်းလိုင်းတွေအနေနဲ့ ပိုးသတ် လက်ဆေးဂျယ်လ်တွေကို လည်း အဆင်သင့်ဆောင်ထားဖို့ လိုအပ်ပါတယ်။
လေယာဉ်ပေါ်မှာ ဖျားနာသူ ဒါမှမဟုတ် သံသယလူနာ ပါလာခဲ့ရင် သူ့ကို နောက်ဆုံးတန်း ညာဘက် အခြမ်းက ပြတင်းပေါက်နဲ့ နီးတဲ့ခုံကို ပြောင်းရွှေ့ပေးဖို့ လိုအပ်ပါတယ်။

Quarntine ထားဖို့ လိုအပ်လာရင် နောက်ဘက်မှာရှိတဲ့ အိမ်သာကို အသုံးပြုနိုင်ပြီး လေယာဉ် အမှုထမ်းတယောက်ကို စောင့်ရှောက်ပေးဖို့ ထားပေးရမှာဖြစ်သလို သံသယလူနာနဲ့ စောင့်ရှောက်ပေးတဲ့ လေယာဉ်အမှုထမ်းဟာ ၂ မီတာ အကွာအဝေးမှာပဲ ရှိနေရမယ်လို့ ဖော်ပြထားပါတယ်။

လေယာဉ်မှူးတွေအနေနဲ့လည်း ဒီလိုဖြစ်ရပ်တွေနဲ့ ပတ်သက်ပြီး လေကြောင်း ထိန်းသိမ်းရေးဌာနကို သတင်းပို့ရမှာဖြစ်သလို ဦးတည်ရာ လေဆိပ်ကိုလည်း ကြိုတင်အကြောင်းကြားဖို့ လိုအပ်ပါတယ်။  လေဆိပ်တွေအနေနဲ့လည်း ဝင်ရောက်လာတဲ့ ခရီးသည်အားလုံးကို ကိုယ်အပူချိန် တိုင်းပေးရမှာဖြစ် သလို Mask တပ်ဆင်ထားခြင်း ရှိ၊ မရှိ သေချာစစ်ဆေးရပါမယ်။

Mask မတပ်ထားတဲ့သူ၊ ကိုယ်ပူ ချိန်မြင့်နေတဲ့လူတွေကို လေဆိပ်တွေအနေနဲ့ လုံးဝ ဝင်ခွင့်မပေးဖို့ လမ်းညွှန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

မေလ ၁ ရက်နေ့ကစပြီး Thai Lion လေကြောင်းလိုင်း၊ Thai AirAsia လေကြောင်းလိုင်းနဲ့ Thai Vietjet လေကြောင်းလိုင်းတွေက ပြည်တွင်းခရီးစဉ်တွေကို စတင်ပြေးဆွဲနေပါပြီ။ Thai Lion လေ  ကြောင်းလိုင်းက ဘန်ကောက်ကနေ ချင်းမိုင် ၊ Ubon Ratchathani ၊ Khon Kaen ၊ Surat Thani ၊ Hat Yai နဲ့ Nakhon Si Thammarat စတဲ့မြို့တွေကို ပျံသန်းနေပါပြီ။

Thai AirAsia လေကြောင်းလိုင်းကလည်း ဘန်ကောက်ကနေ ချင်းမိုင် ၊ ချင်းရိုင် ၊ Khon Kaeng ၊ Udon Thani ၊ Ubon Ratchathani ၊ Nakhon Phanmom ၊ Roi Et ၊ Nakhon Si Thammarat ၊ Trang ၊ Surat Thani ကို ပြေးဆွဲနေသလို ချင်းမိုင် – ဟက်ရိုင် ခရီးစဉ်ကိုလည်း ပြေးဆွဲနေပါတယ်။

Thai Vietjet လေကြောင်းလိုင်းကတော့ ဘန်ကောက်ကနေ ဖူးခက် ၊ ချင်းမိုင် ၊ ချင်းရိုင်နဲ့ ကရာဘီကို ပြေးဆွဲနေတယ်လို့သိရပါတယ်။

Ref: Bangkok Post

Your Thoughts …
Tags: ထိုင်းနိုင်ငံလေကြောင်းလိုင်း
ညီညီသူ

ညီညီသူ

Similar Picks:

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

မြန်မာတွေ သတိထား နေထိုင်ကြဖို့ လိုပါမယ်

by ဧရာဝတီ
22 September 2024
13.6k

အခုဆိုရင် နောက်မှရောက်လာကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေနဲ့ ရှေ့ကရှိနေတဲ့ ရှိရင်းစွဲအလုပ်သမားတွေ ကြားမှာတောင် စိတ်ဝမ်းကွဲမှုတွေ ကြားနေရတယ်။ နောက်မှလာတဲ့လူတွေလုပ်လို့ ငါတို့ပါ တင်းကျပ်ခံရတယ်ဆိုတဲ့ အတွေးအခေါ်တွေ ကြားနေရတယ်။ ဒါတွေက မကောင်းတဲ့လက္ခဏာပဲ

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

မြန်မာ ၃ ဦး အသတ်ခံရမှု တရားခံမိပြီဟု ထိုင်းရဲထုတ်ပြန်

by ဧရာဝတီ
18 July 2023
6.5k

လူသတ်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်သူမှာ အသက် ၄၄ နှစ်အရွယ် ထိုင်းနိုင်ငံသား ဖြစ်ပြီး ရာဘာခြံချင်း နီးစပ်သူဖြစ်ကြောင်း သိရသည်။

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

ဖွေ့ထိုင်းပါတီကို လမ်းဖွင့်ပေးရန် ဖိထာအသင့်ရှိ

by ဧရာဝတီ
17 July 2023
4.1k

"Move Forward ပါတီက ကိုယ်စားလှယ်အားလုံးဟာ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းတွေကို ထောက်ခံဖို့ အသင့်ရှိတယ်"

စစ်ခရိုနီပိုင် ကမ္ဘောဇလေကြောင်းကို “မင်္ဂလာ” ဟု အမည်ပြောင်း

စစ်ခရိုနီပိုင် ကမ္ဘောဇလေကြောင်းကို “မင်္ဂလာ” ဟု အမည်ပြောင်း

by ဧရာဝတီ
22 March 2024
3.9k

MAI နှင့် မြန်မာလေတပ်သည် လေယာဉ်များကို မျှဝေသုံးစွဲကြပြီး စစ်ကောင်စီ ခေါင်းဆောင်များသည် လက်နက်ဝယ်ရန် သွားသည့် ရုရှား အပါအဝင် နိုင်ငံတကာ ခရီးစဉ်များအတွက် MAI အမှတ်တံဆိပ်ပါ လေယာဉ်များကို အသုံးပြုသည်။

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

မြန်မာလုပ်သားအား လမ်း၌ပစ်ခဲ့သည့် ထိုင်းအလုပ်ရှင် လူသတ်မှုဖြင့် အမှုဖွင့်ခံရ

by ဧရာဝတီ
14 September 2023
3.3k

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် မြန်မာလုပ်သားအား ဆေး မကုပေးဘဲ လမ်းဘေးရေမြောင်းအတွင်း စွန့်ပစ်ခဲ့ရာ သေဆုံးသွားသဖြင့် အလုပ်ရှင်ကို ဖမ်းဆီး၍ လူသတ်မှုဖြင့် အမှုဖွင့်

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

ထိုင်း၌ ကန့်သတ်လုပ်ငန်း လုပ်ကိုင်၍ မြန်မာ ၃၀၀ ကျော် ဖမ်းဆီးခံရ

by ဧရာဝတီ
23 March 2024
3.1k

ရွှေ့ပြောင်းလုပ်သားများသည် ထိုင်းအစိုးရ ကန့်သတ်ထားသည့် အလုပ်များကို ဘန်ကောက်နှင့် အနီးတဝိုက်နေရာများ၊ ဖူးခက်၊ ကော့စမွေ၊ ပတ္တရားနှင့် ချင်းမိုင်ကဲ့သို့ ခရီးသွားလုပ်ငန်းနေရာများ၌ အများဆုံး လုပ်ကိုင်နေသည်ကို တွေ့ရကြောင်း

Next Post
A Mighty Heart ဇာတ်ကားကို Angelina Jolie နှင့် တွဲဖက်သရုပ်ဆောင်ခဲ့သည်

ဟောလီးဝုဒ်က ချစ်တဲ့ ဘောလီးဝုဒ်စတား

COVID-19 နဲ့ ရင်ဆိုင်ရတဲ့ စစ်ပွဲမှာ တရုတ်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ထိရောက်မှု အရှိဆုံးဖြစ်အောင် ကြိုးပမ်းခဲ့ကြပါတယ်။

COVID-19 ကို တိုက်ထုတ်နိုင်မယ့် နည်းလမ်း တရုတ် မျှဝေ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 day ago
4.5k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate