Travel

ထိုင်းမှာ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စတင်မည်

Want create site? Find Free WordPress Themes and plugins.

လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကတည်းက ထိုင်းနိုင်ငံရဲ့စီးပွားရေးကို အဓိက ပံ့ပိုးပေးနေတာကတော့ ခရီးသွားလုပ်ငန်းဖြစ်ပြီး လူပေါင်းများစွာကို အလုပ်ပေးထားနိုင်တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။ COVID-19 စတင်ပြန့်ပွားလာချိန်မှာတော့ ထိုင်းနိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေရဲ့ စီးပွားရေး ကျဆင်းခဲ့ရသလို လူပေါင်းများစွာလည်း အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ ကျဆင်းသွားခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ဖာထေးနိုင်အောင် ပြည်တွင်းခရီးသွားလုပ်ငန်းကို အရှိန်အဟုန်နဲ့ ဆောင်ရွက်သွားဖို့ရှိနေတယ်လို့ ပြည်နယ် စီမံကိန်း ရေးဆွဲရေးအေဂျင်စီက မေလ ၂၅ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

၂၀၁၇ ခုနှစ်က အချက်အလက်တွေအရ ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းတွေမှာ လုပ်ကိုင်နေကြသူအရေအတွက် ၃၁၃ သန်း ရှိခဲ့ပါတယ်။ ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်ဝင်ငွေကို လွယ်လွယ်ကူကူရှာဖွေနိုင်တဲ့ လုပ်ငန်းအမျိုးအစား ဖြစ်တာကြောင့် အစိုးရတွေအနေနဲ့ အာရုံစိုက်ပြီးဆောင်ရွက်ခဲ့ ကြပါတယ်။

ကမ္ဘာတဝှမ်း COVID-19 ပြန့်ပွားလာပြီးနောက်ပိုင်းမှတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွား လုပ်ငန်းတွေ အားလုံး ရပ်ဆိုင်းသွားခဲ့ရသလို စီးပွားရေးဆိုင်ရာ ပဋိပက္ခတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။ COVID-19 အလွန်ကာလမှာ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်မယ်ဆို ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကနေ ပြန်လည် စတင်ကြရမှာပါ။

ထိုင်းနိုင်ငံရဲ့ ပြည်နယ် စီမံကိန်း ရေးဆွဲရေး အေဂျင်စီက ၂၀၂၀ ခုနှစ်မှာ ကြုံတွေ့နေရတဲ့ စီးပွားရေး  ပြဿနာဟာ ၁၉၉၇ – ၉၈ အာရှဘဏ္ဍာရေး အကျပ်အတည်းနောက်ပိုင်း အဆိုးရွားဆုံးဖြစ်တယ်လို့  ပြောပါတယ်။ COVID-19 ကြောင့် ခရီးသွားလုပ်ငန်းတွေအပြင် အခြားစီးပွားရေးလုပ်ငန်းတွေကိုလည်း ရပ်ဆိုင်းထားခဲ့ရပါတယ်။

အစိုးရအသုံးစရိတ်နဲ့ အခွန်အခတွေကသာ စီးပွားရေးကျဆင်းမှုကိုကူညီနိုင်ဖို့ နည်းလမ်းဖြစ်တယ်လို့ အမျိုးသား စီးပွားရေးနှင့် လူမှုဖွံ့ ဖြိုးတိုးတက်ရေးကောင်စီရဲ့ အထွေထွေ အတွင်းရေးမှူး Thosaporn Sirisumphand က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ ဇူလိုင်လပိုင်းလောက်မှာ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ထားပြီး ဇွန်လလယ်လောက်မှာတော့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း သိနိုင်လိမ့်မယ်လို့ သူက ပြောပါတယ်။

တဆက်တည်းမှာပဲ Mr.Thosaporn က “ခရီးသွားလုပ်ငန်းဟာ တိုင်းပြည်စီးပွားရေးကို လျင်လျင်မြန်မြန် တိုးတက်နိုင်စေတဲ့ အရာတခုဖြစ်ပြီး မျှော်မှန်းထားတဲ့ အခြေအနေတွေကို အကောင်အထည်ဖော် နိုင်ခဲ့မယ်ဆိုရင်တော့ နိုင်ငံတကာ ခရီးသွားတွေကိုပါ ဖိတ်ခေါ်လာနိုင်ပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

COVID-19 ကာလအတွင်း အလုပ်လက်မဲ့ ပြဿနာကို လျှော့ချနိုင်ဖို့နဲ့ ပြည်တွင်းခရီးသွားလုပ်ငန်း အမြန်ဆုံး တိုးတက်လာဖို့ ထိုင်းအစိုးရအနေနဲ့ ချေးငွေ ၁ ထရီလီယံ ထုတ်ချေးပေးသွားဖို့ စီစဉ်ထားပါ တယ်။

COVID-19 ကူးစက်မှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသားအရေအတွက် ၆၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။ ဇန်နဝါရီလကစပြီး ထိုင်းနိုင်ငံမှာ ဖြစ်ပွားနေတဲ့ COVID-19 ကြောင့် လူပေါင်း ၅၇ ယောက် သေဆုံးခဲ့ပြီး ၃,၀၄၁ ယောက် ကူးစက်ခံခဲ့ရပါတယ်။

Ref: Bangkokpost

You may also like these stories:

ဘရာဇီးကို အမေရိကန်အစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

ခရီးသွားလုပ်ငန်း ပြန်လည်ဖွင့်လှစ်တော့မယ့် ဂရိနိုင်ငံ

Did you find apk for android? You can find new Free Android Games and apps.
Loading