Travel

ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်

Want create site? Find Free WordPress Themes and plugins.

ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃,၀၇၆ ယောက်ရှိပြီး ၅၇ ဦး သေဆုံးခဲ့ပေမယ့် ခရီးသွားလုပ်ငန်း လုပ်ကိုင်နေကြတဲ့ ခရီးသွားအေဂျင်စီတွေကတော့ လာမယ့် ဇူလိုင်လအတွင်း နိုင်ငံတကာခရီး သွားလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ဖို့ ထိုင်းအစိုးရကို တိုက်တွန်းနေပါတယ်။

နိုင်ငံတကာခရီးသွားတွေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ကြတဲ့အခါ Quarantine ၁၄ ရက် မဝင်ခိုင်းဘဲ ကျန်းမာရေးထောက်ခံချက် ပါရုံနဲ့ အစိုးရက လက်ခံပေးဖို့ တောင်းဆိုနေကြပါတယ်။

ထိုင်းခရီးသွားလုပ်ငန်းအေဂျင်စီရဲ့ ဥက္ကဋ္ဌဖြစ်သူ Vichit Prakobgosol ကလည်း အစိုးရအနေနဲ့ သင့်တော်တဲ့ ပြောင်းလဲမှုတွေကိုသာ လုပ်ဆောင်နိုင်ခဲ့ရင် တရုတ်ခရီးသွား ၄ သန်းကျော်နဲ့ နိုင်ငံတကာခရီးသွား ၁၆ သန်းကျော် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံ ခရီးသွားလာရေးဝန်ကြီးဌာနကလည်း ၂၀၂၀ ခုနှစ် ပထမ ၃ လပတ်အတွင်း တရုတ်ခရီး သွားအရေအတွက် ၆၀ ရာခိုင်နှုန်း ကျဆင်းသွားခဲ့တဲ့အတွက် ဝင်ငွေဘတ် ၅၇ ဒဿမ ၂ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ ပြောကြားခဲ့ပါတယ်။

၂၀၁၉ ခုနှစ်အတွင်း ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ တရုတ်ခရီးသွား အရေအတွက် ၁၀ ဒဿမ ၉ သန်းရှိခဲ့ပြီး ဝင်ငွေ ဘတ် ၅၄၃ ဘီလီယံ ရရှိခဲ့ပါတယ်။ COVID-19 ကူးစက်ပြီးတဲ့ နောက်ပိုင်းမှာတော့ ထိုင်းနိုင်ငံကို လာရောက် လည်ပတ်တဲ့ နိုင်ငံတကာ ခရီးသွားအရေအတွက် ကျဆင်းခဲ့ရပါတယ်။ ဒါကြောင့်လည်း လာမယ့် ဇူလိုင်လအတွင်း နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်နိုင်ဖို့ ခရီးသွားအေဂျင်စီတွေက မျှော်လင့်နေပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံနဲ့ တောင်ကိုရီးယားနိုင်ငံကို ကျန်းမာရေးအန္တရာယ်ဇုံ စာရင်းကနေ ပယ်ဖျက်ထားပါတယ်။ ဒါကြောင့်လည်း ၂၀၂၀ နှစ်ဝက်လောက်ကစပြီး နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ လိုအပ်ကြောင်း Mr.Vichit က ပြောပါတယ်။

ထိုင်းအစိုးရအနေနဲ့ နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်ဖို့ဆိုရင် ၂ လအတွင်း ခရီးသွား ၁ သိန်းကျော် ထိုင်းနိုင်ငံကို လာရောက် လည်ပတ်နိုင်ကြောင်းနဲ့ ဝင်ငွေဘတ် ၅ ဘီလီယံလောက် ရရှိနိုင်ကြောင်း Mr.Vichit က ပြောပါတယ်။

Ref: Bangkokpost

You may also like these stories:

နိုင်ငံပေါင်း ၁၁၁ နိုင်ငံကို ပြည်ဝင်ခွင့် ပိတ်ပင်ထားတဲ့ ဂျပန်

ဗီယက်နမ် နိုင်ငံတကာလေကြောင်းလိုင်းများ ဇွန် ၁၀ ရက်နေ့ ပြေးဆွဲရန် အဆိုပြုထား

ထိုင်းမှာ ပြည်တွင်းခရီးသွားလုပ်ငန်း ပြန်စတင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading