နိုင်ငံအများစုအနေနဲ့ COVID-19 ကြောင့် အသွားအလာ ကန့်သတ်ထားတာတွေကို ပြန်လည် ဖြေလျှော့တာမျိုး ပြုလုပ်နေကြပါတယ်။ ဒါကြောင့်လည်း မကြာခင်ကာလအတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်ဖို့ မျှော်လင့်ရပါတယ်။
ထိုင်းအစိုးရအနေနဲ့ ၂ လကြာ ပြုလုပ်ထားတဲ့ ကန့်သတ်မှုတချို့ကို ပြန်လည် ဖြေလျှော့ပေးလိုက်တဲ့အတွက် မကြာခင်ကာလအတွင်း ထိုင်းနိုင်ငံက ကမ်းခြေတွေဆီ ခရီးသွားလာနိုင်ကြပါတော့မယ်။
ထိုင်းနိုင်ငံမှာ Social distancing ကိုတော့ ဆက်လက် သတ်မှတ်ထားတုန်းဖြစ်ပြီး ပင်လယ်ကမ်းခြေတွေကို အလည်လာရောက်သူတွေအနေနဲ့ အနည်းဆုံး ၁ မီတာ (၃ ပေ) ခွာပြီးနေထိုင်ရမယ်လို့ သတ်မှတ်ထားတုန်းပါပဲ။
မြေထဲပင်လယ်အရှေ့ပိုင်းမှာရှိတဲ့ ယူရေးရှန်းကျွန်းနိုင်ငံဖြစ်တဲ့ ဆိုက်ပရပ်စ် သမ္မတနိုင်ငံအနေနဲ့ လည်း မကြာခင် ကာလအတွင်း ခရီးသွားလုပ်ငန်းတွေကို ပြန်လည်စတင်ဖို့ ရှိနေပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံဟာ မြေထဲပင်လယ်ဒေသအတွင်းမှာ တတိယအကြီးဆုံး ကျွန်းတကျွန်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်မှုအများဆုံး နိုင်ငံတနိုင်ငံလည်း ဖြစ်ပါတယ်။
ဆိုက်ပရပ်စ်နိုင်ငံမှာ COVID-19 ကူးစက်ခံရသူပေါင်း ၉၄၉ ယောက် ရှိခဲ့ပြီး ၁၇ ယောက် သေဆုံးခဲ့ပေမယ့် အခုနောက်ပိုင်းကာလမှာတော့ ကူးစက်လူနာသစ် ထပ်မံတွေ့ရှိတာမျိုး မရှိတော့ပါဘူး။ ဒါကြောင့်လည်း ဇွန်လအတွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်တော့မယ်လို့ ကြေညာထားပါတယ်။
ဆိုက်ပရပ်စ် အစိုးရအနေနဲ့ နိုင်ငံတကာ ခရီးသွားတွေအတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေသလို လေဆိပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့လည်း ပြင်ဆင်နေပါတယ်။ ဆိုက်ပရပ်စ် အစိုးရအနေနဲ့ လာမယ့် ဇွန်လ ၉ ရက်နေ့ကစတင်ပြီး နိုင်ငံတကာလေဆိပ်တွေကို ပြန်လည် ဖွင့်လှစ်သွားနိုင်ဖို့ ပြင်ဆင်နေပါ တယ်။
COVID-19 ကြောင့် နိုင်ငံတကာလေဆိပ်တွေအပါအဝင် ခရီးသွားကန့်သတ်မှုတွေ ပြုလုပ်ခဲ့တဲ့ နိုင်ငံတွေထဲ ဆိုက်ပရပ်စ်နိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။ ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်မှာ ဖြစ်ပေမယ့် နိုင်ငံတိုင်းကိုတော့ ပြည်တွင်း ဝင်ရောက်ခွင့်ပြုမှာတော့ မဟုတ်သေးပါဘူး။
ပြည်တွင်းဝင်ရောက်ခွင့်ကို အဆင့် ၂ ဆင့် သတ်မှတ်ထားပါတယ်။ ဇွန်လ ၉ ရက်နေ့ကနေ ၁၉ ရက်နေ့အထိကို ပထမအဆင့် သတ်မှတ်ထားပြီး ဇွန်လ ၂၀ ရက်နေ့ နောက်ပိုင်းက ဒုတိယအဆင့် သတ်မှတ်ထားပါတယ်။
ပထမအဆင့်မှာ ပြည်ဝင်ခွင့်ပေးမယ့် နိုင်ငံတွေကတော့ ဘယ်လ်ဂျီယံ၊ လစ်သူရေးနီးယား၊ ဟန်ဂေရီ၊ ဆလိုဗေးနီးယား၊ ဖင်လန် ၊ နော်ဝေ၊ ဂရိ၊ အစ္စရေး၊ ဆလိုဗက်ကီးယား၊ သြစတြီးယား၊ ဂျာမနီ စတဲ့ နိုင်ငံတွေပါဝင်ပြီး ဒုတိယအဆင့်မှာတော့ ဆွစ်ဇာလန်၊ အက်စ်တိုးနီးယား၊ ချက်၊ ရိုမေးနီးယား၊ ခရိုအေးရှားနဲ့ ပိုလန်နိုင်ငံတို့ ပါဝင်တယ်။
လာရောက် လည်ပတ်တဲ့ ခရီးသွားတွေအနေနဲ့ ၇၂ နာရီအတွင်း စစ်ဆေးထားတဲ့ ကျန်းမာရေး ထောက်ခံချက် ပါရှိရပါမယ်။
Ref. timesofindia
You may also like these stories:
ဇူလိုင်လမှစပြီး နိုင်ငံတကာခရီးသွားများအား စပိန်ကို လာရောက်ခွင့်ပြုမည်
ထိုင်းခရီးသွားလုပ်ငန်းကို ဇူလိုင်လအတွင်း ပြန်စတင်စေချင်