အင်ဒိုနီးရှားအစိုးရအနေနဲ့ ကိုဗစ်ကာလအတွင်း ကျဆင်းခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည် ထူထောင်နိုင်ဖို့ နိုင်ငံ ၄ နိုင်ငံက ခရီးသွားတွေကို ပြည်တွင်း ဝင်ရောက်ခွင့်ပြုဖို့ အစီအစဉ်တွေ ရေးဆွဲနေပါတယ်။
အင်ဒိုနီးရှားကို နှစ်စဉ်လိုလို နိုင်ငံတကာ ခရီးသွားအများအပြား လာရောက်လေ့ ရှိပေမယ့် ကိုဗစ်ကာလအတွင်း အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နစ်နာမှုတွေ ရှိခဲ့ပါတယ်။
ပြည်တွင်း ဝင်ရောက်ခွင့်ပေးမယ့် နိုင်ငံတွေကတော့ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယားနဲ့ သြစတြေးလျနိုင်ငံတွေဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံသားတွေလည်း အဆိုပါ ၄ နိုင်ငံကို သွားရောက် လည်ပတ်နိုင်ဖို့ စီစဉ်နေကြောင်း အင်ဒိုနီးရှားအစိုးရက ပြီးခဲ့တဲ့ သောကြာနေ့မှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
ခရီးသွားတွေနဲ့ ပတ်သက်ပြီး စံနှုန်းသတ်မှတ်ချက်တွေ ရေးဆွဲပြီးသွားရင်တော့ အင်ဒိုနီးရှားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်နိုင်မှာဖြစ်ကြောင်း လက်ထောက် ခရီးသွားလာရေးဝန်ကြီး Odo Manuhutu က ပြောပါတယ်။ ဒါကြောင့်လည်း အင်ဒိုနီးရှားနဲ့ အဆိုပါ ၄ နိုင်ငံအကြား ခရီးသွား စံနှုန်း သတ်မှတ်ချက်တွေကို သတ်မှတ်နိုင်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
အခြားနိုင်ငံတွေအနေနဲ့လည်း အင်ဒိုနီးရှားနိုင်ငံကို လာရောက် လည်ပတ်ခွင့်ပြုဖို့ ကမ်းလှမ်းချက်တွေ ရှိနေတယ်လို့ Odo Manuhutu က ပြောပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ် နဲ့ သြစတြေးလျနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ စီးပွားရေးကို များစွာ အကူအညီပေးခဲ့ပါတယ်။ ဒါကြောင့်လည်း အဆိုပါ ၄ နိုင်ငံကို ဦးစားပေးအနေနဲ့ ပြည်တွင်း ဝင်ရောက်ခွင့်ပြုလိုက်ခြင်းပါပဲ။
အင်ဒိုနီးရှားမှာ COVID-19 ကူးစက်မှုနှုန်း ဆက်ပြီးမြှင့် တက်လာခဲ့တဲ့အတွက် ခရီးသွားတွေ လာရောက်လည်ပတ်လေ့ရှိတဲ့ နေရာတွေကို တဖြည်းဖြည်းချင်း ပြန်ဖွင့်လှစ်သွားမယ်လို့ သိရပါတယ်။
နိုင်ငံတကာ ခရီးသွားတွေကို ဝင်ရောက်ခွင့် မပြုသေးခင် ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်လည် ကောင်းမွန်လာဖို့ လိုအပ်ပါတယ်။ အင်ဒိုနီးရှား ခရီးသွားလုပ်ငန်းအနေနဲ့ ဇန်နဝါရီလကနေ ဧပြီလအထိ နိုင်ငံတကာ ခရီးသွားတွေကနေ ရရှိနေတဲ့ ဝင်ငွေ ဒေါ်လာ ၄ ဘီလီယံ ဆုံးရှုံးခဲ့ရပြီး ပြည်တွင်း ခရီးသွားတွေကနေ ရရှိနေတဲ့ ဝင်ငွေ ဒေါ်လာ ၄ ဒဿမ ၁ သန်း ဆုံးရှုံးခဲ့ရပါတယ်။
Ref: Bangkokpost
You may also like these stories:
ဗီယက်နမ် လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းရန် စီစဉ်
ကမ္ဘာမှာ လေယာဉ်ကွင်း မရှိတဲ့ နိုင်ငံများ