ထိုင်းအာဏာပိုင်တွေအနေနဲ့ မကြာခင်အချိန်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေကို ပြန်လည် ဝင်ရောက်ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွားတွေကို ၁၄ ရက် Quarantine ဝင်ခိုင်းမယ့် စည်းမျဉ်းကိုလည်း ဖယ်ရှားပေးခဲ့ပါတယ်။
နိုင်ငံခြားသား ခရီးသွားတွေကို ပြည်တွင်း ဝင်ရောက်ခွင့်ပြုတာနဲ့ ပတ်သက်ပြီး ထိုင်းပြည်သူတွေကြားမှာ ဝေဖန်မှုတွေ ရှိနေပါတယ်။ ပြည်သူလူထုရဲ့သဘောထားကို Suan Dusit Rajabhat တက္ကသိုလ်က အွန်လိုင်းကနေ စစ်တမ်း ကောက်ယူခဲ့ရာမှာ အများစုက နိုင်ငံခြားသားဝင်ရောက်မှုကို လက်မခံချင်ကြတာ တွေ့ရှိခဲ့ပါတယ်။
ထိုင်းပြည်သူတွေ စိုးရိမ်နေတဲ့အချက်ကတော့ ခရီးသွားတွေကြောင့် ထိုင်းမှာ ကိုဗစ် ဒုတိယလှိုင်း ပြန်လည် ဖြစ်ပွားမှာကိုပါပဲ။ ထိုင်းမှာ COVID-19 ကပ်ရောဂါ အခြေအနေ တိုးတက်လာပြီ ဆိုပေမယ့် နိုင်ငံခြားသားတွေကြောင့် ဒုတိယလှိုင်း ပြန်လည် ဖြစ်ပွားနိုင်ပါသေးတယ်။
စစ်တမ်းကောက်ယူချက်အရ ၄၁ ရာခိုင်နှုန်းက နိုင်ငံခြားသား ဝင်ရောက်မှုကို ၁ နှစ်အထိ ကန့်သတ်ထားစေချင်ပြီး ၂၅ ရာခိုင်နှုန်းကတော့ ၆ လ၊ ၂၀ ရာခိုင်နှုန်းက ၂ နှစ်နဲ့ ၁၂ ရာခိုင်နှုန်းကတော့ ၂ နှစ်ထက်ပိုပြီး ကန့်သတ်ထားစေချင်ပါတယ်။ နိုင်ငံခြားသား ဝင်ရောက်မှုနဲ့ ပတ်သက်ပြီး သဘောတူ၊ မတူ စစ်တမ်းကောက်ယူရာမှာလည်း ၇၅ ရာခိုင်နှုန်းက သဘောမတူဘဲ ၂၄ ရာခိုင်နှုန်းသာ သဘောတူခဲ့ကြပါတယ်။
အများစုကတော့ နိုင်ငံခြားသားတွေကြောင့် ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေကြပါတယ်။ ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိတော့ဘူး ဆိုပေမယ့် နိုင်ငံခြားက ပြန်လာပြီး Quarantine ဝင်နေသူတွေမှာတော့ ရောဂါတွေ့ရှိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ဖူးပါတယ်။
ထိုင်းနိုင်ငံမှာ ဇန်နဝါရီ ၁၃ ရက်နေ့က ကိုဗစ် ကူးစက်ခံထားရသူကို ပထမဆုံး တွေ့ရှိခဲ့ပါတယ်။ ကူးစက်ခံထားရသူဟာ တရုတ်နိုင်ငံ၊ ဝူဟန်မြို့မှာနေထိုင်တဲ့ အမျိုးသမီးဖြစ်ပြီး ထိုင်းနိုင်ငံကို လာရောက်လည်ပတ်သူတယောက် ဖြစ်ပါတယ်။ သူမဟာ ဇန်နဝါရီ ၈ ရက်နေ့မှာ ဝူဟန်ကနေ ဘန်ကောက်ကို လေယာဉ်နဲ့ လာရောက်ခဲ့ပြီး မိသားစုဝင် ၅ ယောက်နဲ့အတူ ထိုင်းမှာ လည်ပတ်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၃ ရက်နေ့မှာတော့ ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့ပါတယ်။ ဒါကြောင့်လည်း ထိုင်းနိုင်ငံမှာ ပထမဆုံး တွေ့ရှိခဲ့တဲ့ လူနာဟာ နိုင်ငံခြားသား ခရီးသွားဖြစ်တဲ့အတွက် ထိုင်းပြည်သူတွေအနေနဲ့ အစိုးရရဲ့ ပေါ်လစီကို စိုးရိမ်းမကင်း ဖြစ်နေကြတုန်းပါပဲ။
ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက တွေ့ရှိခဲ့တဲ့ ကူးစက်လူနာသစ်ကလည်း အမေရိကန်ကနေ ပြန်လာခဲ့တဲ့ အသက် ၃၅ နှစ်အရွယ် ထိုင်းအမျိုးသမီးတယောက် ဖြစ်ပါတယ်။
Ref: Chiangraitimes
You may also like these stories:
ကိုဗစ်ကြောင့် ထိုင်းမှာ ခရီးသွားဝင်ရောက်မှု ၁၄ နှစ်အတွင်း ကျဆင်း
နယူးဇီလန်မှာ COVID-19 ရောဂါ ကင်းရှင်းသွားပြီ