Travel

နိုင်ငံအချို့ကို ထိုင်ဝမ်သို့ လာရောက်ခွင့်ပြုတော့မည်

Want create site? Find Free WordPress Themes and plugins.

ထိုင်ဝမ်နိုင်ငံအနေနဲ့ လာမယ့်ရက်သတ္တပတ်ကစပြီး ထိုင်းနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကိုဗစ် ကူးစက်မှု နှုန်းလျော့ကျနေတဲ့နိုင်ငံတွေကိုပြည်ဝင်ခွင့်ပေးပါတော့မယ်။ ထိုင်ဝမ်နိုင်ငံကိုလာရောက်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ကိုဗစ်နဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေခံယူရမှာဖြစ်တဲ့ သတ်မှတ် ထားတဲ့ရက်အတိုင်း Quarantine ဝင်ရပါမယ်။

တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ကြည့်ရင် ကိုဗစ်ကပ်ရောဂါကြောင့် ထိုင်ဝမ်နိုင်ငံရဲ့ အခြေအနေဆိုးဆိုးရွားရွားမဖြစ်ခဲ့သလို ကိုဗစ်ကာလအတွင်း နိုင်ငံကို Lockdown ချတာမျိုးလည်း မပြုလုပ်ခဲ့ပါဘူး။ ရောဂါအခြေအနေကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင်ခဲ့တဲ့အတွက် ပြည်သူတွေအားလုံးပုံမှန် အတိုင်း အလုပ်လုပ်ကိုင်နိုင်ခဲ့ကြပါတယ်။ နိုင်ငံခြားသား ခရီးသွားဝင်ရောက်မှုကိုတော့ မတ်လလယ်လောက်ကစပြီး ယာယီကန့်သတ်ထားလိုက်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးဗဟိုဌာနက လာမယ့်တနင်္လာနေ့ကစပြီး ကိုဗစ်ကူးစက်မှုနှုန်း လျော့ကျနေတဲ့ ထိုင်း ၊ ဗီယက်နမ် ၊ နယူးဇီလန် နဲ့ သြစတြေးလျက စီးပွားရေးလုပ်ငန်းရှင်တွေကို ပြည်ဝင်ခွင့် ပြုတော့မယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင့် ကိုဗစ်ကူးစက်မှု အလယ်အလတ်အဆင့်မှာ ရှိနေတဲ့ တောင်ကိုရီးယား ၊ ဂျပန် ၊ မလေးရှား ၊ စင်ကာပူ ၊ ဟောင်ကောင် နဲ့ မကာအိုက စီးပွားရေး လုပ်ငန်းရှင်တွေကိုလည်း ပြည်ဝင်ခွင့်ပြုတော့မှာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံကို ရောက်ရှိနေတဲ့ခရီးသွားတွေအနေနဲ့ ရောက်ရှိနေတဲ့နေရာကို အမြဲသတင်းပို့ပေးနေရမှာဖြစ်ပြီး ထိုင်ဝမ်နိုင်ငံကို မလာရောက်ခင် ၃ ရက်အလိုကစစ်ဆေးထားတဲ့ဆေးမှတ်တမ်းကိုလည်း တင်ပြရမှာဖြစ်တယ်လို့ ကပ်ရောဂါကာကွယ် ထိန်းချုပ်ရေးဗဟိုဌာနက ပြောပါတယ်။ ထိုင်ဝမ်နိုင်ငံကိုရောက်ရှိလာတဲ့နိုင်ငံခြားသားတိုင်း ၁၄ ရက် Quarantine ဝင်ရမှာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သူ Chen Shih-chung ကလည်း နိုင်ငံခြားစီးပွားရေးလုပ်ငန်းတွေ ပြန်လည် ဖွင့်လှစ်နိုင်ဖို့ နယ်စပ်ထိန်းချုပ်မှုတွေကို အချိန်နဲ့တပြေးညီလျှော့ချပေးသွားမယ်လို့ ပြောပါတယ်။

ကိုဗစ်ရောဂါကာလအတွင်း ထိုင်ဝမ်နိုင်ငံမှာ လူပေါင်း ၄၄၅ ယောက်ရောဂါကူးစက်ခံ ရပြီး ၇ ယောက် သေဆုံးခဲ့ပါ တယ်။ ကူးစက်ခံရသူအများစုဟာ နိုင်ငံရပ်ခြားက ပြန်လာသူတွေဖြစ်ကြပါတယ်။ ကူးစက်ခံရသူတွေအနက် ၄၃၄ ယောက် ပြန်လည်နာလန်ထူနိုင်ခဲ့ပြီး ၄ ယောက်ကတော့ ဆေးကုသမှုဆက်လက်ခံယူနေရဆဲပါပဲ။

Ref:bangkokpost

You may also like these stories:

နိုင်ငံ ၄ နိုင်ငံအား ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပြုမည်

ထိုင်းပြည်သူများ ကိုဗစ် ဒုတိယလှိုင်းဖြစ်မှာ စိုးရိမ်နေ

ဖူးခက် အပြည်ပြည်ဆိုင်ရာလေဆိပ် ပြန်ဖွင့်ပြီ

Did you find apk for android? You can find new Free Android Games and apps.
Loading