COVID-19 ဟာ တရုတ်နိုင်ငံကနေစတင်ခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ကူးစက်မှုအမြင့်ဆုံးနိုင်ငံ ကတော့ အမေရိကန်ပါပဲ။ အမေရိကန်မှာ ကိုဗစ်ကူးစက်သူပေါင်း ၂ သန်းကျော်ရှိနေပြီး ၁ သိန်း ကျော်သေဆုံးခဲ့ရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတချို့မှာ အမေရိကန်ခရီးသွားတာကို ပြည်ဝင်ခွင့် ပိတ်ထားတာမျိုး ပြုလုပ်ထားပါတယ်။
ဆယ်စုနှစ်များစွာတိုင်အောင် အမေရိကန် Passport က ကမ္ဘာပေါ်မှာသြဇာအကြီးမားဆုံးဖြစ်ခဲ့ပါတယ်။ ကိုဗစ်ကူးစက်မှုနှုန်း အမြင့်ဆုံးဖြစ်လာပြီးတဲ့နောက်ပိုင်းမှာတော့ နိုင်ငံအများစုအနေနဲ့ အမေရိကန်ခရီးသွားတွေဟာ ကပ်ရောဂါဆိုးကြောင့် ကြိုဆိုဖို့ မသင့်တော်သေးတဲ့ခရီးသွားတွေမှန်း သဘောပေါက်လာခဲ့ကြပါတယ်။
နိုင်ငံအများစုမှာ ယာယီကန့်သတ်ထားတဲ့ခရီးသွားလာခွင့်တွေကို ပြန်လည်ခွင့်ပြုလိုက်ပေမယ့် ကိုဗစ်ကူးစက်မှုပေါ် မူတည်ပြီး နိုင်ငံအလိုက်ကန့်သတ်မှုတွေတော့ ရှိ နေပါသေးတယ်။
ဒါကြောင့် အမေရိကန်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ထားတဲ့ ကမ္ဘာ့နိုင်ငံတွေကို ဖော်ပြပေးပါမယ်။
(၁) အယ်လ်ဘေးနီးယားနိုင်ငံ
အီးယူနိုင်ငံတွေကို အယ်လ်ဘေးနီးယားနိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုလိုက်ပေမယ့် နိုင်ငံအများစုကိုတော့ ခရီးသွားခွင့် ဆက်ပြီးကန့်သတ်ထားဆဲပါပဲ။ နိုင်ငံရဲ့နယ်စပ်တွေကို ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် အမေရိကန်ခရီးသွား တွေကိုတော့ ပြည်တွင်းဝင်ရောက်ခွင့်ကန့်သတ်ထားဆဲပဲလို့ အမေရိကန်သံရုံးက ကြေညာချက်ထုတ်ပြန်ထားပါတယ်။ ဒါကြောင့်လည်း အမေရိကန်ခရီးသွားတွေအနေနဲ့ အယ်လ်ဘေးနီးယားနိုင်ငံကို လာရောက်လည်ပတ်နိုင်ဖို့ အချိန်အတိုင်းအတာတခုတော့ စောင့်ရပါ လိမ့်မယ်။
(၂) အာဂျင်တီးနားနိုင်ငံ
မတ်လ ၁၅ ရက်နေ့ကစပြီး အမေရိကန်နဲ့ ဥရောပလေကြောင်းလိုင်းတွေကို အာဂျင်တီးနားနိုင်ငံ တွင်းဝင်ရောက်မှုကို ယာယီကန့်သတ်လိုက်ပါတယ်။ စီးပွားဖြစ် လေကြောင်းလိုင်းတွေအားလုံး လက်မှတ်ရောင်းချခွင့်ကို စက်တင်ဘာလ ၁ ရက်နေ့အထိ ယာယီကန့်သတ်ထားတဲ့အတွက် အမေရိကန်ခရီးသွားတွေအနေနဲ့ အာဂျင်တီးနားနိုင်ငံကို လာရောက် လည်ပတ်ခွင့်မရသေးပါဘူး။
(၃) သြစတြီးယား
ဇွန်လ ၁၅ ရက်နေ့ကနောက်ဆုံးထုတ်ပြန်ထားတဲ့ ခရီးသွားလမ်းညွှန်ဆိုင်ရာအချက်အလက်တွေ အရ အမေရိကန် အပါအဝင် အီးယူမဟုတ်တဲ့နိုင်ငံတွေအားလုံးကို သြစတြီးယားနိုင်ငံတွင်းဝင် ရောက်ခွင့်ပိတ်ထားပါတယ်။ ခြွင်းချက် အနေနဲ့ သံတမန်ဆက်သွယ်ရေးအရလာရောက်သူတွေနဲ့ အစိုးရအထူးဧည့်သည်တွေကိုသာ လာရောက်ခွင့်ပြု ထားပါတယ်။
(၄) ဘော့စ်ဝါးနားနိုင်ငံ
ဘော့စ်ဝါးနားနိုင်ငံကလည်း အမေရိကန်အပါအဝင် နိုင်ငံအားလုံးကိုပြည်ဝင်ခွင့်ပိတ်ထားပါတယ်။ ဘော့စ်ဝါးနား နိုင်ငံကို လာရောက်ခွင့်ရှိသူတွေဟာ ဘော့စ်ဝါးနားနိုင်ငံသားတွေနဲ့ နိုင်ငံတွင်းအမြဲနေ ထိုင်သူတွေဖြစ်ကြပါတယ်။
(၅) ကမ္ဘောဒီးယားနိုင်ငံ
ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ကိုဗစ်ကူးစက်မှုနှုန်းမြင့်မားနေတဲ့ ပြင်သစ် ၊ ဂျာမနီ ၊ အီတလီ ၊ စပိန် ၊ အီ ရန် နဲ့ အမေရိကန်အပါအဝင် နိုင်ငံတော်တော်များများကို မတ်လ ၃၀ ရက်နေ့ကစပြီး ပြည်ဝင်ခွင့် ကန့်သတ်ထားခဲ့ပါတယ်။ အခုအချိန်မှာတော့ ကိုဗစ်ရောဂါကင်းရှင်းကြောင်း ဆေးမှတ်တမ်းပြနိုင် သူတွေအားလုံးကို ပြည်ဝင်ခွင့်ပြုမှာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံကိုရောက်တာနဲ့ ၁၄ ရက် Quarantine ဝင်ရမှာဖြစ်ပါတယ်။ ကျန်းမာရေးအာမခံအဖြစ် အနည်းဆုံးဒေါ်လာ ၅ သောင်းပေး ဆောင်ရမှာဖြစ်သလို ကိုဗစ်စစ်ဆေးဖို့အတွက် အပ်ငွေဒေါ်လာ ၃၀၀၀ ပေးဆောင်ရမှာဖြစ်ပါတယ်။
(၆) ကနေဒါနိုင်ငံ
အမေရိကန်နဲ့ကနေဒါနိုင်ငံကြား ပြည်ဝင်ကန့်သတ်ထားတာကို ဇွန်လ ၁၆ ရက်နေ့မှာ ထပ်မံတိုးမြှင့် လိုက်ပါတယ်။ အသစ်ထပ်မံကန့်သတ်ချက်အရ ဇူလိုင်လလယ်လောက်ထိ နှစ်နိုင်ငံကြားခရီးသွား လာလို့မရသေးပါဘူး။
(၇) ချက်သမ္မတနိုင်ငံ
ဇွန်လ ၁၅ ရက်နေ့ကစပြီး ဥရောပနိုင်ငံအများစုကို ပြည်ဝင်ခွင့်ပြုလိုက်မေယ့် အမေရိကန်ခရီးသွား တွေကိုတော့ ပြည်ဝင်ခွင့်ကန့်သတ်ထားဆဲပါပဲ။
(၈) အီသီယိုးပီးယားနိုင်ငံ
မတ်လ ၂၃ ရက်ကစပြီး အီသီးယိုးပီးယားနိုင်ငံကို ကုန်းလမ်းကနေနယ်စပ်ဖြတ်ကျော်ဝင်ရောက်ခွင့် ပိတ်လိုက်ပါတယ်။ လေကြောင်းလိုင်းက လာရောက်တဲ့ခရီးသွားတွေအားလုံး မဖြစ်မနေ Quarantine ဝင်ရပြီး ကုန်ကျငွေကို ကိုယ်တိုင် ကျခံရပါတယ်။ အီသီးယိုးပီးယားနိုင်ငံရဲ့ Bole အပြည် ပြည်ဆိုင်ရာလေဆိပ်နဲ့ နယူးယော့ခ်မြို့လေကြောင်းလိုင်းတွေ အားလုံးကို ယာယီပိတ်ထားပါတယ်။
(၉) ဖီဂျီနိုင်ငံ
ဖီဂျီနိုင်ငံကတော့ အမေရိကန်ခရီးသွားတွေအပါအဝင် အမေရိကန်ကိုသွားရောက်လည်ပတ်ခဲ့သူ တွေအားလုံးကို ပြည်ဝင်ခွင့်ပိတ်ပင်ထားသလို တရုတ် ၊ ဥရောပ ၊ အီရန် ၊ တောင်ကိုရီးယားနိုင်ငံကို လွန်ခဲ့တဲ့ ၂ ပတ်အတွင်း သွားရောက်လည်ပတ်ထားသူတွေ အားလုံးကိုလည်း ပြည်ဝင်ခွင့်ပိတ်ထားပါ တယ်။
(၁၀) ဂါနာနိုင်ငံ
မေ ၃၁ ရက်ကစပြီး လေကြောင်းလိုင်းအပါအဝင် ကုန်းလမ်း ၊ ရေလမ်းကနေဝင်ရောက်လာမယ့် ခရီးသွားတွေ အားလုံးကို ဂါနာနိုင်ငံတွင်းဝင်ရောက်ခွင့်ပိတ်ထားပါတယ်။ အားကစား ၊ ပွဲတော် ၊ နိုက် ကလပ် ၊ ဘား ၊ ကမ်းခြေ ၊ ရုပ်ရှင်ရုံတွေအားလုံးကို ဇူလိုင် ၃၁ ရက်နေ့အထိ ယာယီပိတ်ထားပါ တယ်။
(၁၁) ဂရိနိုင်ငံ
နွေရာသီခရီးသွား လုပ်ငန်းတွေစတင်ဖို့ ဂရိနိုင်ငံရဲ့ခရီးသွားလုပ်ငန်းတွေပြန်လည်စတင်ပြီဖြစ်ပေမယ့် အမေရိကန် ခရီးသွားတွေကိုတော့ ပြည်ဝင်ခွင့်ပေးမှာ မဟုတ်သေးပါဘူး။ ဇွန် ၁၅ ရက်ကစပြီး နိုင်ငံ အချို့ကို ပြည်ဝင်ခွင့်ပြုလိုက် ပါတယ်။ အမေရိကန်ခရီးသွားတွေကို ဇူလိုင် ၁ ရက်နေ့အထိ ယာယီ ကန့်သတ်ထားမယ်လို့ သိရပါတယ်။
အမေရိကန်ခရီးသွားတွေကို ဆက်ပြီးပြည်ဝင်ခွင့်ကန့်သတ်ထားဆဲနိုင်ငံတွေကတော့ ဂွာတီမာလာ ၊ ဟန်ဂေရီ ၊ အိုက်စလန် ၊ မက္ကဆီကို ၊ ဆာမိုအာ ၊ စပိန် ၊ တွန်ဂါ ၊ နီကာရာကွာ နဲ့ ဂရီနေဒါနိုင်ငံပဲ ဖြစ် ပါတယ်။
Ref:lonelyplanet