သြစတြေးလျကုန်သွယ်ရေးဝန်ကြီးက ၂၀၂၁ ခုနှစ်အထိ နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုကို တားမြစ်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ နိုင်ငံတကာခရီးသွား ဝင်ရောက်မှုကို တားမြစ်သွားမှာ ဖြစ်ပေမယ့် နိုင်ငံတကာက ကျောင်းသားတွေနဲ့ ရေရှည်နေထိုင်သူတွေကိုတော့ ပြည်ဝင်ခွင့် စည်းမျဉ်းတွေကို လျှော့ချပေးသွားမယ်လို့ သိရပါတယ်။
သြစတြေးလျနိုင်ငံအနေနဲ့ ကိုဗစ် ကူးဗစ်ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို စည်းကမ်းတွေ သတ်မှတ်လိုက်တာဖြစ်သလို Social distancing ကြောင့် ရောဂါကူးစက်မှုများကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။
သြစတြေးလျကို ပြန်လာကြမယ့် နိုင်ငံသားတွေနဲ့ နိုင်ငံတကာက ကျောင်းသားတွေဟာ ၁၄ ရက် Quarantine ဝင်ရမယ်လို့ သြစတြေးလျကုန်သွယ်ရေးဝန်ကြီး Simon Birmingham က ပြောပါတယ်။ သြစတြေးလျနိုင်ငံဟာ နှစ်စဉ် နိုင်ငံတကာ ကျောင်းသားတွေကနေ သြစတြေးလျဒေါ်လာ ၃၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၂၆ ဒဿမ ၁၄ ဘီလီယံ) ရရှိနေပါတယ်။
ကိုဗစ်ကာလအတွင်းမှာတော့ သြစတြေးလျနိုင်ငံမှာ ကူးစက်သူ ၇,၄၉၂ ယောက်ရှိခဲ့ပြီး သေဆုံးသူပေါင်း ၁၀၂ ယောက် ရှိခဲ့ပါတယ်။ ကျန်းမာရေး ပြန်လည် ကောင်းမွန်သူ အရေအတွက် ၆,၉၀၄ ယောက် ရှိခဲ့ပါတယ်။
သြစတြေးလျပြည်နယ် ၆ ပြည်နယ်ထဲမှာ ကူးစက်မှု အများဆုံးကတော့ ဗစ်တိုးရီးယားပြည်နယ်ဖြစ်ပါ တယ်။ ဗစ်တိုးရီးယားပြည်နယ်ဟာ သြစတြေးလျမှာတော့ ဒုတိယမြောက် ထင်ရှားတဲ့ ပြည်နယ်ပါပဲ။ ကုန်သွယ်ရေးဝန်ကြီးဖြစ်သလို ခရီးသွားလာရေးဝန်ကြီးလည်းဖြစ်တဲ့ Simon Birmingham က နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့် ယာယီ ကန့်သတ်တာက COVID-19 ရောဂါကို ထိန်းချုပ်ရာမှာ ပိုမိုအောင်မြင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
သြစတြေးလျအစိုးရအနေနဲ့ နိုင်ငံတကာကျောင်းသား ၃၅၀ ကို ပြည်ဝင်ခွင့်ပြုဖို့ ဆောင်ရွက်နေပါတယ်။ ကိုဗစ်ကြောင့် မတ်လကစပြီး နိုင်ငံတကာခရီးသွား ဝင်ရောက်မှုကို သြစတြေးလျအစိုးရက ကန့်သတ်ထားခဲ့ပြီး ပြည်ပရောက် နိုင်ငံသားတွေကိုသာ ပြည်ဝင်ခွင့်ပြုခဲ့ပါတယ်။ ပြန်ရောက်လာတဲ့ နိုင်ငံသားတွေကိုလည်း အစိုးရက သတ်မှတ်ပေးထားတဲ့ ဟိုတယ်တွေမှာ ၁၄ ရက် Quarantine ဝင် ခိုင်းခဲ့ပါတယ်။
Ref: voanews, thethaiger
You may also like these stories:
နိုင်ငံတကာခရီးသွားများ ဒူဘိုင်းသို့ မကြာခင် လည်ပတ်နိုင်တော့မည်
ပတ္တရားက ဟိုတယ်နဲ့ စားသောက်ဆိုင်တွေ ဈေးနှုန်း တဝက် လျှော့ချမည်
အမေရိကန်ခရီးသွားတွေကို လာရောက်ခွင့် ပိတ်ပင်ထားတဲ့နိုင်ငံများ