Travel

စပိန်အစိုးရက ခရီးသွားလုပ်ငန်းအတွက် ယူရိုငွေ သန်း ၄၀၀၀ ကျော် ကူညီမည်

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အခြေအနေကြောင့် ၃ လတာ ရပ်နားလိုက်ရတဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍအတွက် စပိန်အစိုးရက အမေရိကန်ဒေါ်လာ ၄ ဒဿမ ၈၂ ဘီလီယံ (ယူရိုငွေ ၄ ဒဿမ ၃ ဘီလီယံ) ထောက်ပံ့ ကူညီသွားမယ်လို့ ကြေညာလိုက်ပါတယ်။

“စပိန်နိုင်ငံရဲ့ ခရီးသွားလုပ်ငန်းတွေကို ပြန်လည်ပတ်တော့မှာပါ။ ကမ္ဘာ့ထိပ်သီး ခရီးသွားနိုင်ငံတနိုင်ငံ အနေနဲ့ တဆင့်ချင်းစီကို လုံခြုံစိတ်ချရအောာင် လုပ်ဆောင်နေပါတယ်” လို့ စပိန်ဝန်ကြီးချုပ် ပက်ဒရို ဆန်းချက်ဇ်က ပြောပါတယ်။

စပိန်နိုင်ငံဟာ ကမ္ဘာမှာ ပြင်သစ်နိုင်ငံပြီးရင် ခရီးသွားအများဆုံး လာရောက်တဲ့နိုင်ငံဖြစ်ပြီး နှစ်စဉ် ခရီးသွားဧည့်သည် သန်း ၈၀ ကျော် လည်ပတ်ကြပါတယ်။ ဒီနှစ်အတွင်းမှာတော့ COVID-19 ကပ်ရောဂါကြောင့် နိုင်ငံတကာ ခရီးသွားဧည့်သည်တွေအပြင် ပြည်တွင်းခရီးသွားတွေကိုပါ ကန့်သတ်ပိတ်ပင်ထားတာကြောင့် ထက်ဝက်ကျော်နီးပါး ကျဆင်းသွားခဲ့ပါတယ်။

ဥရောပတောင်ပိုင်း နိုင်ငံတော်တော်များများမှာ ခရီးသွားဧည့်သည်တွေ ဝင်ရောက်နိုင်အောင် နယ်စပ်တွေကို ဖွင့်ပေးလိုက်ပေမယ့် စပိန်နိုင်ငံကတော့ ဥရောပနိုင်ငံသားတွေကိုပဲ လက်ခံပေးဦးမှာ ဖြစ်ပါတယ်။ ကန့်သတ် ပိတ်ဆို့မှုတွေ ဖြေလျော့လာသလို ခရီးသွားလုပ်ငန်း နယ်ပယ်မှာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေကိုလည်း အတိုးနှုန်း သက်သာစွာနဲ့ ချေးငွေတွေ ထုတ်ချေးပေးသွားဖို့ ရှိပါတယ်။

ရောဂါကူးစက်မှုကနေ ကာကွယ်တဲ့ အစီအမံတွေအတွက် ယူရိုငွေ သန်း ၂၀၀ ကိုပါ ကူညီပေးသွားဖို့ ရှိပါတယ်။ စပိန်နိုင်ငံဟာ “COVID Safe” ဆိုတဲ့ ခေါင်းစဉ်နဲ့ လာရောက်မယ့် ခရီးသွားဧည့်သည်တွေ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကနေ လုံခြုံစိတ်ချရအောင် လုပ်ဆောင်ပေးဖို့အတွက် ဘက်ဂျက်ငွေ ချထားပေးပါတယ်။

နိုင်ငံတဝှမ်း အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်နေတာကြောင့် နိုင်ငံရဲ့ ကျောထောက်နောက်ခံ ဖြစ်နေတဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်ပတ်စေပြီး လူနေမှုဘဝတွေ ပြန်လည် တိုးတက်လာအောင် လုပ်ဆောင်သွားမယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

အစိုးရရဲ့ ကူညီထောက်ပံ့ငွေထဲမှာ ခရီးသွားလုပ်ငန်း ပြန်လည်ပတ်နိုင်ဖို့အတွက် ကြော်ငြာလုပ်ငန်း ကုန်ကျစရိတ်တွေအပြင် လေကြောင်းလိုင်းတွေအတွက်ပါ တဖက်တလမ်းက ကုန်ကျငွေ လျှော့ချပေးရေးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

Ref: Reuters

You may also like these stories:

ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရုတ်သိမ်းမှု ပိုများလာ

ကိုဗစ် ဒုတိယလှိုင်းကြောင့် နိုင်ငံခြားသားများအား ဗီယက်နမ်သို့ ဝင်ခွင့်မပြုသေး

ကိုဗစ် စမ်းသပ်ခကို အကုန်အကျခံပေးမယ့် အိုက်စလန် ခရီးသွားကုမ္ပဏီ

Did you find apk for android? You can find new Free Android Games and apps.
Loading