Travel

တရုတ်ခရီးသွားများအား အီးယူသို့ ဝင်ခွင့်ပြု

အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အမေရိကန်ခရီးသွားတွေကို ပြည်ဝင်ခွင့် ပိတ်ပင်ထားဆဲပါ။ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာပေါ်မှာ ကိုဗစ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်နေတဲ့အတွက် အီးယူနိုင်ငံတွေအနေနဲ့ ပြည်ဝင်ခွင့်ပြုမှာ မဟုတ်ပေမယ့် တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပေးတော့မယ်လို့ သိရပါတယ်။

အီးယူအဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ တရုတ်နိုင်ငံအပြင် ကနေဒါ၊ ဂျပန်၊ သြစတြေးလျနဲ့ တောင်ကိုရီးယားအပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံကို ပြည်ဝင်ခွင့်ပြုပါတော့မယ်။ တရုတ်ခရီးသွားတွေအနေနဲ့ အီးယူနိုင်ငံတွေကို လည်ပတ်နိုင်တော့မှာဖြစ်သလို အီးယူခရီးသွားတွေလည်း တရုတ်နိုင်ငံကို လာရောက် လည်ပတ်နိုင်မှာဖြစ်တယ်လို့ ဘေဂျင်းအစိုးရက အတည်ပြု ပြောကြားခဲ့ပါတယ်။

ဂျာမနီနိုင်ငံအတွက်ဆိုရင်လည်း တရုတ်ခရီးသွားတွေက အရေးပါတဲ့ ခရီးသွားတွေပါ။ အီးယူအဖွဲ့ ဝင်နိုင်ငံအနေနဲ့ ကိုဗစ်ကာလအတွင်း သတ်မှတ်ထားတဲ့ ခရီးသွားကန့်သတ်မှုတွေကို ပြန်လည် ဖြေလျှော့ပေးနေပါတယ်။ ပြီးခဲ့တဲ့ သောကြာနေ့မှာ အီးယူသံတမန်တွေ ဘရပ်ဆဲလ်မှာ တွေ့ဆုံခဲ့ပြီး စနေနေ့မှာတော့ တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ ဆုံးဖြတ်ချက်ချခဲ့ကြပါတယ်။

တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုလိုက်ပေမယ့် အမေရိကန်နဲ့ ရုရှားနိုင်ငံကိုတော့ ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပဲလို့ သိရပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ Quarantine အစီအစဉ်တွေကို ပြောင်းလဲခဲ့ပါတယ်။ အီးယူနိုင်ငံတွေအနေနဲ့ တရုတ်နိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားကတည်းက ပြည်ဝင်ခွင့် ပိတ်ထားခဲ့တာ ၃ လကျော် ရှိခဲ့ပါပြီ။

ဘေဂျင်းမြို့မှာ လူနာသစ်တွေ တွေ့ရှိနေပေမယ့်လည်း အီးယူအဖွဲ့ဝင်နိုင်ငံတွေကို လာရောက် လည်ပတ်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဘေဂျင်းမြို့ဟာ ရက်ပေါင်း ၅၀ နီးပါး ကူးစက်လူနာ မရှိခဲ့ရာကနေ တကျော့ပြန် ကူးစက်မှု ဖြစ်ပွားခဲ့ပါတယ်။ ဒါကြောင့်လည်း နောက်ထပ် ကူးစက်ပြန့်ပွားလာမယ့် အန္တရာယ်ကြီးမားနေဆဲပဲလို့ တရုတ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်က ပြောပါတယ်။

Ref: DW News

You may also like these stories:

စပိန်အစိုးရက ခရီးသွားလုပ်ငန်းအတွက် ယူရိုငွေ သန်း ၄၀၀၀ ကျော် ကူညီမည်

ခရီးသွားလာခွင့် ကန့်သတ်ချက်များ ရုတ်သိမ်းမှု ပိုများလာ

ကိုဗစ် ဒုတိယလှိုင်းကြောင့် နိုင်ငံခြားသားများအား ဗီယက်နမ်သို့ ဝင်ခွင့်မပြုသေး

Loading