• English
Thursday, May 15, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ထိုင်းအပါအဝင် နိုင်ငံ ၁၅ နိုင်ငံအား အီးယူသို့ ဝင်ခွင့်ပြု

by ညီညီသူ
1 July 2020
in Travel
A A
အီးယူနိုင်ငံတွေအနေနဲ့ COVID-19 ကူးစက်မှု လျော့ကျနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ အပြီးသတ် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

အီးယူနိုင်ငံတွေအနေနဲ့ COVID-19 ကူးစက်မှု လျော့ကျနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ အပြီးသတ် စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။

5.6k
VIEWS
Share on FacebookShare on Twitter

ပြီးခဲ့တဲ့အင်္ဂါနေ့မှာပဲ အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ထိုင်းနိုင်ငံအပါအဝင် ကိုဗစ်ကူးစက်မှုနှုန်း လျော့ ကျနေတဲ့ နိုင်ငံပေါင်း ၁၅ နိုင်ငံကို ပြည်ဝင်ခွင့်ပြုလိုက်ပါတယ်။

ထိုင်းနိုင်ငံမှာ ပြည်တွင်းကူးစက်မှု မရှိခဲ့တာ ၃၆ ရက် ဆက်တိုက် ရှိသွားခဲ့ပါပြီ။ ဒီကနေ့ ထိုင်းနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကူးစက်လူနာသစ် ၂ ယောက်ဟာ ကူဝိတ်နိုင်ငံကနေ ပြန်လာသူတွေဖြစ်ကြပြီး Quarantine ဝင်နေသူတွေ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကူးစက်လူနာ ၃,၁၇၃ ယောက် ရှိခဲ့ပါတယ်။

RelatedPosts

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

14 May 2025
10.6k
မြိတ်မြို့

မြိတ်မြို့

11 May 2025
573
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
247

အီးယူအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ဇူလိုင် ၁ ရက်နေ့မှာ ကိုဗစ်ကူးစက်မှု လျော့ကျနေတဲ့ နိုင်ငံတွေကို ပြည်ဝင်ခွင့်ပေးဖို့ အပြီးသတ်စာရင်းကို ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနိုင်ငံတွေကတော့ အယ်လ်ဂျီးရီးယား၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ ဂျော်ဂျီယာ၊ မွန်တီနီဂရိုး၊ မော်ရိုကို၊ နယူးဇီလန်၊ ရဝမ်ဒါ၊ ဆားဘီးယား၊ တောင်ကိုရီးယား၊ ထိုင်း၊ တူနီးရှား၊ တရုတ်နဲ့ ဥရုဂွေးနိုင်ငံတို့ ဖြစ်ပါတယ်။

အီးယူနိုင်ငံတွေအနေနဲ့ လွန်ခဲ့တဲ့ ၁၄ ရက်အတွင်း ကိုဗစ် ကူးစက်မှုနှုန်းကို ကြည့်ပြီး ပြည်ဝင်ခွင့်ပြုလိုက်ခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ နိုင်ငံပေါင်း ၅၄ နိုင်ငံကို ပြည်ဝင်ခွင့်ပြုဖို့ ဆွေးနွေးခဲ့ကြရာကနေ နိုင်ငံ ၁၅ နိုင်ငံကို ပြည်ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ ကမ္ဘာတဝှမ်း ကိုဗစ်ကူးစက်လူနာ ၁၀ သန်းခွဲ ကျော်နေပြီး ၅ သိန်းကျော် သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ အကြီးအကဲဖြစ်သူ Tedros Adhannom ကလည်း နိုင်ငံအများစုမှာ COVID-19 နဲ့ ပတ်သက်ပြီး တိုးတက်မှုတွေ ရှိနေပေမယ့် ကမ္ဘာတဝှမ်းလုံးမှာ ကူးစက်မှုနှုန်းကတော့ မြင့်တက်နေဆဲပဲလို့ ပြောပါတယ်။

အီးယူနိုင်ငံတွေအနေနဲ့ လက်တင်အမေရိကနဲ့ အမေရိကန်ပြည်ထောင်စုကို ပြည်ဝင်ခွင့်ပြုသေးမှာ မဟုတ်သလို ဘရာဇီးနဲ့ ရုရှားနိုင်ငံကိုလည်း ပြည်ဝင်ခွင့် ကန့်သတ်ထားဆဲပါပဲ။

နိုင်ငံ ၁၅ နိုင်ငံကို ပြည်ဝင်ခွင့် ပြုလိုက်ပေမယ့် လာရောက် လည်ပတ်လိုတဲ့ ဆန္ဒကိုတော့ မေးမြန်း စိစစ်သွားမယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံကို ပြည်ဝင်ခွင့်ပြုမှာဖြစ်ပေမယ့် ဘေဂျင်း အခြေအနေပေါ် မူတည်ပြီး အပြန်အလှန် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

သြစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ အချို့နေရာတွေမှာလည်း ကူးစက်မှု ပြန်လည် ဖြစ်ပေါ်နေတဲ့အတွက် လူပေါင်း ၃ သိန်းနီးပါး အိမ်မှာနေပြီး အလုပ်လုပ်ကိုင်နေကြရပါတယ်။ ဒုတိယ ကူးစက်မှုနှုန်း အများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာ ပြီးခဲ့တဲ့ ၇ ရက်အတွင်း လူပေါင်း ၂၅,၀၀၀ ကျော် ရောဂါကူးစက်ခံခဲ့ရပါ တယ်။

ပီရူးနိုင်ငံမှာ ကိုဗစ်ကြောင့် လူပေါင်း ၉,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။ အီရန်အစိုးရရဲ့ ကြေညာချက်အရ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ လူပေါင်း ၁၅၀ သေဆုံးခဲ့ပြီး ကိုဗစ်ကူးစက်မှုနှုန်း ဆက်ပြီး မြင့်တက်နေဆဲပါပဲ။

Ref: Chiangraitimes

You may also like these stories:

ဥရောပတလွှား လူကြိုက်များတဲ့ ခရစ္စမတ် ဈေးပွဲတော်များ

နိုင်ငံ ၄ နိုင်ငံအား ဂျပန်နိုင်ငံသို့ ပြည်ဝင်ခွင့်ပြုမည်

ဘရာဇီးကို အမေရိကန်အစိုးရ ပြည်ဝင်ခွင့်ပိတ်ပင်

Your Thoughts …
Tags: ထိုင်းပြည်ဝင်ခွင့်အီးယူနိုင်ငံများ
ညီညီသူ

ညီညီသူ

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.5k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.2k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.8k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

ဆင်တကောင်လုံး တွေ့နေသော်လည်း ဆင်ခြေရာရှာနေသည့် ကျားဖြန့်ပြဿနာ

by ဝတ်ရည်ခိုင်မာ
7 February 2025
12.5k

တကယ်တမ်းတွင် လက်ရှိ မြန်မာပြည်၌ ကျားဖြန့်များ ရှိနေသည်မှာ စစ်တပ် အုပ်ချုပ်နေသည့် နေရာများဖြစ်၏။

Next Post
ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်တာလဲ

ဘာဖြစ်လို့ ကျွန်တော့်ကို ရိုက်တာလဲ

မြန်မာ့ ဆန်များ ပြည်ပတင်ပို့ရန် သင်္ဘော တင်နေစဉ်  / ဧရာဝတီ

ပြည်ပသို့ ဆန်တင်ပို့မှု ကန့်သတ်ချက်များ ဖြေလျှော့ပေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

3 days ago
6.6k
အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

4 days ago
5.7k

Most Read

  • အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ကရင်မလင်မှာ ရှီကျင့်ဖျင်နှင့် မင်းအောင်လှိုင် တွေ့ဆုံမှုနောက်ကွယ်

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate