Travel

ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ထရီလီယံကျော် အရှုံးပေါ်နိုင်

ဇူလိုင်လ ၁ ရက်နေ့က ကုလသမဂ္ဂရဲ့ အစီရင်ခံစာအရ COVID-19 အကျပ်အတည်း ကာလအတွင်း ကမ္ဘာလုံးဆိုင်ရာ ခရီးသွားလုပ်ငန်းအနေနဲ့ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၃ ထရီလီယံကျော် အရှုံးပေါ်နိုင်တယ်လို့ သိရပါတယ်။ ထိုင်းခရီးသွားလုပ်ငန်းအနေနဲ့ ကိုဗစ် ကာလအတွင်း အမေရိကန်ဒေါ်လာ ၄၇ ဘီလီယံ အရှုံးပေါ်နိုင်တယ် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးရေးညီလာခံမှာ “ကိုဗစ်နှင့် ခရီးသွားလုပ်ငန်း” ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့ကြပါတယ်။ ညီလာခံအနေနဲ့ Lockdown ကာလကို ၄ လ၊ ၈ လ နဲ့ ၁၂ လဆိုပြီး အပိုင်း ၃ ပိုင်းခွဲ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှု ရလဒ်အရ ၄ လအတွင်း ဒေါ်လာ ၁ ဒဿမ ၁၇ ထရီလီယံ၊ ၈ လ အတွင်း ဒေါ်လာ ၂ ဒဿမ ၂၂ ထရီလီယံ၊ ၁၂ အတွင်း ဒေါ်လာ ၃ ဒဿမ ၃ ထရီလီယံ အရှုံးပေါ် နိုင်ပါတယ်။

နိုင်ငံတကာ ခရီးသွားလုပ်ငန်း အားလုံးနီးပါး ယာယီ ရပ်ဆိုင်းခဲ့ရသလို ပြည်တွင်း ခရီးသွားလုပ်ငန်းတွေမှာလည်း အသွားအလာ ကန့်သတ်ချက်တွေ ရှိနေပါသေးတယ်။ နိုင်ငံတချို့မှာ ယာယီကန့်သတ်ချက်တွေကို တဖြည်းဖြည်းချင်း ပြန်လည် ရုတ်သိမ်းပေးခဲ့ပေမယ့် အများစုကတော့ နိုင်ငံတကာ ခရီးသွားတွေ ဝင်ရောက်လာမှာကို စိုးရိမ်နေကြဆဲပါပဲ။

စီးပွားရေး အကျပ်အတည်းကြောင့် လူအများစုအနေနဲ့ ပြည်ပခရီးတွေကို သွားနိုင်ကြဦးမှာ မဟုတ်ဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ထိုင်းနဲ့ ပြင်သစ် ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဒေါ်လာ ၄၇ ဘီလီယံခန့် ဆုံးရှုံးနိုင်သလို အမေရိကန်နိုင်ငံအနေနဲ့ အပိုင်း ၃ ပိုင်း စလုံးမှာ အရှုံးပေါ်နိုင်ပါတယ်။ ပထမ ၄ လအတွင်း အမေရိကန်နိုင်ငံက ဝင်ငွေ ဒေါ်လာ ၁၈၇ ဘီလီယံ ကျဆင်းခဲ့ပြီး တရုတ်နိုင်ငံကတော့ ဒေါ်လာ ၁၀၅ ဘီလီယံ ကျဆင်းခဲ့ပါတယ်။

ဂျမေကာနိုင်ငံလို သေးငယ်တဲ့ ကျွန်းနိုင်ငံငယ်လေးတွေအနေနဲ့ အရင် စီးပွားရေးလုပ်ငန်းတွေနဲ့ နှိုင်းယှဉ်ရင် ကြီးမားတဲ့ ဆုံးရှုံးမှုကို ခံစားခဲ့ရပါတယ်။

Ref: Bangkokpost

You may also like these stories:

ဥရောပနိုင်ငံတွေကို အရှေ့တောင်အာရှ ခရီးသွားများ ပိုမို လည်ပတ်လာကြ

ထိုင်းခရီးသွားလုပ်ငန်းများ စတင်ရန် CP ကုမ္ပဏီ တိုက်တွန်း

Loading