ကိုဗစ်ကူးစက်မှု လျော့နည်းလာစေဖို့ ရည်ရွယ်ပြီး ကနေဒါနိုင်ငံအနေနဲ့ နိုင်ငံနယ်နိမိတ်ကို ဇူလိုင်လကုန်ထိ ထပ်မံပိတ်ထားမယ်လို့ သိရပါတယ်။
ကိုဗစ်ကူးစက်မှုဖြစ်ပွားပြီးတဲ့နောက် မတ်လ ၁၈ နေ့က စပြီး ကနေဒါနိုင်ငံကို နိုင်ငံခြားသားခရီးသည်တွေ ဝင်ရောက်ခွင့် ကန့်သတ်ခဲ့ပါတယ်။ ကနေဒါအစိုးရ အနေနဲ့ ဇွန်လ ၃၀ ရက်နေ့မှာ နိုင်ငံနယ်နိမိတ်ကို ပြန်လည် ဖွင့်ပေးခဲ့မယ်လို့ ကြေညာခဲ့ပေမယ့် ကနေဒါနယ်စပ်ဝန်ဆောင်မှု အေဂျင်စီ (CBSA) က ဇူလိုင် ၃၁ ရက်နေ့အထိ နိုင်ငံတကာခရီးသွား တွေကို ပြည်ဝင်ခွင့်ပေးမှာ မဟုတ်သေးဘူးလို့ ကြေညာခဲ့ပါတယ်။
အသစ်ထုတ်ပြန်လိုက်တဲ့ နည်းဥပဒေအရ ကင်းလွတ်ခွင့်ရှိတဲ့ ခရီးသွားတွေကို ပြည်တွင်းဝင်ရောက်ခွင့်ပြုမယ် လို့သိရပါတယ်။ ကနေဒါနယ်စပ်ဝန်ဆောင်မှုအေဂျင်စီ(CBSA) ကလည်း ကနေဒါနိုင်ငံကို မလာရောက်လို့ မဖြစ်တဲ့ခရီးသွားတွေကိုလက်ခံမယ်လို့ပြောပါတယ်။
ကနေဒါဝန်ကြီးချုပ်ဖြစ်သူ Justin Trudeau ကလည်း ကနေဒါအစိုးရအနေနဲ့ နိုင်ငံနယ်နိမိတ်ကို အဆောတလျင် ဖွင့်မှာမဟုတ်သေးဘူးလို့ ပြောကြားခဲ့ပါတယ်။ အမေရိကန် – ကနေဒါ ၂ နိုင်ငံကြား ဇူလိုင် ၂၁ ရက်နေ့အထိ ခရီး သွားလာခွင့်မပြုကြသေးဖို့ သဘောတူညီထားကြပါတယ်။
ကနေဒါနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရသူ ၁ သိန်းကျော်ရှိနေပြီး လူ ၈၀၀၀ ကျော်သေဆုံးခဲ့ ရပါတယ်။ ဒါကြောင့်လည်း ကနေဒါအစိုးရအနေနဲ့ နိုင်ငံနယ်နိမိတ်ကိုပြန်ဖွင့်ဖို့ ဂရုစိုက်ပြီးဆောင်ရွက်နေတာပါ။
ကနေဒါနိုင်ငံရဲ့ ပြည်နယ်အများစုမှာတော့ ကန့်သတ်ချက်တွေကို ပြန်လည် ရုပ်သိမ်း ပြီး Lockdown ချတာမျိုးမရှိတော့ပေမယ့် Social distancing ကတော့ ရှိနေဆဲပါပဲ။
ကနေဒါနိုင်ငံအတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ခရီးသွားလုပ်ငန်းက အလွန်အရေးကြီးတဲ့ အရာတခုပါပဲ။ ခရီးသွားလာခွင့် ကိုကန့်သတ်ထားပေမယ့်လည်း ခရီးသွားလုပ်ငန်းဟာ ကနေဒါနိုင်ငံအတွက်တော့ အရေးကြီးတဲ့ စီးပွားရေး လုပ်ငန်းတခုပါပဲ။ ၂၀၁၉ ခုနှစ်အတွင်း ကနေဒါနိုင်ငံကိုလာရောက် လည်ပတ်ခဲ့ကြတဲ့ခရီးသွားအရေအတွက် ၂၂ ဒဿမ ၁ သန်း အထိရှိခဲ့ပြီး ဒေါ်လာ ၁၀၄ ဘီလီယံ ကျော်ရရှိခဲ့ပါတယ်။
ကနေဒါနိုင်ငံကိုအများဆုံးလာရောက်လည်ပတ်ကြတဲ့ ၁၀ နိုင်ငံကတော့ သြစတြေးလျ ၊ တရုတ် ၊ ပြင်သစ် ၊ ဂျာမနီ ၊ အိန္ဒိယ ၊ ဂျပန် ၊ မက္ကဆီကို ၊ တောင်ကိုရီးယား ၊ ယူကေ နဲ့ အမေရိကန်ပါပဲ။
Ref:timesofindia,destinationcanada
You may also like these stories:
ကမ္ဘာ့ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ထရီလီယံကျော် အရှုံးပေါ်နိုင်
ထိုင်းအပါအဝင် နိုင်ငံ ၁၅ နိုင်ငံအား အီးယူသို့ ဝင်ခွင့်ပြု
ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ စတင် ပျံသန်းတော့မည်