Travel

ရှေးဟောင်းမြို့တော် မာချူပီချူကို မကြာခင် ပြန်ဖွင့်မည်

Want create site? Find Free WordPress Themes and plugins.

ပီရူးနိုင်ငံရဲ့ အထင်ကရနေရာ တနေရာဖြစ်တဲ့ မာချူပီချူ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ကို မကြာခင်ရက်ပိုင်းအတွင်း ပြန်လည် ဖွင့်လှစ်သွားမယ်လို့ ပီရူးအစိုးရက ကြေညာခဲ့ပါတယ်။

ပြန်ဖွင့်မယ့်ရက်ကိုတော့ တိတိကျကျ ကြေညာထားတာမျိုး မရှိသေးပါဘူး။ COVID-19 စတင် ကူးစက်လာပြီနောက်ပိုင်း မာချူပီချူ ရှေးဟောင်း ယဉ်ကျေးမှုမြို့တော်ကို နိုင်ငံတကာ ခရီးသွားတွေ လာရောက်ခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

ပီရူးအစိုးရရဲ့ကြေညာချက်အရ မာချူပီချူဒေသကို လာရောက် လည်ပတ်ခွင့်ပြုတဲ့အချိန်မှာလည်း ခရီးသွား အရေအတွက်ကို ကန့်သတ်ထားပါတယ်။ ကြေညာချက်အရ တရက်ကို နိုင်ငံတကာခရီးသွား ၂၂၄၄ ယောက်ကိုသာ လက်ခံမယ်လို့ သိရပါတယ်။

မာချူပီချူ ရှေးဟောင်းယဉ်ကျေးမှု မြို့တော်ကြီးဟာ တချိန်တုန်းကတော့ နိုင်ငံတကာခရီးသွား ဧည့်သည်တွေနဲ့ ပြည့်နှက်နေတဲ့ နေရာဖြစ်ခဲ့ပြီး Over tourism ဒဏ်ကို ခံခဲ့ရတဲ့ နေရာတနေရာ ဖြစ်ခဲ့ပါတယ်။ COVID -19 ကာလအတွင်းမှာတော့ မာချူပီချူ ရှေးဟောင်းမြို့တော်ကို ပီရူးအစိုးရက ခရီးသွားလာခွင့်တွေ ကန့်သတ်ခဲ့ပါတယ်။

မာချူပီချူမြို့တော်ကို ၁၉၄၈ ခုနှစ်က စတင်ပြီး နိုင်ငံတကာခရီးသွားတွေကို လာရောက် လည်ပတ်ခွင့် ပြုခဲ့ပါတယ်။ ခရီးသွားရာသီ အချိန်ရောက်လာရင်တော့ မာချူပီချူကို လာရောက်တဲ့ ခရီးသွားအရေအတွက်ဟာ တနေ့ကို ၅၀၀၀ ကျော် ရှိခဲ့ပါတယ်။

ဇူလိုင်လ ၁ရက်နေ့မှာတော့ ပီရူးအစိုးရအနေနဲ့ တရက်ကို လူ ၆၇၅ ယောက် လာရောက် လည်ပတ်ဖို့ စီစဉ်ခဲ့ပေမယ့် COVID-19 ကြောင့် ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ COVID-19 ကြောင့် ပီရူးနိုင်ငံကို နိုင်ငံတကာ ခရီးသွားတွေ လာရောက်ခွင့် မပြုတာ ၄ လ ရှိသွားခဲ့ပါပြီ။

မာချူပီချူမြို့ဟောင်းဟာ အင်ကာ လူမျိုးစုတွေရဲ့ မြို့ဟောင်းဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းက ထောက်ခံမှုတွေကြောင့် ကမ္ဘာ့အံ့ဖွယ် ၇ ပါး စာရင်းဝင်ခဲ့ပါတယ်။

၁၅ ရာစုလောက်က တည်ဆောက်ခဲ့တယ်လို့ ယူဆထားတဲ့ အဲဒီဒေသဟာ နိုင်ငံတကာခရီးသွားတွေ လာရောက် လည်ပတ်ရာ နေရာလည်း ဖြစ်ပါတယ်။

အင်တာနက် ခရီးသွား ဝက်ဘ်ဆိုက်တွေဖြစ်တဲ့ Triadviser, National Geograpic, Lonely Planet စတဲ့ ဝက်ဘ်ဆိုက်တွေက စစ်တမ်းကောက်ယူကြည့်တဲ့အခါ နိုင်ငံတကာခရီးသွားတွေကို ဆွဲဆောင်မှုအရှိဆုံး နေရာစာရင်းမှာ မာချူပီချူရှေးဟောင်းမြို့တော်က ထိပ်ဆုံးနေရာမှာ ရှိနေပါတယ်။

လက်ရှိ အချိန်မှာတော့ ပီရူးနိုင်ငံဟာ COVID-19 ကူးစက်မှု ပဉ္စမမြောက် နေရာမှာ ရှိနေပါတယ်။

Ref: timesofindia

You may also like these stories:

ထိုင်းမှာ အယုဒ္ဓယမြို့ဟောင်း ပြန်ဖွင့်ပြီ

အန်ကောဝပ်ကို လာရောက်တဲ့ ခရီးသွားအရေအတွက် ကျဆင်း

ခရီးသွားတွေ လာရောက်မှု မရှိတော့တဲ့ မာချူပီချူရှေးဟောင်းမြို့တော်

Did you find apk for android? You can find new Free Android Games and apps.
Loading