စင်ကာပူ-မလေးရှား နှစ်နိုင်ငံအကြား စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်တဲ့ ခရီးသွားလုပ်ငန်းကို ပြန်လည်စတင်တော့မယ်လို့ သိရပါတယ်။ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်သွားမယ်လို့ ပြောဆိုခဲ့ပါတယ်။
တာဝန်ရှိသူတွေအနေနဲ့ သြဂုတ်လ ၁၀ ရက်နေ့ စပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလာခွင့်ပြု သွားမယ်လို့ သိရပါတယ်။ ကြေညာချက်အရ ပြည်ဝင်ခွင့်ပြုဖို့ သတ်မှတ်ထားတဲ့ ခရီးသွားတွေအနေနဲ့ နှစ်နိုင်ငံစလုံးက သတ်မှတ်ထားတဲ့ COVID-19 ကြိုတင်ကာကွယ်ရေးနဲ့ ပြည်သူ့ကျန်းမာရေး အစီအမံတွေကို လိုက်နာရမှာဖြစ်ပြီး သွားရောက်လိုတဲ့ ခရီးစဉ်ကို ကြိုတင်တင်ပြရမှာ ဖြစ်ပါတယ်။
စင်ကာပူနဲ့ မလေးရှား နိုင်ငံကြား နှစ်နိုင်ငံ နယ်စပ်ဂိတ်တွေကို ပိတ်ထားခဲ့တာလည်း ၅ လနီးပါး ကြာမြင့်လာခဲ့ပါပြီ။ လာမယ့် သြဂုတ်လ ၁၀ ရက်နေ့မှာတော့ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ခရီးသွားလိုသူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးသွားဖို့ စီစဉ်ထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
လက်ရှိအချိန်မှာတော့ စင်ကာပူနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၄၆,၀၀၀ ကျော် ရှိ နေပြီး မလေးရှားနိုင်ငံမှာတော့ ၈၇၀၀ ကျော် ရှိနေပါတယ်။ သေဆုံးသူ အရေအတွက်ကို ကြည့်မယ်ဆိုရင် မလေးရှားနိုင်ငံမှာ ၁၂၂ ယောက် ရှိနေပြီး စင်ကာပူနိုင်ငံမှာ ၂၆ ယောက် ရှိနေပါတယ်။
နှစ်နိုင်ငံ သဘောတူညီချက်ထဲမှာ ဖော်ပြထားချက်အရ နယ်စပ်ဖြတ်ကျော် သွားလာမှုအတွက် အခြားသင့်လျော်တဲ့ အစီအစဉ်တွေကိုလည်း သဘောတူညီထားပြီး နေ့စဉ်လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်နိုင်ဖို့ နယ်စပ်ဖြတ်ကျော် ပြောင်းရွှေ့ခြင်းဆိုင်ရာ အဆိုပြုလွှာလည်း ပါဝင်မယ်လို့ သိရပါတယ်။
COVID-19 ကာလ ဖြစ်နေတဲ့အတွက်လည်း နှစ်နိုင်ငံ ခရီးသွားတွေအနေနဲ့ ကျန်းမာရေးလမ်း ညွှန်ချက်တွေကို အထူးလိုက်နာဖို့တော့ လိုအပ်ပါတယ်။
Ref: Bangkokpost, Bloomberg, thestar
You may also like these stories:
အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်
ရှေးဟောင်းမြို့တော် မာချူပီချူကို မကြာခင် ပြန်ဖွင့်မည်
အီဂျစ်က ကမ္ဘာကျော် ရှေးဟောင်းနေရာတွေ ပြန်ဖွင့်ပြီ