အမေရိကန်နိုင်ငံဟာ COVID-19 ကူးစက်မှုအများဆုံးနိုင်ငံဖြစ်နေတဲ့အတွက် နိုင်ငံအများစုအနေနဲ့ အမေရိကန် ခရီးသွားတွေကို ပြည်ဝင်ခွင့်ကန့်သတ်ထားပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ လည်း အမေရိကန်ခရီးသွားတွေ ကိုပြည်ဝင်ခွင့်ကန့်သတ်ထားဆဲဖြစ်ပေမယ့် ခရိုအေးရှားနိုင်ငံ ကတော့ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြုလိုက်ပါတယ်။ ဒါကြောင့်လည်း အီးယူနိုင်ငံ တွေထဲမှာဆိုရင်တော့ ခရိုအေးရှားနိုင်ငံဟာ အမေရိကန်နိုင်ငံသားတွေကို ပြည်ဝင်ခွင့်ပြုလိုက်တဲ့ ပထမဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားတွေကိုပြည်ဝင်ခွင့်ပြုလိုက်ကြောင်း ခရိုအေးရှားပြည်ထဲရေးဝန်ကြီးဌာနက ပြီး ခဲ့တဲ့ သောကြာနေ့မှာပဲ ကြေညာချက်ထုတ်ခဲ့ပါတယ်။ အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ COVID-19 ကူးစက်မှုမြင့်မား နေတဲ့အမေရိကန်နိုင်ငံကို ဇွန်လနှောင်းပိုင်းလောက်ကတည်းက ပြည်ဝင်ခွင့်ပိတ် ပင်ထားခဲ့ပါတယ်။
ဇူလိုင် ၁ ရက်နေ့မှာတော့ အီးယူအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်ဂိတ်တွေကိုပြန်လည် ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ ၁၅ နိုင်ငံကိုပြည်ဝင်ခွင့်ပြုခဲ့ပေမယ့် အမေရိကန်နိုင်ငံကတော့ ပါဝင်ခြင်းမရှိခဲ့ပါ ဘူး။
ခရိုအေးရှားမှာရှိတဲ့ အမေရိကန်သံရုံးကလည်း အမေရိကန်နိုင်ငံသားတွေအပါအဝင် နိုင်ငံတကာခရီး သွားအားလုံးကို ခရိုအေးရှားနိုင်ငံကိုပြည်ဝင်ခွင့်ပြုလိုက်တယ်လို့ ပြောကြားခဲ့ပါတယ်။
ခရိုအေးရှား ပြည်ထဲရေးဝန်ကြီးဌာနရဲ့ Website မှာဖော်ပြထားချက်အရဆိုရင်တော့ ခရိုအေးရှားနိုင်ငံကိုလာ ရောက်လည်ပတ်လိုတဲ့ ခရီးသွားတွေအနေနဲ့ ၄၈ နာရီအတွင်းရယူထားတဲ့ COVID-19 ကင်းရှင်းကြောင်း အထောက်အထားကို ပြရမယ်လို့ သိရပါတယ်။ COVID-19 ကင်းရှင်းကြောင်း အထောက်အထားပြနိုင်တယ်ဆိုရင်တော့ ၁၄ ရက် Quarantine ဝင်စရာမလိုတော့ပါဘူး။
လက်ရှိအချိန်မှာတော့ ခရိုအေးရှားနိုင်ငံမှာ COVID-19 ကူးစက်သူပေါင်း ၃၈၂၇ ယောက်ရှိနေပြီး သေဆုံးသူပေါင်း ၁၂၀ ယောက်ရှိခဲ့ပါတယ်။ လာရောက်လည်ပတ်တဲ့ခရီးသွားတွေအနေနဲ့ ခရိုအေးရှားလေဆိပ်ကိုရောက်ရင် ခရီးသွားမှတ်ပုံတင်ပုံစံဖြည့်စွက်ရမှာဖြစ်သလို လာရောက်လည်ပတ်တဲ့ အကြောင်းအရင်းကိုလည်း ဖော်ပြရမယ်လို့ သိရပါတယ်။
Ref:timesofindia
You may also like these stories:
မွန်ဂိုလီးယားမှာ ဖြစ်ပွားနေတဲ့ ပလိပ်ရောဂါကြောင့် ခရီးသွားလာခွင့် ပိတ်ပင်
ဥရောပနိုင်ငံအများစုကို နော်ဝေသို့ ဝင်ရောက်ခွင့်ပြု