ကနေဒါလေကြောင်းလိုင်းတလိုင်းဖြစ်တဲ့ Air Canada အနေနဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ နေ့ကစပြီး ထိုင်ဝမ်နိုင်ငံကို လေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲသွားမယ်လို့ ဇူလိုင် ၁၇ ရက်နေ့က ကြေညာခဲ့ပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း Air Canada အနေနဲ့ မတ်လ ၂၉ ရက်နေ့ ကစပြီး ထိုင်ဝမ်နိုင်ငံကို လေကြောင်း ပျံသန်းမှု ခရီးစဉ်တွေကို ယာယီ ရပ်ဆိုင်းထားခဲ့ပါတယ်။
လေကြောင်းလိုင်း စတင်ပျံသန်းဖို့ ဇွန်လမှာ စီစဉ်ထားခဲ့ပေမယ့် COVID-19 ကြောင့် အောက်တိုဘာလကို ရွှေ့ဆိုင်းခဲ့ပါတယ်။ အခုနောက်ဆုံး ဆုံးဖြတ်ချက်အရ ၂၀၂၁ ခုနှစ်၊ မတ်လမှသာ လေကြောင်းလိုင်းခရီးစဉ်တွေကို ပြန်စတင်နိုင်မယ်လို့ သိရပါတယ်။ Air Canada ရဲ့ ကြေညာချက်အရ လေကြောင်းလိုင်း ပြန်စတင်တဲ့အခါ တပတ်ကို ၅ ကြိမ် ပျံသန်းသွားပါမယ်။
ပြန်လည် ပြေးဆွဲတဲ့အခါမှာတော့ Economy Class အတွက် လေယာဉ် လက်မှတ်ခ အမေရိကန် ဒေါ်လာ ၄၅၇ ဒေါ်လာ ကုန်ကျမှာဖြစ်ပြီး တိုက်ရိုက်ခရီးစဉ်ကို ကြိုတင်စာရင်းသွင်းထားတဲ့ ခရီးသည်တွေအတွက် အထူးလျှော့ဈေးနဲ့စီစဉ်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
ကိုဗစ်ကာလအတွင်း လေကြောင်းလိုင်းတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ နိုင်ငံအချို့မှာ ပြည်ပလေကြောင်းလိုင်း ခရီးစဉ်တွေ ပြန်လည် ပြေးဆွဲနေပေမယ့် လေဆိပ်မှာ ကိုယ်အပူချိန်တိုင်းတာ၊ လေယာဉ်ပေါ်မှာ Mask တပ်ဆင်ရတာ၊ Social distancing ကို လိုက်နာရတာမျိုးတွေ သတ်မှတ်ထားဆဲပါ။
Air Canada ဟာ ထူးခြားတဲ့ လေကြောင်းလိုင်းတလိုင်းလည်း ဖြစ်ပါတယ်။ Air Canada မှာ ကျား၊ မ ခွဲခြားတဲ့ အသုံးအနှုန်းကို အသုံးပြုလေ့ မရှိပါဘူး။ အရင်ကတော့ “Ladies and Gentlemen” လို့ လေယာဉ်ပေါ်မှာ ကြေညာလေ့ ရှိခဲ့ပေမယ့် နောက်ပိုင်းမှတော့ လိင်ခွဲခြားတဲ့ ဒီလိုအသုံးအနှုန်းမျိုးတွေကို မသုံးနှုန်းတော့ဘဲ လူအများကို ရည်ညွှန်းတဲ့ “Everybody” ဆိုတဲ့စကားကိုသာ သုံးစွဲတဲ့ လေကြောင်းလိုင်းလည်း ဖြစ်ပါတယ်။
လက်ရှိမှာတော့ ကနေဒါနိုင်ငံမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၁ သိန်းကျော် ရှိနေပြီး သေဆုံးသူပေါင်း ၉၀၀၀ နီးပါး ရှိခဲ့ပါတယ်။
Ref: taiwannnews
You may also like these stories:
ဇူလိုင်လကုန်အထိ ကနေဒါကို လာရောက်ခွင့်မပေး
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံကို ပျံသန်းမယ့် လေကြောင်းခရီးစဉ်များ ယာယီရပ်ဆိုင်း