• English
Sunday, July 13, 2025
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

နိုင်ငံတကာ ခရီးသွားလုပ်ငန်းအများစု ထိုင်းဈေးကွက်မှ ထွက်ခွာနေ

by ညီညီသူ
22 July 2020
in Travel
A A
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့

6.8k
VIEWS
Share on FacebookShare on Twitter

ထိုင်းခရီးသွားလာရေးလုပ်ငန်းကောင်စီ (TCT) ရဲ့ အဆိုအရ နိုင်ငံတကာ ခရီးသွားလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း ၃၀ ရာခိုင်နှုန်းကျော်လောက် ထိုင်းခရီးသွား ဈေးကွက်ကနေ ထွက်ခွာနေကြတယ်လို့ သိရပါတယ်။

TCT ရဲ့အကြီးအကဲဖြစ်သူ Chairat Trirattanajarasporn ကလည်း သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်း လည်ပတ်တာကို ရပ်တန့်တာမျိုး ဒါမှမဟုတ် ပိုင်ဆိုင်တာကို ပြန်လည် ရောင်းချတာမျိုး စတဲ့ မသေချာ မရေရာတဲ့ အခြေအနေကြောင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းကာလ ၆ လကြာပြီးတဲ့နောက်မှာ ခရီးသွားလုပ်ငန်းတွေရဲ့ အခြေအနေက ပိုမိုဆိုးရွားလာဖို့ရှိနေတယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။

RelatedPosts

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ ရဲ့ Robotaxi တွေကို ဆန်ဖရန်စစ္စကိုမှာ ၂ လ အတွင်း ဖြန့်မယ်တဲ့

12 July 2025
175
မော်စီတုန်း (၂)

မော်စီတုန်း (၂)

12 July 2025
572
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

7 July 2025
3.6k

သူ့ပြောကြားချက်အရ အကျပ်အတည်း ဒဏ်ခံနေရတဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားတွေကတော့ ခရီးသွားလုပ်ငန်း၊ ဘတ်စ်ကား ဝန်ဆောင်မှုလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ အမှတ်တရ ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဟိုတယ်လုပ်ငန်းမှာဆိုရင်တော့ တရုတ်ခရီးသွားတွေကို အဓိက ပစ်မှတ်ထားတဲ့ ဟိုတယ်လုပ်ငန်းတွေက ပိုပြီး အထိနာနေပါတယ်။

ခရီးသွားလုပ်ငန်းဌာနရဲ့ပြောဆိုချက်အရ ဇန်နဝါရီလကနေ ဇွန်လအထိ ခရီးသွားလုပ်ငန်းပေါင်း ၁၁၁၁ လောက်က သူတို့ရဲ့လုပ်ငန်းလိုင်စင်တွေကို ပြန်လည် ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဇွန်လအတွင်း ကုမ္ပဏီပေါင်း ၂၆၂ ကုမ္ပဏီ ဈေးကွက်ကနေ အပြီးအပိုင် ထွက်ခွာသွားခဲ့ပါတယ်။

ထိုင်းခရီးသွားအေဂျင်စီ အဖွဲ့အစည်းရဲ့ အကြီးအကဲဖြစ်သူ Thanapol Cheewarattanaporn ကလည်း နိုင်ငံအများစုနဲ့ ချိတ်ဆက်ပြီး ခရီးသွားလုပ်ငန်းတွေကို အကောင်အထည် မဖော်နိုင်ခဲ့ရင် ပြည်ပခရီးသွား လုပ်ငန်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကျော်ကို အပြီးအပိုင်ပိတ်ထားရလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာတော့ ခရီးသွားလုပ်ငန်း အများစုအနေနဲ့ ခရီးသွားလာရေးနဲ့ သက်ဆိုင်တဲ့ အသေးစိတ် အချက်အလက်တွေကို စောင့်ဆိုင်းနေရဆဲပါပဲ။ Rayong မှာ အီဂျစ်လေယာဉ်မှူးတယောက် ဗိုင်းရပ်စ်တွေ့ရှိခဲ့သလို ဆူဒန်သံတမန်တဦးရဲ့ သမီးဖြစ်သူမှာလည်း ဗိုင်းရပ်စ် တွေ့ရှိခဲ့ပြီးနောက် ခရီးသွားလာရေးဆိုင်ရာ သဘောတူညီချက်တွေကို ပိုပြီးကြန့်ကြာနိုင်ဖို့ ရှိနေပါတယ်။

နယ်စပ်တွေကို ပြန်လည် ဖွင့်လှစ်ဖို့ စောင့်ဆိုင်းနေချိန်မှာပဲ စီးပွားရေးလုပ်ငန်းတွေကို ထိန်းသိမ်းလိုသူတွေအဖို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ဦးစားပေးအနေနဲ့ ဆောင်ရွက်လာကြတယ်လို့ Mr.Thanapol က ပြောပါတယ်။

Ref: Bangkokpost

You may also like these stories:

ထိုင်းမှာ နိုင်ငံတကာလေကြောင်းလိုင်းများ စတင် ပျံသန်းတော့မည်

ဂျပန်ကို လာရောက်တဲ့ နိုင်ငံခြားသား အရေအတွက် ကျဆင်း

ဘာလီမှာ နိုင်ငံတကာခရီးသွားလုပ်ငန်းများ ပြန်စတင်တော့မည်

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းထိုင်း
ညီညီသူ

ညီညီသူ

Similar Picks:

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

အားလုံးက BGF ကို စောင့်ကြည့်နေကြသည်

by Paskorn Jumlongrach
22 April 2024
16.6k

စစ်ကောင်စီ ဆုံးရှုံးသည့်သတင်းများကို ဒီမိုကရေစီလိုလားသောနိုင်ငံများနှင့် အဖွဲ့များက ကြိုဆိုကြသော်လည်း မြဝတီ ကျဆုံးခြင်းကြောင့် ဖြစ်ပေါ်လာမည်များနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ဖြစ်စေသည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.3k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

ထိုင်းတွင် အလောင်း ၇၃ လောင်း သိမ်းဆည်းထားသည့် ဘုန်းကြီးများကို စစ်ဆေးနေ

by ဧရာဝတီ
28 November 2024
15.3k

ပါနခွန်ချိုင်ဘိုဗွန် ဘုန်းကြီးကျောင်းတွင် မိချောင်းအကောင် ၆၀၀ ခန့်ကိုလည်း မွေးထားသည်။

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

အောင်ဇေယျ ထိုးစစ်က စစ်တပ်အတွက် သေရေးရှင်ရေးဖြစ်သည်

by Anthony Davis
10 May 2024
14.9k

မြန်မာနိုင်ငံ၏ ၁၈ ရာစု ကုန်းဘောင်မင်းဆက်ကို တည်ထောင်သူ အလောင်းဘုရားကို ဂုဏ်ပြုပြီး အောင်ဇေယျ စစ်ဆင်ရေးဟု အမည်ပေးထားသည်။

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

အောင်ဇေယျ၊ ဒေါနတောင်နှင့် မြဝတီစစ်မျက်နှာ

by အေးချမ်းဆု
25 April 2024
14.1k

စစ်ရေးအရဆိုလျှင်လည်း မြဝတီစစ်မျက်နှာအတွက် အဆုံးအဖြတ်မှာ ဒေါနတောင်ကြောပေါ်တွင် ရှိသည်။

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

ကရင်ပြည်နယ်ထဲ ညှဉ်းပန်းသတ်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်း ရယူနေ

by Alastair McCready & Allegra Mendelson
1 August 2023
12.8k

"ဒီမှာနေရတာ စက္ကန့်တိုင်းက ညှဉ်းပန်းနှိပ်စက်ခံနေရသလိုပဲ"

Next Post
ကရင်ပြည်နယ် ဘားအံမြို့နယ်၌ ယခုလ ၂၀ ရက်က KNDP ပါတီ ဆိုင်းဘုတ်တင်ပွဲ ကျင်းပနေစဉ် / KNDP / Facebook

ကရင်ပါတီများ အချင်းချင်း ညှိနှိုင်း၍ မဲဆန္ဒနယ် ခွဲဝေ ယှဉ်ပြိုင်မည်

လောက်ကိုင်မြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသား ၈ ဦးကို ဇူလိုင် ၁၄ ရက်နေ့က ဖမ်းဆီးရမိစဉ် / တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့

တရားမဝင် ဝင်ရောက်လာသည့် တရုတ်နိုင်ငံသားများ ဆက်တိုက်ဖမ်းမိ

No Result
View All Result

Recommended

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

6 days ago
3.6k
စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

စစ်လော်ဘီတွေ လော်တဲ့ စစ်ခေါင်းဆောင် မင်း‌အောင်လှိုင် မွေးနေ့

1 week ago
10.9k

Most Read

  • အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၄

    shares
    Share 0 Tweet 0
  • မော်စီတုန်း (၂)

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate