• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Travel

ဘာလီခရီးသွားလုပ်ငန်းများ ပြန်စတင်မည်

by ညီညီသူ
27 July 2020
in Travel
A A
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

2.6k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက COVID-19 ကူးစက်မှု အများဆုံး နိုင်ငံတနိုင်ငံပါ။ အင်ဒိုနီးရှားနိုင်ငံမှာ ရောဂါကူးစက်ခံရသူပေါင်း ၉၈၀၀၀ ကျော် ရှိနေပြီး သေဆုံးသူပေါင်း ၄၇၀၀ ကျော် ရှိနေပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားလာကတည်းက ခရီးသွားလုပ်ငန်းတွေ အားလုံးကိုလည်း တခြားစီးပွားရေးလုပ်ငန်းတွေ နည်းတူ ရပ်ဆိုင်းထားခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်နေ့မှာတော့ ရေကြောင်းဆိုင်ရာနဲ့ ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဖြစ်သူ Luhut Pandjaitan က ဘာလီနဲ့ အရှေ့ဂျာဗားမှာရှိတဲ့ ဘန်ယူဝန်ဂီမြို့က ခရီးသွားလုပ်ငန်းတွေကို မကြာခင်ရက်ပိုင်းအတွင်း ပြန်လည် စတင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
490
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
215
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
759

အင်ဒိုနီးရှားအစိုးရအနေနဲ့ COVID-19 ဖြစ်ပွားမှု ကြားကနေပဲ ခရီးသွားလုပ်ငန်းတွေကို တဖြည်းဖြည်းချင်း ပြန်လည် စတင်သွားဖို့ ရှိနေပါတယ်။ ဒါကလည်း အင်ဒိုနီးရှားအစိုးရရဲ့ ကြိုးပမ်းမှု တစိတ်တဒေသပါပဲ။

လာမယ့် ဗုဒ္ဓဟူးနေ့မှာတော့ ခရီးသွားလာရေးဝန်ကြီးဖြစ်သူ Wishnutama Kusubandio နဲ့ ဘန်ယူဝမ်ဂီက ခရီးသွားလုပ်ငန်းတွေကိုပြန်လည်စတင်ဖို့ ဆွေးနွေးမှာဖြစ်ပြီး ဇူလိုင် ၃၀ ရက်နေ့မှာတော့ ဘာလီခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ ဆွေးနွေးသွားမှာဖြစ်တယ်လို့ Luhut က ဝန်ကြီးဌာနရဲ့ တရားဝင် YouTube Channel မှာ ပြီးခဲ့တဲ့ စနေနေ့က ပြောကြားထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံဟာ COVID-19 ကူးစက်မှု များပြားတဲ့အတွက်ကြောင့် ခရီးသွားလုပ်ငန်းတွေ ပြန်လည် နာလန်ထူနိုင်ဖို့ တနှစ်နီးပါးလောက် ကြာမြင့်မယ်လို့ သူက ပြောပါတယ်။

ပြန်လည် နာလန်ထူနိုင်ဖို့အတွက်ဆို တဖြည်းဖြည်းချင်းနဲ့ စဉ်ဆက်မပြတ် လုပ်ဆောင်သွားဖို့ လိုအပ်ပြီး အမှားတွေကို လျှော့ချနိုင်ဖို့ အဆင့်တိုင်းကို သေသေချာချာ အကဲဖြတ်ဖို့ လိုအပ်တယ်လို့ Luhut က ပြောပါတယ်။ တဆက်တည်းမှာပဲ သူက လေကြောင်းခရီးသည်တွေ များပြားလာဖို့ ဆောင်ရွက်ရမှာ ဖြစ်သလို ကပ်ရောဂါကာလအတွင်းက မငြိမ်မသက် ဖြစ်နေခဲ့တဲ့ လေကြောင်းလုပ်ငန်းတွေကို အား ဖြည့်ပေးဖို့ မျှော်လင့်ကြောင်း ပြောခဲ့ပါသေးတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 စတင်ဖြစ်ပွားပြီးနောက်ပိုင်း ၃ လကြာအောင် ဘာလီကို Lockdown ချထားခဲ့ရပါတယ်။ ဇူလိုင်လအစောပိုင်းမှာတော့ Lockdown ပြန်လည် ရုတ်သိမ်းခဲ့ပြီး အင်ဒိုနီးရှားနိုင်ငံသားတွေကို လာရောက် လည်ပတ်ခွင့်ပြုခဲ့ပါတယ်။

အင်ဒိုနီးရှား အာဏာပိုင်တွေ အနေနဲ့ COVID-19 ကာလအတွင်း လေဆိပ်ကို ပိတ်ထားခဲ့ရပြီး လူ ၄ သန်းကျော် နေထိုင်တဲ့ ဘာလီကျွန်းပေါ်က ဆိုင်တွေ၊ အရက်ဆိုင်တွေနဲ့ စားသောက်ဆိုင်တွေ အားလုံးကို ပိတ်ထားခဲ့ရပါတယ်။

Ref: thejakartapost, time

You may also like these stories:

နိုင်ငံတကာ ခရီးသွားလုပ်ငန်းအများစု ထိုင်းဈေးကွက်မှ ထွက်ခွာနေ

ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းများ စက်တင်ဘာလတွင် ပြန်စမည်

အမေရိကန်နိုင်ငံသားများကို မော်လ်ဒိုက်သို့ ဝင်ရောက်ခွင့်ပြုမည်

Your Thoughts …
Tags: ခရီးသွားလုပ်ငန်းများဘာလီ
ညီညီသူ

ညီညီသူ

Similar Picks:

ဟာဝိုင်ယီကျွန်းစု

ဟာဝိုင်ယီ ခရီးသွားလုပ်ငန်းများ စက်တင်ဘာလတွင် ပြန်စမည်

by ညီညီသူ
16 July 2020
22.1k

အမေရိကန်နိုင်ငံမှာ နေ့စဉ်လိုလို COVID-19 ကူးစက်သူ အရေအတွက် မြင့်မားနေတဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်စတင်ရင် မဖြစ်မနေ Quarantine ၁၄ ရက် ဝင်ရမှာ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်း

ဘာလီ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်

by ညီညီသူ
5 August 2020
53.5k

ဘာလီအာဏာပိုင်တွေဟာ ဇူလိုင်လ အစောပိုင်းကတည်းလောက်ကပဲ ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက်လေ့ရှိတဲ့ နေရာတွေကို အဆင့်ဆင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။

ဘာလီမှ အဂွန်း မီးတောင် ပေါက်ကွဲတော့မည် စိုးရိမ်ပြီး ဝေးရာ ရွှေ့ပြောင်းကြရသည်

အဂွန်းမီးတောင် ပေါက်တာ စောင့်နေရတဲ့ ဘာလီက အဖွား

by Karim Raslan
10 October 2017
5.4k

လူတိုင်းက မီးတောင်ပေါက်မည်ကြောင့် ဘာလီကျွန်းမှ ခရီးသွားလုပ်ငန်းအပေါ် သက်ရောက်မှု အကြောင်း စဉ်းစားနေချိန်တွင် ပြည်သူများ အန္တရာယ်ဇုန်ထဲတွင် ကျန်ရစ်နေဆဲ ဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းရှိ မောင့်အက်ဂွန်မီးတောင်မှ ပြာမှုန်များနှင့် မီးခိုးများ ကျွန်း၏ ကောင်းကင်ယံ မီတာ ၆ ထောင်အမြင့် အထိ မှုတ်ထုတ်နေ / Reuters

ဘာလီ မီးတောင် ပေါက်ကွဲမည့် အလားအလာကြောင့် လေကြောင်းခရီးစဉ်များကို သတိပေးထား

by ဧရာဝတီ
27 November 2017
4.7k

အာဂွန်မီးတောင်သည် ၁၉၆၃ ခုနှစ်က နောက်ဆုံး ပေါက်ကွဲခဲ့ပြီး လူပေါင်း ၁ ထောင် သေကြေကာ အနီးတဝိုက်ရှိကျေးရွာများ ပျက်စီး ဆုံးရှုံးခဲ့ရဖူးသည်။

နိုင်ငံတော်တော်များများက ခရီးသွားလာရေးတွေကို ပိတ်ပင်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းတွေအနေနဲ့ အခုလို ဆိုးရွားတဲ့ သက်ရောက်မှုတွေကို ခံနေရတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခရီးသွားလုပ်ငန်းများ ဒေါ်လာ သန်းနဲ့ချီ အရှုံးပေါ်

by ရေဗန်
13 March 2020
9.3k

British Airways, EasyJet နဲ့ Norwegian Air လေကြောင်းလိုင်းတွေက ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနိုင်ဖို့ ခရီးစဉ်အားလုံးကို ဖျက်သိမ်းထားပါတယ်။

ဆိုက်ပရပ်စ်နိုင်ငံ

ဆိုက်ပရပ်စ်မှာ ခရီးသွားလုပ်ငန်းများ ပြန်စတင်မည်

by ညီညီသူ
2 June 2020
4.1k

ဆိုက်ပရပ်စ်နိုင်ငံအနေနဲ့ ခရီးသွားလုပ်ငန်းတွေ ပြန်လည်စတင်မှာ ဖြစ်ပေမယ့် နိုင်ငံတိုင်းကိုတော့ ပြည်တွင်း ဝင်ရောက်ခွင့်ပြုမှာတော့ မဟုတ်သေးပါဘူး။

Next Post
အမေရိကန်သံရုံးက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်ကို ထောင်နဲ့ချီတဲ့ Mask တွေ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

အမေရိကန်သံရုံးက ထိုင်းကို Mask များ လှူဒါန်း

လူရွှင်တော် မေတ္တာ  / ဧရာဝတီ

“ပိုသူလှူ လိုသူကူ” အဖွဲ့နဲ့အတူ ဟင်းချက်ရောင်းပေးတဲ့ မေတ္တာ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate