အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ ကမ္ဘောဒီးယားနိုင်ငံကလည်း COVID-19 ရောဂါကြောင့် လူသေဆုံးမှု မရှိခဲ့တဲ့ နိုင်ငံပါ။ ဒါပေမယ့်လည်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံက ပြန်လာသူတွေမှာ COVID-19 ကူးစက်မှုတွေ တွေ့ရှိခဲ့တာကြောင့် သြဂုတ်လ ၁ ရက်နေ့ကစပြီး မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံအကြား လေကြောင်းပျံသန်မှုတွေကို ယာယီရပ်ဆိုင်းသွားမယ်လို့ ကမ္ဘောဒီးယား အစိုးရက ပြောပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်လူနာ ၂၂၆ ယောက် ရှိနေပါတယ်။ ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာထဲမှာလည်း ဝန်ကြီးချုပ် Hun Sen ဟာ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတွေမှာ COVID-19 ကူးစက်မှု မြင့်မားနေတဲ့အတွက် လေကြောင်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားဖို့ သဘောတူခဲ့ကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ ကူးစက်လူနာသစ်တွေဟာ ရုရှားနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံက ပြန်လာသူတွေဖြစ်ကြပြီး မလေးရှားနိုင်ငံကနေတဆင့် ကမ္ဘောဒီးယားကို လေကြောင်းခရီးစဉ်နဲ့ ပြန် လာကြသူတွေ ဖြစ်ကြပါတယ်။ ပြည်တော်ပြန်တွေဟာ COVID-19 စတင် ဖြစ်ပွားပြီးနောက်ပိုင်း အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ရုရှားနိုင်ငံမှာ သောင်တင်နေကြသူတွေလည်း ဖြစ်ပါတယ်။
ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနကလည်း ဇွန်လ ၂၀ ရက်ကနေ ဇူလိုင် ၂၅ ရက်နေ့အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ COVID-19 ကူးစက်လူနာ အရေအတွက် မြင့်တက်လာခဲ့ပြီး အများစုကတော့ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကနေ လေကြောင်းခရီးစဉ်နဲ့ ပြန်လာကြသူတွေ ဖြစ်တယ်လို့ ပြောပါတယ်။ ဒါကြောင့်လည်း ဗိုင်းရပ်စ် ကူးစက်မှုကို တားဆီးနိုင်ဖို့ သြဂုတ်လကစပြီး လေကြောင်း ပျံသန်းမှုတွေကို ယာယီ ရပ်ဆိုင်းသွားမယ်လို့ သိရပါတယ်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် Han Sen ကလည်း မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံကနေ လေကြောင်းခရီးစဉ်နဲ့ ပြန်လာကြသူတွေမှာ COVID-19 ကူးစက်မှု မြင့်တက်နေတဲ့အတွက် လေကြောင်းခရီးစဉ်တွေကို ယာယီရပ်ဆိုင်းထားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။ လွန်ခဲ့တဲ့ ရက်သတ္တပတ်အတွင်း ကမ္ဘောဒီးယားနိုင်ငံမှာ ကူးစက်လူနာသစ် ၂၇ ယောက်တွေ့ခဲ့ပြီး ၂၃ ယောက်ကတော့ အင်ဒိုနီးရှားနိုင်ငံက ပြန်လာကြသူတွေ ဖြစ်ပါတယ်။
Ref: thesundaily.my
You may also like these stories:
ကမ္ဘောဒီးယားကို လာရောက်သူများ အာမခံကြေး ဒေါ်လာ ၃၀၀၀ ပေးရမည်
ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်း ဒေါ်လာ ၃ ဘီလီယံ အရှုံးပေါ်