Travel

ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းကို ပြင်သစ်က ဒေါ်လာ ၁ ဒဿမ ၇ သန်း ထောက်ပံ့

Want create site? Find Free WordPress Themes and plugins.

ကိုဗစ် ကာလအတွင်း နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာလည်း COVID-19 ရောဂါကို ထိန်းချုပ်နိုင်ပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ခဲ့ပါတယ်။

ကိုဗစ် ကာလအတွင်း ကမ္ဘောဒီးယား ခရီးသွားတွေလုပ်ငန်းအနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အတွက် ပြင်သစ်နိုင်ငံက ဒေါ်လာ ၁ ဒဿမ ၇ သန်း ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ ကိုဗစ်ကာလမှာ ကမ္ဘောဒီးယားကို လာရောက် လည်ပတ်တဲ့ နိုင်ငံခြားသား အရေအတွက် ကျဆင်းခဲ့ပြီး လေကြောင်းလိုင်းအများစုကိုလည်း ယာယီ ရပ်ဆိုင်းခဲ့ရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလာရေးလုပ်ငန်း အထွေထွေ ညွှန်ကြားရေးမှူးဖြစ်သူ Nep Samuth ကလည်း ၂၀၂၀ – ၂၀၂၃ ခုနှစ်အတွင်း ခရီသွားလုပ်ငန်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံကိန်းအတွက် ပြင်သစ်နိုင်ငံမှ ဒေါ်လာ ၁ ဒဿမ ၇ သန်းထောက်ပံ့ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

ပြင်သစ်နိုင်ငံက ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းအတွက် ထောက်ပံ့နေချိန်မှာပဲ တရုတ်အစိုးရကလည်း ကမ္ဘောဒီးယားပြည်နယ် ၁၄ ပြည်နယ်က ကျေးရွာပေါင်း ၁၃၃ ရွာ မီးလင်းဖို့ ဒေါ်လာ သန်း ၈၀ ချေးပေမယ်လို့ ပြောကြားခဲ့ပါတယ်။

Nep Samuth ရဲ့ပြောကြားချက်အရ ပြင်သစ်အစိုးရအနေနဲ့ ကိုဗစ် ကာလအတွင်း ကျဆင်းသွားခဲ့တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့ ခရီးသွားလုပ်ငန်း ကဏ္ဍကို ထောက်ပံ့ပေးဖို့နဲ့ ခရီးသွားတွေ လုံခြုံဖို့ အစီအမံတွေဆောင်ရွက်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံအနေနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေကို အရည်အသွေးရှိတဲ့ ခရီးသွားလုပ်ငန်းဖြစ်လာစေဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ကမ္ဘောဒီးယားမှာ COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၂၂၆ ယောက် ရှိပြီး လူသေဆုံးမှုတော့ မရှိခဲ့ပါဘူး။ ပြင်သစ်နိုင်ငံက ထောက်ပံ့ငွေတွေကို ကိုဗစ်ကာလအတွင်း ဆုံးရှုံးခဲ့ရတဲ့ ခရီးသွားစီမံကိန်း ၂၄ ခုအတွက် သုံးစွဲသွားမယ်လို့ သိရပါတယ်။

ကိုဗစ်ကာလအတွင်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝင်ငွေ ဒေါ်လာ ၃ ဘီလီယံ ဆုံးရှုံးခဲ့ရတယ်လို့ ကမ္ဘောဒီးယား ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားပါတယ်။ ဒါကြောင့်လည်း ကမ္ဘောဒီးယားအစိုးရအနေနဲ့ ပုဂ္ဂလိက ခရီးသွားလုပ်ငန်းတွေ ပြန်လည် ဖွံ့ဖြိုးတိုးတက်လာအောင် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

Ref: khmertimeskh

You may also like these stories:

ဗြိတိန်ကိုလာမယ့် စပိန်ခရီးသွားတိုင်း Quarantine ၁၄ ရက် နေရမည်

ကမ္ဘောဒီးယားမှာ မလေးရှားနဲ့ အင်ဒိုနီးရှား လေကြောင်းလိုင်းများ ယာယီရပ်ဆိုင်း

ဗီယက်နမ် – တရုတ်လေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲမည်

Did you find apk for android? You can find new Free Android Games and apps.
Loading