အင်ဒိုနီးရှားနိုင်ငံမှာ COVID-19 ကူးစက်မှုတွေ မြင့်မားနေပေမယ့်လည်း နောက်ဆုံးမှာတော့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်နိုင်ခဲ့ပါတယ်။
စီးပွားရေးလုပ်ငန်းတွေဟာ ရေရှည်ရပ် ဆိုင်းထားလို့ မရတဲ့အတွက်ကြောင့် ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို ပြန်လည် စတင်ရခြင်းဖြစ်ကြောင်း ဘာလီ ဒုတိယအုပ်ချုပ်ရေးမှူး Tjokorda Oka Artha က ပြောပါတယ်။
ဒါကြောင့်လည်း အင်ဒိုနီးရှားနိုင်ငံသားတွေအနေနဲ့ ဇူလိုင်လ ၃၁ ရက်နေ့ကစပြီး ဘာလီကို လည်ပတ်နိုင်ပြီဖြစ်ပေမယ့် နိုင်ငံတကာ ခရီးသွားလုပ်ငန်းတွေကိုတော့ ရပ်ဆိုင်းထားမယ်လို့ သိရပါတယ်။ ဘာလီအာဏာပိုင်တွေအနေနနဲ့ စက်တင်ဘာ ၁၁ ရက်နေ့လောက်မှ နိုင်ငံတကာခရီးသွားတွေကို လာရောက်ခွင့်ပြုနိုင်ဖို့ စီစဉ်ထားပါတယ်။
ဘာလီအာဏာပိုင်တွေဟာ ဇူလိုင်လ အစောပိုင်းကတည်းလောက်ကပဲ ပြည်တွင်းခရီးသွားတွေ အများဆုံး လာရောက်လေ့ရှိတဲ့ နေရာတွေကို အဆင့်ဆင့် ဖွင့်လှစ်ပေးခဲ့ပါတယ်။ အခုအချိန်မှာတော့ ခရီးသွားတွေ အများဆုံး လာရောက်လေ့ရှိတဲ့ နေရာတွေကို ဖွင့်လှစ်ပေးနိုင်ခဲ့ပါတယ်။
ဘာလီရဲ့အထင်ကရ နေရာတွေကို ပြည်တွင်းခရီးသွားတွေအနေနဲ့ လာရောက် လည်ပတ်နိုင်ပြီ ဖြစ်ပေမယ့် နိုက်ကလပ်နဲ့ ကာရာအိုကေတွေကိုတော့ ဆက်ပြီး ပိတ်ထားဆဲပဲလို့ ဘာလီအာဏာပိုင်တွေက ပြောပါတယ်။
ဘာလီကို လာရောက် လည်ပတ်တဲ့ ပြည်တွင်းခရီးသွားတွေအနေနဲ့ COVID-19 ကင်းရှင်းကြောင်း ကျန်းမာရေး ထောက်ခံချက် လိုအပ်သလို ကိုယ်အပူချိန်တိုင်းတာ၊ Mask တပ်ဆင်တာနဲ့ Social Distancing အတိုင်း နေထိုင်တာတွေကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။
ဘာလီကျွန်းကို လာရောက် လည်ပတ်မယ့် ပြည်တွင်းခရီးသွားတွေအနေနဲ့ အင်ဒိုနီးရှားအစိုးရ ဝက်ဘ်ဆိုက်မှာ တင်ပေးထားတဲ့ “LOVEBALI” ဆိုတဲ့ မိုဘိုင်း App ကို အသုံးပြုဖို့ လိုအပ်ပြီး ဘာလီကို ရောက်တာနဲ့ GPS ဖွင့်ထားဖို့ လိုအပ်ပါတယ်။ ဒါမှလည်း အကြောင်းကိစ္စ တစုံတရာ ရှိလာရင် မိုဘိုင်း App ကနေတဆင့် သက်ဆိုင်ရာ အာဏာပိုင်တွေကို အကြောင်းကြားနိုင်မှာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ရက်လောက်ကတော့ ဘာလီမှာ COVID-19 ရောဂါ ကူးစက်ခံထားရသူတွေကို တွေ့ရှိခဲ့ပါတယ်။ ဘာလီမှာ COVID-19 ကူးစက်လူနာ ၃,၃၆၀ ယောက် ရှိနေပြီး ၄၈ ယောက် သေဆုံးခဲ့ပါတယ်။
Ref: timesofindia
You may also like these stories:
ဧဝရက်တောင် ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်
လန်ဒန်ရှိ အထင်ကရ လည်ပတ်စရာနေရာတွေ ပြန်ဖွင့်ပြီ
ခရီးသွားလုပ်ငန်း ပြန်စတင်နေတဲ့ အာရှနိုင်ငံများ