Travel

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း နာလန်ထူနိုင်ဖို့ ၇နှစ် ခန့်ကြာမြင့်နိုင်

ကိုဗစ်ကာလအတွင်း နိုင်ငံတကာခရီးသွားလုပ်ငန်းတွေ အနေနဲ့ ဆုံးရှုံးမှုများစွာ ခံစားခဲ့ရပါတယ်။ အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေပါ။ ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းတွေ ပုံမှန်အခြေအနေ ပြန်ရောက်နိုင်ဖို့ ၇ နှစ်လောက် ကြာမြင့်မယ်လို့ ပြောကြားခဲ့ပါတယ်။

COVID-19 ကပ်ရောဂါဆိုးဟာ ကမ္ဘာ့စီးပွားရေးကို အထူး ထိခိုက်ခဲ့ပြီး အဓိကအားဖြင့် ခရီးသွားလုပ်ငန်းတွေ အထိနာခဲ့ပါတယ်။ ကမ္ဘောဒီးယားခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ ၂၀၂၀ ခုနှစ်အတွက် အပိုင်း ၃ ပိုင်း ခွဲခြားထားပါ တယ်။ ပထမအပိုင်းမှာတော့ နိုင်ငံတကာ ခရီးသွားအရေအတွက် ၂ ဒဿမ ၅ သန်း မျှော်လင့်ထားပြီး ၅၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်း ကျဆင်းသွားဖို့ မျှော်လင့်ထားပါတယ်။

ဒုတိယအပိုင်းမှာတော့ နိုင်ငံတကာခရီးသွား ၂ သန်းနီးပါး မျှော်လင့်ထားပြီး ၆၀ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်း ကျဆင်းသွားဖို့ မျှော်လင့်ထားပါတယ်။ တတိယအပိုင်းမှာတော့ နိုင်ငံတကာခရီးသွား ၁ ဒဿမ ၅ သန်း မျှော်လင့် ထားပြီး ၇၀ ကနေ ၉၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖို့ မျှော်လင့်ထားပါတယ်။

COVID-19 ကပ်ရောဂါ အခြေအနေက မသေချာသေးတဲ့ အခြေအနေမှာ ရှိနေတဲ့အတွက် ကမ္ဘောဒီး ယား ခရီးသွားလာရေးဝန်ကြီးဌာနကတော့ တတိယပိုင်းကို ပိုမိုမျှော်လင့်ထားပြီး ခရီးသွားလုပ်ငန်း တွေ ပုံမှန်အခြေအနေ ပြန်ရောက်လာဖို့ ၇ နှစ် ကြာမြင့်မယ်လို့ ပြောပါတယ်။

ဝန်ကြီးဌာနရဲ့ ပြောကြားချက်အရ ကမ္ဘောဒီးယား ခရီးသွားလုပ်ငန်းတွေအနေနဲ့ ဝင်ငွေ ဒေါ်လာ ၃ သန်းနီးပါး အရှုံးပေါ်ဖို့ရှိနေပြီး တိုင်းပြည်ဝင်ငွေရဲ့ ၁၂ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအတွင်း ကျဆင်းသွားဖို့ရှိနေပါတယ်။

ကမ္ဘောဒီးယားနိုင်ငံဟာ ဇူလိုင်လကစပြီး နိုင်ငံတကာခရီးသွားတွေကို ပြည်ဝင်ခွင့်ပြုခဲ့ပေမယ့် ဟိုတယ်၊ တည်းခိုခန်း၊ စားသောက်ဆိုင်၊ အနှိပ်ခန်း၊ ကာရာအိုကေ အပါအဝင် ခရီးသွားလုပ်ငန်း ၃,၁၃၅ နီးပါး ရပ်ဆိုင်းထားခဲ့ရပါတယ်။

COVID-19 ကြောင့် လူပေါင်း ၁၁၀,၀၀၀ ကျော် အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ အထိခိုက်ဆုံးနေရာတွေကတော့ အနှိပ်ခန်း၊ ကာရာအိုကေ၊ အရက်ဆိုင်နဲ့ ဘီယာဆိုင်လို နေရာမျိုးတွေပါ။

ဒါကြောင့်လည်း ကမ္ဘောဒီးယားခရီးသွားလာရေး ဝန်ကြီးဌာနအနေနဲ့ တိုင်းပြည်စီးပွားရေးကို ထောက် ပံ့ပေးနိုင်ဖို့ ပြည်တွင်းခရီးသွားလုပ်ငန်းတွေကို အရှိန်အဟုန် မြင့်တင်နိုင်ဖို့ ဆောင်ရွက်နေပါတယ်။ အာဆီယံနိုင်ငံတွေ အပါအဝင် တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားက ချမ်းသာတဲ့ ခရီးသွားတွေ ကမ္ဘောဒီးယားနိုင်ငံ လာရောက် လည်ပတ်ဖို့ ပစ်မှတ်ထား ဆောင်ရွက်နေပါတယ်။

Ref: khmertimeskh

You may also like these stories:

ဘာလီ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်

Loading