Travel

အီတလီ သင်္ဘောခရီးစဉ်များ ပြန်လည် စတင်မည်

လွန်ခဲ့တဲ့လတွေတုန်းကတော့ အီတလီနိုင်ငံဟာ COVID-19 ကပ်ရောဂါဆိုးရဲ့ ဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အီတလီအစိုးရအနေနဲ့ COVID-19 ကို ထိန်းချုပ်လာနိုင်ခဲ့ပြီဖြစ်တဲ့အတွက် ခရီးသွားလုပ်ငန်းတွေ ပြန်စတင်ဖို့ ပြင်ဆင်နေပါတယ်။

အီတလီ အစိုးရက ပြန်စတင်ဖို့ ပြင်ဆင်နေတဲ့ ခရီးသွားလုပ်ငန်းတွေထဲမှာ သင်္ဘောခရီးသွားလုပ်ငန်း လည်း ပါဝင်နေပြီး လာမယ့် သြဂုတ်လ ၁၅ ရက်နေ့ကနေ ပြန်လည် စတင်သွားမယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေတုန်းကတော့ အီတလီနိုင်ငံဟာ COVID-19 ကူးစက်ရောဂါ ကို အပြင်းထန်ဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတွေထဲ ပါဝင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံကို Lockdown ချတာမျိုး ဆောင်ရွက်ခဲ့ရပါတယ်။ ရောဂါကို ထိန်းချုပ်နိုင်ပြီး နောက်ပိုင်းမှာတော့ မကြာခင် ရက်ပိုင်းအတွင်း သင်္ဘောခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်သွားမယ်လို့ အီတလီဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

ဒါကြောင့်လည်း ဥရောပရဲ့ အကြီးမားဆုံးသင်္ဘောလိုင်းတွေဖြစ်တဲ့ MSC နဲ့ Costa သင်္ဘောလိုင်းတွေဟာ ဝန်ဆောင်မှု ပြန်ပေးနိုင်ပါတော့မယ်။ သင်္ဘောပေါ်မှာ Social Distancing စည်းမျဉ်း ထားရှိမှာဖြစ်ပြီး အရင်လို လူတင်ဆောင်ခွင့်တော့ ရသေးမှာ မဟုတ်ဘဲ ၇၀ ရာခိုင်နှုန်းသာ တင်ဆောင်ဖို့ သတ်မှတ်ထားပါတယ်။

ပြီးခဲ့တဲ့လမှာတော့ ထိုင်ဝမ်နိုင်ငံရဲ့ သင်္ဘာခရီးစဉ်တွေ ပြန်စတင်ခဲ့ပြီး ကိုဗစ်ကာလအတွင်း သင်္ဘောခရီးစဉ်တွေကို ပြန်စတင်နိုင်ခဲ့တဲ့ ကမ္ဘာ့ပထမဆုံးနိုင်ငံ ဖြစ်ခဲ့ပါတယ်။ ဥရောပနိုင်ငံတွေအနေနဲ့လည်း သင်္ဘောခရီးစဉ်တွေကို ပြန်စတင်ဖို့ ပြင်ဆင်နေကြပါတယ်။

လွန်ခဲ့တဲ့လလောက်ကစပြီး အီတလီနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၃၀၀ ယောက်ထက် နည်းပါးခဲ့ပါတယ်။ အီတလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၂ သိန်းခွဲကျော် ရှိနေပြီး သေဆုံးသူပေါင်း ၃ သောင်းခွဲကျော် ရှိခဲ့ပါတယ်။

Ref: timesofindia

You may also like these stories:

ပေ ၁၀၀၀၀ အထိ တောင်တက်ခဲ့တဲ့ ကမ္ဘာ့အသက်အငယ်ဆုံး တောင်တက်သမား

ကမ္ဘောဒီးယားခရီးသွားလုပ်ငန်း နာလန်ထူနိုင်ဖို့ ၇နှစ် ခန့်ကြာမြင့်နိုင်

ဘာလီ ပြည်တွင်း ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်

Loading