Travel

အာရှနိုင်ငံတချို့နှင့် ဗီယက်နမ် လေကြောင်းခရီးစဉ် ပြန်စတင်မည်

Want create site? Find Free WordPress Themes and plugins.

ဗီယက်နမ် လေကြောင်းအာဏာပိုင်အဖွဲ့ (CAAV) ရဲ့ပြောဆိုချက်အရ စက်တင်ဘာ ၁၅ ရက်နေ့ကစပြီး ဗီယက်နမ် – ဂျပန် ၊ ဗီယက်နမ် – တောင်ကိုရီးယား လေကြောင်း ခရီးစဉ်တွေ အပြန်အလှန် ပျံသန်းသွားမယ်လို့ သိရပါတယ်။ CAAV ရဲ့ ဒါရိုက်တာဖြစ်သူ Dinh Viet ကလည်း ဂျပန်၊ တောင်ကိုရီးယားနိုင်ငံတို့နဲ့ လေကြောင်းပျံသန်းမယ့် အစီအစဉ် အပြီးသတ် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ အစီအစဉ်အရ ရက်သတ္တပတ် ၁ ပတ်ကို ၄ ကြိမ် ပျံသန်းသွားမယ်လို့ သိရပါတယ်။ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံကနေ ဗီယက်နမ်နိုင်ငံကို လာရောက်တဲ့ ခရီးသွားတွေအနေနဲ့ ဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တဲ့ Quarantine ၁၄ ရက်ကိုတော့ မဖြစ်မနေ ဝင်ဖို့ လိုအပ်ပါတယ်။ အလားတူ ဗီယက်နမ်နိုင်ငံ လေကြောင်းလိုင်းအနေနနဲ့ အာရှနိုင်ငံတွင်းက နောက်ထပ် ၄ နိုင်ငံနဲ့လည်း လေကြောင်းခရီးစဉ်တွေ ပျံသန်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။

ဗီယက်နမ်နိုင်ငံက ပျံသန်းမယ့် နောက်ထပ် ၄ နိုင်ငံကတော့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ထိုင်ဝမ်နိုင်ငံတို့ပဲ ဖြစ်ပါတယ်။ အဆိုပါ ၆ နိုင်ငံနဲ့ လေကြောင်းခရီးစဉ်တွေ ပျံသန်းဖို့ သဘောတူညီပြီးနောက်မှာတော့ ၁ ပတ်ကို ခရီးသည် ၅၀၀၀ သယ်ဆောင် ပျံသန်းမယ်လို့ သိရပါတယ်။

ဗီယက်နမ်နိုင်ငံ (ဟိုချီမင်း၊ ဟနွိုင်း) ကနေ တိုက်ရိုက် ပျံသန်းမယ့် နိုင်ငံ ၆ နိုင်ငံရဲ့ မြို့တွေကတော့ တိုကျို၊ ဆိုးလ်၊ ကွမ်ကျိုး၊ ဗီယင်ကျန်း၊ ဖနွမ်းပင်နဲ့ တိုင်ပေမြို့တို့ပဲ ဖြစ်ပါတယ်။

COVID-19 ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ဗီယက်နမ်နိုင်ငံလည်း နိုင်ငံတကာ ခရီးသွားဝင်ရောက်မှုကို ကန့်သတ်ခဲ့ရပါတယ်။ စက်တင်ဘာလလယ်မှာ ပြန်လည် စတင်မယ့် နိုင်ငံတကာ လေကြောင်းခရီးစဉ် တွေဟာ ပထမဆုံး စတင်လိုက်တဲ့ ခရီးစဉ်တွေဖြစ်ပြီး စီးပွားရေး လုပ်ငန်းရှင်တွေအတွက် အထူး ရည် ရွယ်ပါတယ်။ ဒါကြောင့်လည်း ကျန်ခရီးသွားတွေ ဗီယက်နမ်နိုင်ငံကို လည်ပတ်လို့ရမှာ မဟုတ်သေးပါဘူး။

နိုင်ငံတကာ လေကြောင်းလိုင်း ခရီးစဉ်တွေကို ပြန်လည် စတင်ဖို့ အားယူနေပေမယ့် ၂၀၂၀ ခုနှစ်အတွင်း ဗီယက်နမ် လေကြောင်းလိုင်းတွေ ဆုံးရှုံးရမယ့် ဝင်ငွေက ဒေါ်လာ ၄ ဘီလီယံလောက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဇန်နဝါရီလကစပြီး နိုင်ငံတချို့ကို ဗီယက်နမ်နိုင်ငံက ပြည်ဝင်ခွင့် စတင်ပိ တ်ခဲ့ပါတယ်။

ကမ္ဘာတဝှမ်းနီးပါး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံပြီးနောက်ပိုင်းမှာတော့ နိုင်ငံအားလုံးကို မတ်လကစပြီး ခရီးသွားလာခွင့် ယာယီ ကန့်သတ်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံမှာ သောင်တင်နေကြတဲ့ နိုင်ငံတကာခရီးသွားတွေကိုတော့ ၂၀၂၀ စက်တင်ဘာလ ၃၀ ရက်နေ့အထိ အလိုအလျောက် ဗီဇာသက်တမ်း တိုးမြှင့်ပေးထားတယ်လို့ ဗီယက်နမ်အစိုးရက ကြေညာထားပါတယ်။

နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ ပြန်လည် စတင်ချိန်မှာတော့ တိုကျိုနဲ့ ဆိုလ်းမြို့ကို ပထမဦးစားပေး ပျံသန်းမယ်လို့ CAAV ဒါရိုက်တာ Dinh Viet က ပြောပါတယ်။

COVID-19 ရောဂါ စတင်ဖြစ်ပွားပြီးကတည်းက ရောဂါကို အကောင်းဆုံးထိန်းချုပ်နိုင်တဲ့ နိုင်ငံစာရင်းမှာ ဗီယက်နမ်နိုင်ငံ ပါဝင်နေဆဲပါ။ ဗီယက်နမ်နိုင်ငံမှာ ကူးစက်သူ ၁၀၅၉ ဦး ၊ သေဆုံးသူ ၃၅ ယောက်နဲ့ ကျန်းမာရေးပြန်ကောင်းလာခဲ့သူ ၈၉၀ ယောက် ရှိပါတယ်။

ကူးစက်နှုန်း ကျဆင်းရတဲ့ အကြောင်းတွေထဲမှာ Lockdown စီမံခန့်ခွဲနိုင်မှု၊ Quarantine စည်းကမ်းနဲ့ ကွင်းဆက် သံသယလူနာတွေကို ရှာဖွေနိုင်မှု စတဲ့ အချက်တွေ ပါဝင်ပါတယ်။

Ref: traveloffpath, simpleflying

You may also like these stories:

ကိုဗစ်ကြောင့် ရန်ကုန်တိုင်း၌ အလုပ်သမား ၆ ထောင်ကျော် အလုပ်လက်မဲ့ ဖြစ်

ဗီယက်နမ် နိုင်ငံတကာ လေကြောင်းလိုင်းများ ပျံသန်းရန် ပြင်ဆင်

နိုင်ငံအချို့နှင့် ထိုင်းလေကြောင်းခရီးစဉ် ပြန်လည် စတင်မည်

Did you find apk for android? You can find new Free Android Games and apps.
Loading