Travel

ဇင်ဘာဘွေ ခရီးသွားလုပ်ငန်းများ ပြန်လည် စတင်မည်

Want create site? Find Free WordPress Themes and plugins.

ဇင်ဘာဘွေနိုင်ငံဟာ အာဖရိကတောင်ပိုင်းမှာရှိတဲ့ ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပြီး ဇမ်ဘီဇီမြစ်နဲ့ လင်ပိုပိုမြစ် ၂ မြစ်ကြားမှာ တည်ရှိပါတယ်။ ဇင်ဘာဘွေနိုင်ငံမှာ ဘာသာစကား ၁၆ မျိုး ပြောဆိုကြပြီး တရားဝင် ရုံးသုံး ဘာသာစကားကတော့ အင်္ဂလိပ်၊ ရှိုနာနဲ့ အွန်ဒယ်ဘီလီ ဘာသာစကားပဲ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် လူဦးရေ စာရင်းအရ ဇင်ဘာဘွေမှာ လူဦးရေ ၁၄ ဒသမ ၈၆ သန်း ရှိပါတယ်။

COVID-19 ကာလအတွင်း ဇင်ဘာဘွေနိုင်ငံဟာ မတ်လကစပြီး ပြည်ဝင်ခွင့် ယာယီရပ်ဆိုင်းခဲ့ပါတယ်။ စက်တင်ဘာ ၁၀ ရက်နေ့မှာ ပြည်တွင်းလေကြောင်းခရီးစဉ်တွေ ပြန်လည် စတင်ခဲ့ပြီး အောက်တိုဘာ ၁ ရက်နေ့မှာတော့ နိုင်ငံတကာလေကြောင်းခရီးစဉ်တွေ ပြန်လည် စတင်မယ်လို့ ဇင်ဘာဘွေ အစိုးရက ကြေညာခဲ့ပါတယ်။

ဇင်ဘာဘွေနိုင်ငံဟာလည်း COVID-19 အကျပ်အတည်း ကြုံတွေ့ခဲ့ရတဲ့အတွက်ကြောင့် ဟိုတယ်နဲ့ အပန်းဖြေစခန်းက ဝန်ထမ်း အများအပြား အလုပ်လက်မဲ့ ဖြစ်ခဲ့ရပါတယ်။ အစိုးရကတော့ ၂၀၂၀ ခုနှစ် ခရီးသွားလုပ်ငန်းတွေ ၇ ဒသမ ၄ ရာခိုင်နှုန်း ဆုံးရှုံးမယ်လို့ မျှော်လင့်ထားပါတယ်။

ကမ္ဘာ့အကြီးဆုံးရေတံခွန်စာရင်းမှာ ပါဝင်ပြီး နိုင်ငံတကာ ခရီးသွား အများအပြား လာရောက် လည်ပတ်လေ့ရှိတဲ့ ဗစ်တိုးရီးယား ရေတံခွန်နဲ့ အမျိုးသားဥယျာဉ်ဖြစ်တဲ့ Hwange လို နေရာမျိုးတွေ အပါအဝင် နေရာအများစုကို လက်ရှိအချိန်ထိ အသွားအလာ ကန့်သတ်ထားဆဲပါပဲ။

မတ်လ ၂၇ ရက်နေ့မှာတော့ COVID-19 ရောဂါကို အမျိုးသားဘေးအန္တရာယ်အဖြစ် ကြေညာခဲ့ပြီး မတ်လ ၃၀ ရက်နေ့ကစပြီး ဇင်ဘာဘွေနိုင်ငံကို Lockdown ချခဲ့ပါတယ်။ ဇင်ဘာဘွေမှာ COVID-19 ရောဂါ ကူးစက်သူ ၇၄၅၃ ယောက်ရှိနေပြီး ၂၂၂ ယောက် သေဆုံးခဲ့ပါတယ်။ ကျန်းမာရေးပြန်ကောင်းလာသူ အရေအတွက် ၅၆၃၅ ယောက် ရှိပါတယ်။

ဇင်ဘာဘွေနိုင်ငံကို ရောက်လာတဲ့ ခရီးသွားတိုင်း ၄၈ နာရီအတွင်း ယူဆောင်ထားတဲ့ ကျန်းမာရေး ထောက်ခံစာ လိုအပ်ပါတယ်။ ခရီးသွားလုပ်ငန်းဟာ ဇင်ဘာဘွေနိုင်ငံအတွက် အရေးကြီးတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

COVID-19 ရောဂါကြောင့် ကမ္ဘာတဝှမ်း စီးပွားရေး ကျဆင်းမှုတွေ ကြုံနေရပါတယ်။ ဒါကြောင့်လည်း ဇင်ဘာဘွေ နိုင်ငံအနေနဲ့ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ပြီး မကြာခင်အချိန်မှာပဲ နိုင်ငံ တကာ ခရီးသွားလုပ်ငန်းတွေ ပြန်လည် စတင်ဖို့ ကြိုတင် ပြင်ဆင်နေပါတယ်။ ဇင်ဘာဘွေရှိ ဒေသ အားလုံး နီးပါးကလည်း နိုင်ငံတကာ ခရီးသွားတွေကို ဆွဲဆောင်နိုင်တဲ့ နေရာတွေပါ။

စီးပွားရေး အပြောင်းအလဲလုပ်ပြီးနောက်ပိုင်း ခရီးသွားလုပ်ငန်းရဲ့အကျိုးကျေးဇူးကို ဇင်ဘာဘွေနိုင်ငံက အများကြီး ခံစားခဲ့ရပါတယ်။ ဒါကြောင့်လည်း ခရီးသွားလုပ်ငန်းဟာ ဇင်ဘာဘွေနိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ စီးပွားရေးလုပ်ငန်း အမျိုးအစားထဲ ပါဝင်နေပါတယ်။

Ref: Reuters, travelandleisure

You may also like these stories:

မြန်မာအပါအဝင် အာရှ ၄ နိုင်ငံကို ဂျပန်နိုင်ငံသို့ ခရီးသွားခွင့်ပြု

အာရှနိုင်ငံတချို့နှင့် ဗီယက်နမ် လေကြောင်းခရီးစဉ် ပြန်စတင်မည်

ဘီလီယံ ရာနဲ့ချီ အရှုံးပေါ်နိုင်တဲ့ အမေရိကန် ခရီးသွားလုပ်ငန်း

Did you find apk for android? You can find new Free Android Games and apps.
Loading