အပြင်ဖြေ စာသင်သားတွေ ဆိုတာက အခုလို ဆယ်တန်းစာမေးပွဲရက် နီးလာချိန် အနီးကပ် ကျူရှင်ယူဖြေ ဆိုမယ့်သူတွေ၊ ကိုယ်တိုင်လေ့လာမှု ပြုလုပ်ဖြေဆိုမယ့်သူတွေနဲ့ အဝေးသင်တက္ကသိုလ်လို ကျောင်းတွေ တက်ရောက်သင် ကြားနေသူတွေအတွက် အဆင်ပြေမယ့်နည်းလမ်းကောင်း တချို့ကို ပြောပြချင်ပါတယ်။
ဆိုလိုရင်းကတော့ ကျောင်းမတက်ဘဲ အလုပ်တဖက်နဲ့ ဖြစ်စေ၊ တာဝန်တခုနဲ့ ဖြစ်စေ ပညာသင်ကြားနေသူတွေအတွက် လေ့လာမှု နည်းလမ်းကောင်းတွေ ဖြစ်ပါတယ်။ ကောင်းပါပြီ၊ ကျနော်တို့ ဘယ်လို ထိရောက်အောင် လေ့လာကြမလဲ။
(၁) ဘယ်အထိ ပြီးအောင် လေ့လာမလဲ ဆုံးဖြတ်ပါ
ဒါက နေ့စဉ်လေ့လာမှု အပိုင်းမှာ တရက်ကို ဘယ်လောက် စာပိုဒ်၊ ဘယ်နှပုဒ် ပြီးအောင် လေ့လာမယ်၊ အရကျက်မယ် ဆို တာကို ဆုံးဖြတ်ဖို့ လိုအပ်တဲ့အပိုင်း ဖြစ်ပါတယ်။
အဝေးသင်ကျောင်းသားအများစုဟာ တဖက်မှာ ပညာရေး မဟုတ်တဲ့ အလုပ်တခုခု ရှိတတ်ပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးစတဲ့ အလုပ်တခုခုပါ။ ဒီအတွက် အဆိုပါ အလုပ်အတွက်ပေးရမယ့် အချိန်ကနေ ပိုမှ လေ့လာရေး အပိုင်းမှာ ဘယ်လောက်ထိအောင် အပြီးသတ် လေ့လာမယ်ဆိုတာ ကိုယ်တိုင် ချိန်ဆလေ့လာပါ။ ကိုယ်ဆုံးဖြတ်ထားတဲ့ အတိုင်း လည်း နေ့စဉ်၊ အပတ်စဉ် ပြီးမြောက်အောင် လေ့လာပါ။
(၂) နေ့စဉ် အချိန်ဇယားချမှတ်ပါ
ဒါကတော့ မိမိရဲ့နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာများအတွက် အပါအဝင် ကိုယ် ဘယ်အချိန်မှာ အားမယ်၊ စာလေ့လာနိုင် မယ်၊ ဘယ်လောက်ကြာ လေ့လာမယ်၊ အထက်မှာ ပြောခဲ့တဲ့ အတိုင်း ဘယ်လောက် ပြီးမြောက်အောင် လေ့လာမယ်ဆို တာ အချိန်ဇယား ရေးဆွဲပါ။
သတိပြုစရာ အချက်ကတော့ အဆိုပါ အချိန်ဇယားကို မိမိ မြင်သာမယ့် နေရာမှာ ကပ်ထားပါ၊ ဖုန်းထဲမှာ ထည့်ထားပါ၊ အချိန် ဇယားအတိုင်း လုပ်ဆောင် လေ့လာပါ။ အကြောင်းအရာ တခုခုကြောင့် နေ့စဉ် လေ့လာမှု ပျက်ကွက်တိုင်း အစားထိုး ပြန် လည် လေ့လာဖို့ မမေ့ပါနဲ့။
(၃) သင့်အားနည်းချက်ရှိတဲ့ ဘာသာကို ဦးစားပေး လေ့လာပါ
ကျနော်တို့ တဦးတယောက်ချင်းစီမှာ အားနည်းတဲ့ ဘာသာရပ် တခုစီ ရှိတတ်ကြပါတယ်။ အဆိုပါ ဘာသာရပ်ကို နား လည်ဖို့ ခက်ကြသလို လေ့လာဖို့လည်း ကြောက်ကြပါတယ်။ ဒါပေမယ့် အရာရာတိုင်းဟာ အလေ့အကျင့် အပေါ်မှာ မူ တည်တယ် ဆိုတာ လက်ခံထားပါ။
သင့်အနေနဲ့ အားနည်းသည့် ဘာသာရပ် ဖြစ်သည့်တိုင်အောင် လေ့လာမှု အားကောင်းလေလေ ကျွမ်းကျင်လေလေ ဖြစ် ပါလိမ့်မယ်။ အဆိုပါ အားနည်တဲ့ ဘာသာကို လေ့လာဖို့ အချိန်ကို သင့်အချိန်ဇယားမှာ ပိုထည့်ပါ။ ပိုလေ့လာပါ။ အရေး ကြီးတယ်၊ မဖြစ်မနေကြည့်ရမယ် စတဲ့ စာလုံးမျိုးနဲ့ သင့်ရဲ့ အချိန်ဇယားမှာ မှတ်ချက်ပေးမှတ်သားပြီး အာရုံစိုက်လေ့လာ ပါ။
(၄) အချိန်ဇယားကို ဂရုပြုရေးဆွဲပါ၊ လုပ်ဆောင်ပါ
ဒီအချက်ကတော့ လုပ်ဆောင်စရာ နှစ်ခုကို စုပြီး ပြောချင်တာပါ။ ပထမ တခုက အချိန်ဇယား ရေးဆွဲမှုမှာ စာကြည့်ချိန်၊ အ လုပ်ချိန်၊ ရေချိုးချိန်၊ ထမင်းစားချိန်၊ စသဖြင့် တဆက်တည်း လုပ်ဆောင်စရာတွေကို မရေးဆွဲပါနဲ့။ အချိန်ဇယား ရေးဆွဲမှု ပုံ စံထဲမှာ စာကြည့်ချိန်၊ အနားယူချိန်၊ အလုပ်ချိန်၊ အနားယူချိန်၊ လေ့ကျင့်ခန်းချိန်၊ ရေချိုးချိန်၊ ပြင်ဆင်ချိန်၊ ထမင်းစားချိန် စ သဖြင့် လုပ်ဆောင်ချက်တခုနဲ့ တခု အကြားမှာ အနားပေးပါ။
လုပ်ငန်းဆောင်တာ တခုနဲ့ တခု ဆက်စပ် လုပ်ဆောင်ခြင်းဟာ သင့်ရဲ့ အချိန်ဇယားကို သင်ကိုယ်တိုင် အမြန်ဆုံး စိတ်ကုန် သွားစေနိုင်မယ့် အချက် ဖြစ်ပါတယ်။
နောက်ထက် ပြောချင်တဲ့ အကြောင်းအရာကတော့ အဆိုပါ အချိန်ဇယားအတိုင်း လုပ်ဆောင်ဖို့ပါ။ ကျနော်တို့ အနေနဲ့ လေ့ လာချိန်ကို တနာရီ သတ်မှတ်ပြီး နားချိန်ကို ၁၅မိနစ် တွက်ထားတယ်။ အမှန်တကယ် တနာရီ စာလေ့လာပါ၊ ၁၅မိနစ်ပဲ နားပါ၊ လုပ်ဆောင်စရာ ရှိတာ ဆက်လက် လုပ်ဆောင်ပါ။
အများစုက အချိန်ဇယား ထားပြီး လုပ်ဆောင်သည့်တိုင်အောင် ဇယားထဲက နားချိန်ထက် ပိုပြီး ယူတတ်ကြပါတယ်။ အဆိုပါ ပိုသုံးလိုက်တဲ့ နားချိန်အတွက် အခြား အလုပ်ချိန်၊ စာလေ့လာချိန်ထဲက ပြန်လည် ကာမိအောင် နေတတ်ကြပါတယ်။ ဒါဟာ မှားယွင်းတဲ့ လေ့လာပုံ ဖြစ်ပါတယ်။
(၅) ဖြည်းဖြည်းချင်း အကောင်အထည်ဖော်ပါ
အထက်မှာ ပြောခဲ့သလို ကျနော်တို့မှာ အချိန်ဇယား ဆွဲပြီးပြီ၊ လေ့လာဖို့ စတင်တော့မယ် ဆိုတဲ့ အနေအထားမှာ အချိန် ဇယားရဲ့အဓိက ရည်ရွယ်ချက်က အလေ့အကျင့် တစ်ခု စတင်တော့မယ် အချက်ပေးစနစ်ပါ။ အဲဒီမှာ အများစု ဖြစ်တတ် တဲ့ ပြဿနာက ချက်ချင်း အချိန်ဇယားနဲ့ အံမဝင် အသားမကျခြင်း ဖြစ်ပါတယ်။
ဒီအတွက် အချိန်ဇယားအတိုင်း စတင် လေ့လာတဲ့နေ့မှာ စဉ်ထားတဲ့အတိုင်း ဖြစ်မလာသည့်တိုင်အောင်၊ နောက်ကျသည့် တိုင်အောင် စိတ်မပျက်ပါနဲ့၊ အဆိုပါ အဆင်မပြေမှုအတွက် စိတ်ထဲ မထားဘဲ ဒီနေ့ နောက်ကျမှု အကြောင်းအရင်းကို စဉ်း စားပြီး နောက်နေ့မှာ ထပ်ပြီး နောက်မကျရအောင် ကြိုတင် လုပ်ဆောင်ပါ။
မိမိရဲ့အချိန်ဇယားကို ဖြည်းဖြည်းချင်း အသားကျအောင် အကောင်အထည်ဖော်ပါ။ တလခန့်ဝန်းကျင် အချိန်ပေး လုပ် ဆောင်ပြီးပြီ ဆိုရင်တော့ သင်ဟာ အချိန် ဇယားနဲ့ အကောင်းဆုံး လည်ပတ် လုပ်ဆောင်တတ်သူ ဖြစ်လာပါလိမ့်မယ်။
(၆) လိုအပ်သလို အချိန်ဇယားကို ပြင်ဆင်ပါ
အဝေးသင်ပညာရေး ပုံစံနဲ့ လေ့လာသူ တယောက်အတွက် နေ့စဉ် လေ့လာချိန် ၄ နာရီ ဝန်းကျင် ရှိနေရင် လုံလောက်တဲ့ လေ့လာမှု တခု ရနိုင်ပါတယ်။ ဒီအတွက် အထက်မှာ ပြောခဲ့သလို မိမိ အားနည်းတဲ့ဘာသာရပ်ကို ပိုမို လေ့လာမှု ပြုလုပ် ပါ။
ဒီအပြင် စာမေးပွဲ နီးကပ်လာချိန်မျိုးမှာဖြစ်စေ၊ မိမိရဲ့လေ့လာမှု အပိုင်းမှာ အားကောင်းနေသည့်တိုင်အောင် နေ့စဉ်ဘ၀ လုပ်ငန်းဆောင်တာ အပိုင်းမှာ အားနည်းမှု ရှိလာတဲ့ အခြေအနေမျိုးမှာ ဖြစ်စေ၊ အခြား ဘာသာရပ် တစ်ခုခုကို ပိုပြီး လေ့လာဖို့ လိုအပ်လာတဲ့ အနေအထားမျိုးမှာ ဖြစ်စေ၊ သင့်ရဲ့ အချိန်ဇယားကို ပြင်ဆင်ပါ။ မိမိယခင် အသုံးပြုလာတဲ့ လေ့လာမှု အချိန်ဇယားထဲက လေ့လာချိန်ကိုတော့ အတတ်နိုင်ဆုံး မလျော့ပါနဲ့။
အခြေအနေအရ ယခင်က မနက်ပိုင်း လေ့လာချိန်ကို ညပိုင်း ပြောင်းလဲ လေ့လာမှု ပြုရသည့်တိုင်အောင် လေ့လာချိန်ကို တော့ မလျော့ဘဲ လေ့လာပါ။ ဒါပေမယ့် ဆိုလိုတာကတော့ အချိန်ဇယား ပြောင်းလဲ လေ့လာနိုင်မှု ပြုမယ်ဆိုရင်လည်း ရနိုင် မှာ ဖြစ်ပါတယ်။
(၇) မိမိကိုယ်ကို စာမေးပွဲ စစ်ဆေးပါ
ကိုယ့်ကိုယ်ကိုယ် လိမ်ညာခြင်းဟာ မိမိရဲ့တတ်မြောက်မှု၊ တိုးတက်မှု၊ အောင်မြင်မှု အတွက် အဓိက အဟန့်အတား ဖြစ်ပါ တယ်။ ဒီအတွက် မိမိကိုယ်ကို မလိမ်ပါနဲ့၊ ကိုယ်တိုင် မေးခွန်းထုတ်ပါ၊ ပြန်လည် စစ်ဆေးပါ။ ဖြေဆိုနေချိန် အဖြေကို မ ကြည့်ပါနဲ့၊ မိမိရတဲ့ အပုဒ်တွေကိုပဲ ချမေးပြီး စာမေးပွဲ ပြန်မစစ်ပါနဲ့။ မိမိရဲ့တတ်မြောက်မှု အခြေအနေကို မိမိကိုယ်ကို လက် ခံပါ။ လိုအပ်ချက် ရှိနေတာကို သိပါ။ အားနည်းချက်ကို ပြင်ဆင်ပါ။
မေးခွန်းဟောင်းတွေ ရှာပြီး ဖြေဆိုမယ် ဆိုရင်လည်း ရပါတယ်။ တကယ်လို့ မိမိကိုယ်ကို စစ်ဆေးတဲ့ စာမေးပွဲ ကျရှုံးခဲ့ရင် အချိန်ဇယားမှာ လေ့လာချိန် ပိုထည့်ပါ။ ပိုပြီး အားစိုက်လေ့လာပါ။
အောင်မြင်ခဲ့ရင် ပုံမှန်လေ့လာချိန် အတိုင်း ဆက်လက် လေ့လာပါ။ လေ့လာချိန် မလျော့ပါနဲ့။ အားလည်း မငယ်ပါနဲ့၊ စိတ် ကြီးလည်း မဝင်ပါနဲ့၊ မိမိဟာ သင်ကြားသူ ဆရာနဲ့ အလှမ်းဝေးနေတဲ့အနေအထားမှာ သင်ရဲ့တတ်မြောက်မှုဟာ စာမေးပွဲ ကနေ ဆုံးဖြတ်လာမှာဖြစ်လို့ အောင်မြင်သည်၊ ဘွဲ့ရရှိသည်အထိ စိတ်ကြီးမဝင်ပါနဲ့၊ အမြဲမပြတ် ကြိုးစားနေဖို့ လိုအပ်မှာဖြစ် ပါတယ်။
Ref: www.wikihow.com