အခုဆောင်းပါးလေးကတော့ ၁၀နှစ်အောက် Preschool ကလေးတွေကို မိဘတွေအနေနဲ့ ဘယ်လိုလိမ္မာရေး ခြား ရှိအောင် အကောင်းဆုံးသွန်သင်မလဲဆိုတဲ့ နည်းလမ်းလေးတွေ အကြောင်းပြောပြမှာ ဖြစ်ပါတယ်။ နေ့စဉ်ဘ၀ လှုပ် ရှားမှုများထဲကနေလည်း သင်ပြမှုတွေ လုပ်ဆောင်နိုင်မှာ ဖြစ်လို့ လွယ်ကူအဆင်ပြေမယ်လို့ ထင်မိပါတယ်။
(၁) စာဖတ်ပြပါ
ဒီနေ့ခေတ် မိဘ၊ ဆရာအများစုမှာ ဒီအကျင့် မရှိတော့ပါဘူး။ ခေတ်ပဲနောက်ကျန်နေခဲ့တာလိုလို ဘယ်လိုအတွေးတွေ ဝင် တယ် မသိပေမယ့် အရင်ကလို ကလေးတွေကို ပုံပြင်ပြောပြတာတွေကအစ စာဖတ်ပြခြင်းမျိုးတွေ ဆရာတွေမှာရော မိဘ တွေမှာပါ မလုပ်ကြတော့ပါဘူး။
ဒီနေရာမှာ သတိပြုစရာတခုက ကလေးတွေကို ပုံပြင်ပြောခြင်းဟာ ချော့သိပ်ခြင်း ဖြစ်ပြီး စာဖတ်ပြခြင်းကသာ သင်ပြခြင်း ဖြစ်တယ်ဆိုတာပါပဲ။ စာဖတ်ပြတဲ့နေရာမှာ ခက်ခဲ့တဲ့ စာပိုဒ်တွေကို ဖတ်ပြတာထက် ကလေးငယ်ကို လက်ရှိ သင်ကြားပေး နေတဲ့ စာတွေကိုပဲအခေါက်ခေါက် အခါခါ ထောက်ပြ ဖတ်ပြပေးရမှာ ဖြစ်ပါတယ်။ဒါမှသာ ကလေးဟာ အကြားနဲ့ အမြင် ကြားမှာ မှတ်သိလွယ်စေမှာ ဖြစ်ပါတယ်။
ဒီလိုစာဖတ်ပြခြင်းတွေနဲ့ အတူ တဆက်တည်းလုပ်ဆောင်ပေးသင့်တဲ့ အချက်လေးတွေကို ကလေးငယ်ကို စာလုံးတွေ အကြောင်း ပြန်လည် မေးမြန်းခြင်းမျိုး၊ အသက်အရွယ်နဲ့ ကလေးငယ်ရဲ့စိတ်ဝင်စားမှုအပေါ် မူတည်ပြီး ရုပ်ပုံပါရှိတဲ့ စာအုပ် မျိုးတွေ ရွေးခြယ် ဖတ်ပြခြင်းမျိုး၊ မိမိကိုယ်တိုင်ကလည်း စိတ်ပါဝင်စားစွာ ဖတ်ပြခြင်းနဲ့ ကလေးငယ်ကိုပါ စိတ်ပါဝင်စား အောင်ဖတ်ပြခြင်းမျိုးတွေ လုပ်ဆောင်သင့်ပါသေးတယ်။
(၂) ရေတွက်ခြင်းဆိုင်ရာ ကစားနည်းများ ကစားပေးပါ
ဒီလိုကစားခြင်းဟာ သီးခြားကစားပွဲနေရာ မလိုအပ်သလို ကစားနည်းနဲ့ ကစားဖို့ မဟုတ်ပါဘူး။ ဆိုလိုတာက ကလေးငယ်နဲ့ ထမင်းအတူစားနေရင်း၊ မုန့်အတူစားနေရင်း ပန်ကန်ပြား ဘယ်နှချပ်ရှိတယ်၊ မုန့် ဘယ်နှခုလဲဆိုတာမျိုး ရေတွက်စေခြင်းမျိုး၊ ရှိရင်းစွဲပန်းကန်၊ မုန့် စသည့်ထဲကနေ တခု၊ နှစ်ခုကို မိမိက ဖွက်လိုက်ပြီး ပြန်လည် ရေတွက်စေခြင်း၊ ရှိရင်းစွဲ ပမာဏထဲက နေ ပေါင်း/နုတ် စခြင်းမျိုး ကစားပေးခြင်း ဖြစ်ပါတယ်။
(၃) ပုံဆွဲပါစေ
ကလေးငယ်တွေမှာ အနုပညာအခြေခံအနည်းနဲ့ အများပါရှိတတ်ကြပါတယ်။ စာသားတွေ မရေးတတ်ခင်မှာဘဲ သူတို့ရဲ့ စိတ်ထဲမှာရှိတဲ့ အကြောင်းအရာတွေကို ရေးဆွဲနိုင်တဲ့ စွမ်းရည်လည်းရှိကြပါတယ်။ စာလုံးတွေကတော့ သင်ကြားမှတ် သားစေပြီးမှာ တတ်မြောက်တာ ဖြစ်ပေမယ့် ပုံဆွဲခြင်းလို အပိုင်းကတော့ ရှိရင်းစွဲ တတ်မြောက်ကြပါတယ်။
ဒီနေရာမှာ အချို့သောဆရာ၊ မိဘတွေက စာလုံးသင်ကြားခြင်းကိုပဲအားပေးတတ်ပြီး ပုံဆွဲခြင်းမျိုးလုပ်ဆောင်တဲ့ ကလေး တွေကိုတားမြစ် အပြစ်ပေးတတ်ကြပါတယ်။ ဒါဟာ ကလေးငယ်တွေရဲ့ဦးနှောက်ဖွံ့ဖြိုးမှုဆိုင်ရာအပိုင်းကို အားနည်းသွား စေနိုင်ပါတယ်။ ဒီအတွက် စာသင်ကြားမှုရော ပုံဆွဲခြင်းကိုပါ လက်ခံပေးဖို့ လိုအပ်ပါတယ်။
(၄) သီချင်းဆိုပါစေ၊ ကခုန်ပါစေ
ဒီအချက်ကတော့ သင်ကြားမှု ပုံစံနဲ့ ကလေးငယ်ရဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုဆိုင်ရာ ချိတ်ဆက်နေတဲ့ အချက် ဖြစ်ပါတယ်။ စိတ် လွတ်လပ်ပေါ့ပါးတဲ့ ကလေးငယ်၊ လူငယ်၊ လူလတ်၊ အသက်ကြီးပိုင်း အားလုံးသင်ကြားမှုနဲ့ အတူလုပ်ဆောင်ချက်တွေမှာ စိတ်အားတက်ကြွလေ့ရှိပါတယ်။ ဒီအတွက် ရင့်ကျက်မှု အားနည်းတဲ့ ကလေးငယ်တွေကို စိတ်လွတ်လပ်ပါစေ။ သီချင်းနား ထောင်ပါစေ၊ လိုက်ဆိုပါစေ၊ ကခုန်ပါစေ။ အကြားအာရုံခံအပိုင်း ပိုမိုအားကောင်းလာစေသလို လွတ်လပ်စွာ နေထိုင်ရှင် သန်မှုရဲ့နောက်ဆက်တွဲအဖြစ် လေထုထဲမှာ ကောင်းစွာ ပေါက်ရောက်တဲ့သစ်ပင်လို့ ထွားကြိုင်းသန်မြန်စေပါလိမ့်မယ်။
အထူးသဖြင့်တော့ စည်းချက်ညီသီချင်းမျိုးကို ဦးစွာနားထောင်ခိုင်းပါ၊ သီးချင်းအေးအေးလေးတွေကို ဦးစွာနားထောင်ခိုင်းပါ၊ ကလေးငယ်တွေ နှစ်သက်လေ့ရှိတဲ့ သီချင်းတွေ နားထောင်ခိုင်းပါ၊ ပညာရေးဆိုင်ရာ အထောက်အကူပြု သီချင်းတွေ နား ထောင်ခိုင်းပါ။ မှတ်သားစရာတခုက အသက် ၇နှစ်ကနေ ၉နှစ် အတွင်းရောက်ပြီဆိုရင်တော့ ကလေးငယ်ကို အပျော်တမ်း သီချင်းနားထောင်၊ လိုက်လံသီဆိုစေတာထက် ကလေးငယ် စိတ်ဝင်စားတဲ့ အဆို၊ အတီး၊ ပညာတခုခုကို စတင် သင်ကြား ပေးလို့ပါ ရပြီပဲ ဖြစ်ပါတယ်။
(၅) အားကစားကိုပါ တွဲဖက် သင်ကြားကစားပါစေ
ဒီအချက်က ကလေးရဲ့စိတ်ရွှင်လန်းမှုအပြင် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု အတွက်ပါ အရေးပါတဲ့ အချက် ဖြစ်ပါတယ်။ က လေးငယ်တယောက်အတွက် သူတို့ စိတ်ပါဝင်စားတဲ့ အားကစားတမျိုး၊ ဒါမှမဟုတ် နှစ်မျိုးကိုပဲ အမြဲတမ်းအတွက် ရွေးချယ် ကစားပါစေ။
အားကစားကစားစေတဲ့နေရာမှာ ကစားချိန်ကြာလာပြီး အသားကျလာမှုနဲ့အတူ အားကစားနည်းရဲ့စည်းကမ်းတွေကိုပါ တပါတည်းသင်ကြားပေးပါ၊ အချိန်မှန် လေ့ကျင့်ပေးပါ။
ကျောင်းအားကစားပွဲတွေမှာ ဝင်ရောက် ယှဉ်ပြိုင်ပါစေ။ ပြိုင်ပွဲရဲ့ ရလဒ်ကောင်းသည် ဖြစ်စေ၊ မကောင်းသည် ဖြစ်စေ၊ မိမိရဲ့ ကလေးကိုအမြဲအားပေးပါ။ ဆုတံဆိပ်ရရှိမှုတွေအတွက် အမှတ်တရ ဖြစ်မယ့် လက်ဆောင်မျိုး ထပ်မံပေးပါ။ အားကစားမှာ စိတ်ပါဝင်စားပါစေ။
Ref: www.wikihow.com