Test of English As A Foreign Language လို့ခေါ်တဲ့ TOEFL ဖြေဆိုမယ့်သူတွေအတွက် ဘယ်လိုလေ့လာ မှတ်သားသင့်တယ်ဆိုတဲ့ နည်းလမ်းကောင်းလေးတွေနဲ့ သိမှတ်ဖွယ်ရာ အကြောင်းအရာလေးတွေကို နည်းနည်းလောက်ပြော ပြချင်ပါတယ်။
စာရင်းကိုင်ပညာမှာ LCCIရဲ့ သြဇာကြီးမားသလို အင်္ဂလိပ်စာ တတ်မြောက်မှုမှာလည်း TOEFLဟာ အရေးကြီးတဲ့ အခန်း ကဏ္ဍကနေ ပါဝင်နေတာကြောင့် စိတ်ဝင်စားသူ များပြားတာလည်း တွေ့နိုင်ပါတယ်။ TOEFL ဖြေဖို့ ကျနော်တို့ ဘယ်လို တွေ လေ့လာကြမလဲ။
(၁) ပြင်ဆင်ချိန် လုံလုံလောက်လောက်ပေးပါ
TOEFL ကို လွယ်ကူတဲ့ စာမေးပွဲ၊ စစ်ဆေးချက်လို့ မယူဆပါနဲ့။ ကျွမ်းကျင်ပိုင်နိုင်မှု ကောင်းကောင်းမရှိဘဲ ဖြေဆိုရင် အရှုံး ကလွဲလို့ အခြား မရနိုင်ပါဘူး။ လုံလောက်ကောင်းမွန်တဲ့ အချိန်ပေး လေ့လာပြီးမှ ဖြေဆိုပါ။
(၂) အာရုံစိုက် မှတ်သားပါ
အချိန်တိုင်း အင်္ဂလိပ်စာပဲ တွေးပါ။ စကားပြောလေ့ကျင့်ပါ၊ မှတ်သားထားသမျှ ပြန်တွေးပါ။ အင်္ဂလိပ်စကား ကျွမ်းကျင်သူ တွေနဲ့ ပြောဆို ဆက်ဆံသင်ယူပါ။
(၃) အင်္ဂလိပ်စာ သဒ္ဒါကို လေ့လာပါ
TOEFL ဖြေဆိုမှုမှာ အင်္ဂလိပ်သဒ္ဒါကနေ အမှတ်အများကြီးရရှိမှာ မဟုတ်ပေမယ့် သဒ္ဒါဟာ ဘာသာစကားတခုရဲ့ အသက် ဖြစ်လို့ မဖြစ်အနေ အခြေခံကိုတော့ ကျွမ်းကျင်အောင် လေ့လာထားပါ။
(၄) စကားလုံးတွေကို မှတ်သားပါ
စကားလုံး တလုံးချင်းစီရဲ့အဓိပ္ပာယ်ကို လေ့လာမှတ်သားပါ။ စကားလုံးကျွမ်းကျင်မှုဟာ အင်္ဂလိပ်စကားကို Broken ပြောဖို့ အဆင်ပြေစေပါလိမ့်မယ်။ စနစ်မကျသည့်တိုင်အောင် အင်္ဂလိပ်လို ပြောဆိုဆက်ဆံနိုင်စေလာပါလိမ့်မယ်။
(၅) ဗန်းစကား အချို့ကို လေ့လာပါ
ဗန်းစကား အားလုံးလို့ မဆိုလိုပါဘူး။ အသုံးများတဲ့ ဗန်းစကားတွေကို လေ့လာမှတ်သားထားပါ။
(၆) အင်္ဂလိပ်စာကို ဖတ်နိုင်သမျှ ဖတ်ပါ
မဂ္ဂဇင်း၊ သတင်းစား၊ ဆောင်းပါးတွေဟာ အကောင်းဆုံး စတင် ဖတ်ရှုဖွယ် စာပေတွေပါ။ နားမလည်သည့်တိုင်အောင် ဖတ် နိုင်သမျှ ဖတ်ပါ၊ မသိတဲ့ စကားလုံးကို မှတ်သား လေ့လာပါ။
(၇) အင်္ဂလိပ်စာကို ရေးနိုင်သမျှ ရေးပါ
အဓိပ္ပာယ် နားမလည်သည့်တိုင်အောင် ကူးရေးတာမျိုးနဲ့ စတင်ပါ။ စကားလုံး တလုံးစီကို တိုးတက် လေ့လာမှတ်သားပါ၊ နောက်ပိုင်းမှာ သဒ္ဒါ မမှန်သည့်တိုင်အောင် ကိုယ်ပိုင်စာသားတွေ ချရေးပါ၊ တတ်ကျွမ်းသူကို ပြသစစ်ဆေးပါ။
(၈) လက်တွေ့စစ်ဆေးမှုတွေ ဝင်ရောက် စမ်းသပ်ခံပါ
Barron’s TOEFL လို နေရာတွေကနေ Online စစ်ဆေးချက်တွေကို လူကိုယ်တိုင်သွားစရာ မလိုသေးဘဲ လက်တွေ့စစ် ဆေးခံနိုင်ပါတယ်။ အောင်လက်မှတ်ရမှာ မဟုတ်ပေမယ့် အစမ်းဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။
(၉) TOEFLနဲ့ ပတ်သက်တဲ့ စာအုပ်၊ Site တွေမှာ လေ့လာပါ
The Official Guide to the TOEFL Test လို စာအုပ်တွေ၊ Site တွေ ရှိပါတယ်။ ဝင်ရောက် လေ့လာပါ။ Copy ကူးပြီး Down နိုင်ပါတယ်၊ အားချိန်မှာ Offline အနေနဲ့ ပြန်လည် လေ့လာနိုင်ပါတယ်။
(၁၀) မေးခွန်းပုံစံတွေကို ရင်းနှီးကျွမ်းဝင်ပါစေ
TOEFL မှာ မေးခွန်းပုံစံ လေးခု ရှိပါတယ်။ ဘာသာစကားတခု လေ့လာမှုရဲ့ အခြေခံအချက်တွေဖြစ်တဲ့ အရေး၊ အဖတ်၊ အ ပြောနဲ့ နားထောင်မှု စွမ်းရည်တွေကို တပိုင်းချင်းစီ စစ်ဆေးပါတယ်။
အဖတ်မေးခွန်းမှာ စာလုံးတွေ၊ ရွေးချယ်မှု ပုံစံတွေ၊ အဓိပ္ပာယ် ဖွင့်ဆိုချက်တွေ၊ ဒေသခံ အသုံးအနှုန်းတွေ၊ မသိမဖြစ် သိ ရမယ့် စကားအဓိပ္ပာယ်တွေ၊ ရည်ညွှန်းချက်တွေ၊ စကားလုံး အထားအသိုတွေ၊ အနှစ်ချုပ်တွေ၊ ဇယားကွက်တွေနဲ့ မေးခွန်းတွေမေး ပါတယ်။
နားထောင်မှုစွမ်းရည်မှာ ရွေးချယ်စေမှုတွေ၊ အပြန်အလှန်မေးမြန်းချက်တွေ၊ စကားစု မေးမြန်းချက်တွေ၊ အဖြေမှန် ရွေးချယ် စေမှုတွေ မေးပါတယ်။
အပြောစွမ်းရည် စစ်ဆေးချက်မှာ မေးခွန်းကို နားထောင်စေပြီး ပြန်လည် ပြောဆိုဖြေကြားစေမှု၊ ခေါင်းစဉ်တခုပေးပြီး အကြောင်းအရာ ပြောဆိုဖြေဆိုစေမှုတွေ မေးမြန်းပါတယ်။
အရေးစစ်ဆေးမှုမှာတော့ အချိန် ၂ပိုင်း ခွဲမေးပါတယ်။ ပထမပိုင်းမှာ မိနစ် ၂၀ပေးပြီး ဒုတိယပိုင်းမှာ မိနစ် ၃၀ပေးပြီး အ ရေးပိုင်း စစ်ဆေးချက်တွေ မေးပါတယ်။
(၁၁) လက်တွေ့ပြောဆို သုံးနှုန်းနေပါ
TOEFL ဖြေတော့မယ်လို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပြီဆိုရင် နေ့စဉ်ဘဝမှာ အင်္ဂလိပ်စာကို လက်တွေ့ ပြောဆို၊ သုံးနှုန်းလည် ပတ်နေပါ။ မိခင်ဘာသာစကားလို တတ်မြောက်လာပါလိမ့်မယ်။
Ref: www.wikihow.com