Trend

ကလေးငယ်များအတွက် ပြုစု သင်ကြားနည်းလမ်းများ

Want create site? Find Free WordPress Themes and plugins.

လူတယောက်အတွက် ဘဝအနေအထားဆိုတာ အဆင့်မြင့်ချင်လည်း မြင့်နိုင်သလို၊ နိမ့်ပါးချင်လည်း နိမ့် ပါးနိုင်ပါတယ်။ ဒါပေမယ့် အဆိုပါ ဘဝအနေအထားဆိုတာ အမြဲတမ်းတော့ မတည်မြဲနေနိုင်ပါဘူး။ နိမ့်လိုက် မြင့်လိုက်နဲ့ပဲ ပြောင်းလဲ ကုန်လွန်နေတာပါ။

ဒီလို ဘဝရဲ့သဘောတရားနဲ့အတူ အခြေခံပညာရပ်လေးတွေဟာလည်း လူတဦးတယောက်ချင်းစီ အတွက် အထူးပဲ အ ရေးပါလှပါတယ်။ ကိုယ်တိုင်က ချမ်းသာနေလို့ အခြေခံဘဝသင်ခန်းစာတွေ နားလည်တတ်ကျွမ်းထားဖို့ မလိုဘူးဆိုတာမျိုး မဖြစ်သင့်ပါဘူး။

နောင်တချိန် ဘယ်လို ဘဝအနေအထားမှာ ရှင်သန်ရမယ်ဆိုတာ ဘယ်သူမှ ကြိုတင် မသိရှိနိုင်တာမို့ ငယ်စဉ်ကလေးဘ၀ ကတည်းက ဘဝရဲ့ သင်ခန်းစာလေးတွေကို ကြေညက်အောင် မိဘတွေက ကလေးတွေကို သင်ကြားထားပေးဖို့ လိုအပ်ပါ တယ်။

အခု ကျနော်က ကလေးတွေရဲ့အသက်အရွယ်အလိုက် ဘယ်အသက်အရွယ်မှာ ဘယ်လို ဘ၀ ပညာလေးတွေကို သင် ကြားပေးသင့်တယ် ဆိုတာ ပြောပြချင်ပါတယ်။

(၁) အိပ်စက်အနားယူမှု ပုံစံ မှန်ကန်ပါစေ

ဒီအချက်က ပညာရပ်ဆိုပေမယ့် အလေ့အကျင့်လို့ ပြောရင်လည်း ရပါတယ်။ အသက် ၁နှစ်ကနေ ၆နှစ်အတွင်း အရွယ်ရှိ ကလေးငယ်တွေကို အိပ်စက်မှုပုံစံ မှန်မှန်နဲ့ အိပ်စက်တတ်အောင် မိဘတွေက လေ့ကျင့်ပေးသင့်ပါတယ်။ ဒီအရွယ်အတွင်း မှာ ကလေးတွေကို နေ့စဉ် ၉ နာရီကနေ ၁၁နာရီအတွင်း အိပ်စက်တတ်အောင် ကျင့်ပေးပါ။

နေ့ခင်းဘက် အိပ်ချိန်ကိုပါ တနေ့တာ အိပ်ချိန်ထဲ ထည့်သွင်းမှတ်သားပြီး နေ့စဉ်အိပ်ချိန်ကို ၉နာရီကနေ ၁၁နာရီ အတွင်း မပိုအောင် ထားရှိ အိပ်စက်ပါစေ။

ဆယ်ကျော်သက် အရွယ်ရောက်လာချိန်မှာ ကလေးငယ်တွေဟာ အလိုလို နေ့ဘက် အိပ်စက်တတ်မှုကနေ ညဘက်မှာပဲ အိပ်စက်တတ်လာပါလိမ့်မယ်။ ဒီအရွယ်မှာ B လေးလုံးဖြစ်တဲ့ Bathing (ရေချိုး)၊ Brushing (သန့်စင်)၊ Books (စာဖတ်)နဲ့ Bed(အိပ်စက်)မှု ပညာလေးတွေကို သင်ကြားပေးဖိ့ုလည်း ကောင်းပါတယ်။

(၂) ရေကူးသင်ပေးပါ

မိမိကိုယ်တိုင်အတွက်ရော လိုအပ်ရင် အခြားသူ အတွက်ပါ အသက်ကယ်နိုင်မယ့် ဘဝရဲ့အခြေခံ ပညာရပ်ပါ။ အသက် ၁နှစ်ကနေ ၆နှစ် အတွင်း ကလေးတွေကို ရေကူးသင်ပေးဖို့ အကောင်းဆုံးပါ။ ၁ နှစ်ကနေ ၆နှစ်လို့ ဆိုရပေမယ့် လေ့လာ ချက်တွေအရတော့ ၁နှစ်ကနေ ၄နှစ် အတွင်း ကလေးတွေကို ရေနဲ့မစိမ်းအောင် လေ့ကျင့်ပေးသင့်ပြီး ၄နှစ်ကနေ ၆နှစ် အ တွင်းရေကူးသင်ပေးတာ အကောင်းဆုံးလို့ ဆိုပါတယ်။

(၃) အချက်အပြုတ်သင်ပေးပါ

ကလေးတွေရဲ့အသက် ၂နှစ်ကနေ စတင်ပြီး အချက်အပြုတ် သင်ပေးလို့ ရပါပြီ။ ပြည်တွင်းက ကလေးတွေ အများစု ဟင်း ချက်တမ်း ကစားကြခြင်းဟာလည်း အချက်အပြုတ် ပညာသင်ကြား လေ့လာခြင်း ပုံစံ တခုပါ။ ရှေ့ပိုင်းမှာ အချက်အပြုတ် ကစားနည်းနဲ့ ကစားစေပြီး နောက်ပိုင်း မီးဖိုခန်းမှာ လက်တိုလက်တောင်း ခိုင်းစေရင်း အချက်အပြုတ်ကို ဖြည်းဖြည်းချင်း သင်ကြားပေးနိုင်ပါပြီ။ နောက်ပိုင်းမှာ အရသာခံနည်း၊ ဖြည့်စွက်နည်း၊ ဟင်းပွဲ ပြင်ဆင်နည်းတွေထိအောင် သင်ကြားပေးပါ။

(၄) စက်ဘီးစီး သင်ပေးပါ

ဘယ်လောက်ပဲ တိုးတက်နေတဲ့ ခေတ်ဖြစ်ပါစေ၊ နှစ်ဘီးနဲ့ ရပ်တည်တဲ့ စက်ဘီးတွေရဲ့အခန်းကဏ္ဍပျောက်ကွယ်သွားဖို့ မရှိ သလို ခန္ဓာကိုယ် ဟန်ချက်ညီ စနစ်ကို အကောင်းဆုံး ခံစားတတ်အောင် အသက် ၃နှစ်ကနေ ၈နှစ် အတွင်း စက်ဘီးစီး သင်ပေးပါ။ လေ့လာချက်တွေအရတော့ အသက် ၅နှစ်ဟာ စက်ဘီးစီးသင်လို့ အကောင်းဆုံး၊ အတတ်အမြန်ဆုံး ကာလ ဖြစ်တယ်လို့ သိရပါတယ်။

(၅) ကိုယ်တိုင် သွားတိုက်တတ်တဲ့ အကျင့် သင်ကြားပေးပါ

စနစ်ကျတဲ့ သွားတိုက်မှုပုံစံကို အရွယ်ရောက် လူ၁၀ယောက်မှာ ၇ယောက်ကပဲ တိုက်နိုင်တယ်လို့ လေ့လာချက်တွေ အရ သိရပါတယ်။ ဒါဟာ ငယ်စဉ်က စနစ်ကျတဲ့ သွားတိုက်မှု ပုံစံ လေ့ကျင့်ပေးခဲ့မှု အားနည်းခဲ့လို့လည်း ဖြစ်ပါတယ်။ သွား ပွတ်တံကို ကိုင်တတ်၊ သွားတွေကို ပွတ်တိုက်တတ်ခြင်းဟာ စနစ်ကျတဲ့ သွားတိုက်မှု မဟုတ်သေးပါဘူး။

မိဘအများစုကတော့ ကလေးငယ်ကို သူတို့ကိုယ်တိုင် သွားပွတ်တံ ကိုင်တတ်တာနဲ့ သွားတိုက်တတ်ပြီ ဆိုပြီး လွှတ်ထား တတ်ပါတယ်။ ဒါပေမယ့် သွားတိုက်မှုပုံစံ မှားနေရင် အကျင့်ပါပြီး အသက်ကြီးသည်ထိအောင် သွားတိုက်မှုပုံစံ အမှားနဲ့ပဲ ဆက်သွားတတ်ပါတယ်။ အသက် ၆ နှစ်ကနေ ၈နှစ်အတွင်း ကလေးငယ်တွေထိအောင် မှန်ကန်တဲ့ သွားတိုက်မှုပုံစံနဲ့ ကိုယ်တိုင် တိုက်တတ်အောင် လေ့ကျင့်သင်ကြားပေးပါ။

(၆) ဖိနစ်တိုက်တတ်ပါစေ

ငယ်စဉ်ကတည်းက မိမိဖိနပ်ကိုမိမိ သန့်ရှင်းအောင် ထားတတ်မှု၊ သန့်ရှင်းအောင်ဆေးကြော ပွတ်တိုက်တတ်မှုစတဲ့ အ ကျင့်တွေက အသက်ကြီးလို့ လူ့ဘောင်အဖွဲ့အစည်းထဲ ရောက်လာသည်အထိ အဆင်ပြေကောင်းမွန်စေမယ့်နည်းပါ။ ဖိနပ်လို အခြေခံအသုံးအဆောင်ကိုတောင် သန့်ရှင်းစေတတ်မှု ရှိလာစေခဲ့ရင် အဝတ်အထည်နဲ့ အခြားအသုံးတွေကိုလည်း စနစ်တကျ ကိုင်တွယ် အသုံးပြုတတ်လာစေပါတယ်။ အသက် ၆နှစ်ကနေ ၈နှစ်အတွင်း ကလေးတွေကို သူတို့ရဲ့ ဖိနပ်ကို သူတိ့ု သန့်ရှင်းစေဖို့ သင်ကြားပေးပါ။

(၇) ငွေကြေးကိုင်တွယ်ပါစေ

အသက် ၆နှစ်ကနေ စပြီး ကလေးငယ်တွေကို သင့်တော်တဲ့ နှုန်းထား မုန့်ဖိုးပေးပါ၊ သူတို့လိုချင်တဲ့ အရာမှန်သမျှကို မိဘ အနေနဲ့ ဝယ်ယူ အသုံးပြုစေမှု လျှော့ချပါ။ ဆိုလိုရင်းကတော့ သူတို့ လိုချင်တဲ့ အရာကို သူတို့ မုန့်ဖိုးနဲ့ ဝယ်ယူတတ်ပါစေ။ ဒီအချက်ဟာ ကလေးတွေကို ငွေကြေးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲတတ်အောင် အခြေခံသင်ကြားပေးခြင်းပဲ ဖြစ်ပါတယ်။

ဝန်ထမ်းတဦး ဖြစ်လာနိုင်တဲ့ ကလေးတယောက်အတွက် စားစရိတ်၊ သွားစရိတ်၊ အသုံးစရိတ်၊ စတဲ့ စရိတ် အစုံစုံကို ချင့် ချိန်တတ်လာစေပါတယ်။ တခုခုကို ရယူဖို့အတွက် တခုခုကို ချွေတာရမယ် ဆိုတဲ့ အသိမျိုးလည်း ဝင်လာစေ၊ သိတတ်လာ စေမှာ ဖြစ်ပါတယ်။

(၈) ကိုယ်တိုင် အဝတ်လျှော်တတ်ပါစေ

ဘယ်လို ဘဝအနေအထားမှာပဲဖြစ်ဖြစ် သေချာတာ တခုကတော့ မိမိရဲ့အတွင်းခံအဝတ်အစားကိုတော့ ကိုယ်တိုင်လျှော် ဖွတ်ရဖို့ ရှိတဲ့ ဘဝမှာ ကလေးတွေကို အဝတ်လျှော်တတ်ဖို့ ငယ်စဉ် ကတည်းက သင်ပေးပါ။ အသက် ၈နှစ်ကနေ ၁၂အ တွင်း အဝတ်လျှော်တတ်အောင် သင်ပေးနိုင်သလို အဆိုပါ အသက်အရွယ်မှာ သူတို့ရဲ့အဝတ်ကို ကိုုယ်တိုင် သန့်စင် အောင် လျှော်ဖွတ်နိုင်နေပြီ ဖြစ်ပါတယ်။

(၉) သွားရဲ လာရဲပါစေ

ကျနော်တို့နိုင်ငံက မိဘ အများစု စိတ်မချတဲ့၊ လေ့ကျင့်ပေးမှုနည်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။ သားသမီးကို အချစ်လွန်ပြီး ငယ်စဉ်မှာ ဘယ်ကိုမှ မလွှတ်၊ မသွားစေကြပါဘူး။ အမှန်တကယ်ကတော့ အသက် ၆နှစ်ကနေ စတင်ပြီး အနီးနား ဝန်း ကျင်ကို တဦးတည်း သွားစေ၊ သွားလာတတ်အောင် သင်ပေးနိုင်ပြီ ဖြစ်ပါတယ်။

အသက် ၁၃နှစ် အရွယ်ဟာ ကလေးအတွက် သူနေထိုင်ရာ နေရာ၊ မြို့နယ် ဝန်းကျင်ကို ကောင်းကောင်း တကိုယ်ရည် တည်း သွားလာနိုင်နေရမှာပါ။ ရန်ကုန်လို ဘတ်စ်ကား စီးနင်းသွားလာရတဲ့ ပုံစံ ဖြစ်နေရင်တောင် ကိုယ်တိုင်ဘတ်စ်ကား စီး တတ်အောင် သင်ကြား ပေးသင့်ပါတယ်။ ဒါမှ ပတ်ဝန်းကျင်စိမ်းကို ဖြစ်စေ၊ မသိမကျွမ်းတဲ့သူတွေနဲ့ ဖြစ်စေ မေးမြန်းပြော ဆိုဆက်ဆံသွားလာရဲလာမှာလည်း ဖြစ်ပါတယ်။

(၁၀) စာနာစိတ် မွေးမြူပေးပါ

အခြားသက်ရှိ ဖြစ်တဲ့ သတ္တဝါတွေအပေါ်က အစ သစ်ပင်တွေ၊ သူငယ်ချင်းလို အပေါင်းအသင်းတွေ၊ ဆွေမျိုးမွေးချင်းတွေ၊ နောက်ဆုံးပစ္စည်းတွေ အပေါ်ကိုပါ စာနာစိတ်၊ အကောင်းမြင်စိတ် ရှိအောင် လေ့ကျင့်ပေးပါ။ အသက် ၆နှစ် အရွယ်ကနေ စတင်ပြီး အခုလို အကောင်းမြင်စိတ်ရှိအောင် လေ့ကျင့်ပေးနိုင်ပါပြီ။

သတ္တဝါအပေါ်မှာဆိုရင်လည်း သားက ခွေးလေးကို ရိုက်လိုက်ရင် သူ နာသွားမှာပေါ့ ဆိုတဲ့ သင်ကြားမှုမျိုး၊ တဖက်မှာ ခံစားရမယ့် အနေအထားမျိုးကို ပြောဆို သင်ကြားပေးပါ။

ဝတ္ထုပစ္စည်းအပေါ်မှာဆိုရင်လည်း သားက ကားလေးကို လွှင့်ပစ်လိုက်ရင် ပျက်စီးသွားမှာပေါ့၊ ဒါဆို သားလေးလည်း နောက်ကျ ဆော့စရာ ကားမရှိတော့ဘဲ ဖြစ်မှာပေါ့ဆိုတဲ့ နောက်ဆက်တွဲ ရလဒ်ကိုပါ ပြောဆို သင်ကြားပေးပါ။

Ref: www.lifehacker.com

Did you find apk for android? You can find new Free Android Games and apps.
Loading