Trend

လိမ္မော်စေ့ကနေ အပင်ပြန်ပျိုးလို့ရအောင်

Want create site? Find Free WordPress Themes and plugins.

ကျနော်တို့ ရန်ကုန်နေလူထုအတွက်ပါ အိမ်မှာ အပျော်တမ်း စိုက်ပျိုးနိုင်မယ့် လိမ္မော်ပင်စိုက်နည်းလေးကို ပြောပြချင်ပါတယ်။

ပုံမှန်ဆိုရင်တော့ သံပုရာနဲ့ အခုလိမ္မော်ပင်တွေက အစေ့ကနေ အပင်ဖြစ်အောင် စိုက်ဖို့ ခက်ခဲ့ပေမယ့် နည်းလမ်းမသိလို့ မစိုက်နိုင်ကြတာ ဖြစ်ပေမယ့် အခု ကျနော်က အစေ့ကနေ အပင်ဖြစ်အောင် စိုက်ပျိုးနိုင်မယ့် နည်းလမ်းလေးတွေကို တ ဆင့်ချင်း ပြောပြပါမယ်။

(၁) အသီးထဲကနေ အစေ့တွေကို ထုတ်ယူပါ၊ ကျနော်တို့ စားသုံးပြီး ကျန်ရှိတဲ့ အစေ့တွေ မဟုတ်ပါဘူး။ သီးသန့် အသီး ထဲကနေ လက်နဲ့ အစေ့ကို ညှစ်၊ ထုတ်ယူခြင်းမျိုးပါ။ အတတ်နိုင်ဆုံး အစေ့ကို မထိခိုက်စေပါနဲ့။ ပြီးရင်တော့ ကျန်ရှိတဲ့ အသီးကို စားမယ်ဆိုရင် စားနိုင်ပါပြီ။

(၂) အစေ့ကောင်းတွေ၊ ကြီးထွားတဲ့ အစေ့တွေကို ရွေးချယ်လိုက်ပါ၊ ပြီးရင် ရေနဲ့ သန့်စင်အောင် ဆေးကြောပါ၊ မှိုလို အရာတွေ ကပ်ပါလာနိုင်တာကြောင့် ရေနဲ့ သန့်စင်အောင် ဆေးပေးဖို့ အရေးကြီးပါတယ်။

(၃) ရေစိမ်ပေးပါ။ ရေသန့်စင်အောင် ဆေးထားပြီး ဖြစ်တဲ့ လိမ္မော်စေ့တွေကို ကောင်းစွာ နစ်အောင် ရေစိမ်နိုင်မယ့် အနေ တော် ခွက်ထဲထည့် ပြီး ရေနစ်အောင် စိမ်ပေးပါ။ အစေ့ရဲ့အထက်မှာ ရေအနေထားကို ၂လက်မခန့်ထိ ရှိအောင် စိမ်ပေးပါ။ ၂၄နာရီ ကြာအောင် စိမ်ပေးရမှာပါ။ အဲဒီထက် ပိုကြာအောင် မစိမ်ပါနဲ့။

(၄) ရေစိမ်ပြီး လိမ္မော်စေ့တွေကို အဝတ်သန့်နဲ့ သုတ်ပေးပါ။ သန့်စင်ပါစေ

(၅) ရရှိလာတဲ့ လိမ္မော်စေ့တွေကို သန့်စင် စက္ကူသားနဲ့ ထုတ်ပါ။ စက္ကူကို ပလတ်စတစ်အိတ်ငယ်ပုံစံ ဖန်တီးပြီး ထည့်ရင် လည်း ရပါတယ်။ ၂×၂ လက်မ အရွယ် စက္ကူအိတ်ပုံစံ ခေါက်ပြီး ထည့်ပါ။ စက္ကူခေါက်ထဲကို လိမ္မော်စေ့တွေ ထည့်ပြီးပြီဆိုမှ အဆိုပါ စက္ကူသားပေါ်ကို ရေဖြန်းပေးပါ။ Spray ဘူးနဲ့ ဖြန်းရင် ပိုကောင်းပါတယ်။ စိုတယ်ဆိုရုံ ဖြန်းပေးရမှာပါ။

(၆) လိမ္မော်စေ့ကို စက္ကူလေးနဲ့ ထုပ်ပြီးပြီ၊ စက္ကူထုပ်ကို ရေဆွတ်ပြီးပြီ ဆိုရင်တော့ အဆိုပါ စက္ကူထုပ်ကို ဆ့ံ့မယ့် ပလတ် စ တစ် အပါးသား၊ အကြည်သား အိတ်လေးထဲကို ပြောင်းထည့်လိုက်ပါ။ ပြည်တွင်းမှာတော့ ကွမ်းထည့်တဲ့ အိတ်တွေ အသုံး များလို့ အလွယ်တတူ ရနိုင်ပါတယ်။ ဒါကတော့ စက္ကူသားမှာ ဆွတ်ထားတဲ့ ရေကို အပြင်ကို အငွေ့ပျံမသွားအောင် ထိန်း ထားစေတဲ့ သဘောဖြစ်ပြီး ပလတ်စတစ်အိတ်အတွင်း ရှိတဲ့ ရေနဲ့ ရေငွေ့က လိမ္မော်စေ့တွေကို အပင်အဖြစ် နိုးထ ရှင် သန်နိုင်အောင် ကူညီပေးမှာလည်း ဖြစ်ပါတယ်။

(၇) သတိပြုစရာကတော့ စက္ကူထဲကို လိမ္မော်စေ့ ထည့်ပြီး ခေါက်သိမ်းချိန်မှာရော အဆိုပါ စက္ကူထုပ်ကို ပလတ်စတစ်အိတ် အတွင်း ထည့်ချိန်မှာရော ပြီးစလွယ်ပုံစံနဲ့ မခေါက်၊ မထုပ်ပါနဲ့။ လေးထောင့်ကျကျ သေသေသပ်သပ် ခေါက်ထုပ်ပေးပါ။

(၈) အခု ကျနော်တို့ လိမ္မော်စေ့လေးတွေကို ဦးစွာ စက္ကူနဲ့ထုပ်၊ ပြီးမှ ပလတ်စတစ်နဲ့ ထပ်ထုပ်၊ အခုတော့ အိတ်ကလေးနဲ့ လိမ္မော်စေ့ထုပ်လေး ရပါပြီ။ အဆိုပါ အိတ်ကလေးကို နေရောင်မြင်နိုင်တဲ့ နေရာမှာ ပြောင်းထားပါ။ အခန်းအပြင်ဘက်မှာ လည်း ထားနိုင်ပါတယ်။ အခန်းတွင်းမှာလည်း ထားနိုင်ပါတယ်။ နေရောင်မြင်ရင် ရပါပြီ။
လိမ္မော်စေ့ထုပ်လေးကို ထားရမယ့် အပူချိန်ကိုပဲ သတိပြုပေးပါ။ အပူချိန် ၇၀ကနေ ၇၅ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၂၁ ကနေ ၂၄ ဒီဂရီ စင်တီဂရိတ်အတွင်း အပူချိန်မှာ နေပြပေးပါ။

(၉) နေ့စဉ် အိတ်အတွင်း ရေငွေ့ရှိ၊ မရှိ လက်ကျန်ကို စစ်ပေးပါ။ ရေငွေ့နည်းသွားရင် ပလတ်စတစ်အိတ်အတွင်းက စက္ကူထုပ်ကို အပြင်ထုတ်ပြီး Spray နဲ့ ရေဆွတ်ပြီး ပြန်လည် ထည့်သွင်းခါ နေရောင် ပြန်ပြပေးပါ။ ပျမ်းမျှ အဆိုပါ အထုပ်တွင်း လိမ္မော်စေ့တွေကနေ အပင်ပေါက်ဖို့ ၁၀ရက် ဝန်းကျင် ကြာပါတယ်။

(၁၀) အပင်ပေါက် ရလာပြီ ဆိုရင် အဝန်း ၄လက်မ (၁၀ စင်တီမီတာ)ရှိတဲ့ ပန်းအိုးထဲကို ပြောင်းရွှေ့စိုက်ပျိုးလို့ ရပါပြီ။ အပင်ပြောင်းစိုက်မယ့် အိုးရဲ့အောက်ဆုံးဟာ သဲဆန်ဆန် မြေပွပွနဲ့ မြေသြဇာ ဖြစ်စေ၊ နွားချေးလို သဘာ၀ မြေသြဇာဖြစ် စေ နည်းနည်း ခံပြီး စိုက်ပျိုးပေးပါ။

အပင်ပေါက် ထည့်စိုက်မယ့် မြေခွက်ကို ၁.၃စင်တီမီတာ ခွက်ဖြစ်အောင် လုပ်ပြီး ထည့်စိုက်ပါ။ အစေ့ကနေ ထွက်လာတဲ့ အရွက်ဖျားပိုင်းဟာ အောက်ဖက်ကို စိုက်နေပါလိမ့်မယ်။ မစိုးရိမ်ပါနဲ့။ နောက်တော့ မြေကြီးနဲ့ ထိသွားပြီး အမြစ်ဖြစ်လာမှာ ပါ။ ထူးခြားချက်ပါပဲ။

မှတ်ချက်အနေနဲ့ အိုးငယ်တအိုးမှာ အပင်ပေါက် တပင်ပဲ စိုက်ပါ။ အစေ့အများအပြား ပျိုးထားတယ်ဆိုရင် အိုးများများ ပြင်ထားဖို့ လိုပါတယ်။

(၁၁) အိုးထဲ အပင်ပေါက်လာတာနဲ့ ရေပုံမှန် လောင်းပေးဖို့၊ နေရောင် ပုံမှန် ပြပေးဖို့ လိုအပ်ပါတယ်။ အိုးထဲက ရေဓာတ်ကို ထိန်းပေးနိုင်အောင် အိုးမြေ အပေါ်ယံကို သစ်ရွက်ဆွေးနဲ့ အုပ်ပေးထားရင် အပင်ကိုလည်း မြေသြဇာ ဖြစ်စေသလို ရေ ဓာတ်လည်း ထိန်းပေးနိုင်မှာပါ။ ဆွေးမြေ့လွယ်တဲ့ အရွက်ခြောက်တွေ ထည့်ပေးရင် ပိုကောင်းပါတယ်။

(၁၂) အဆိုပါ အိုးသေးထဲမှာ ၂ပတ်လောက် ထားရပါမယ်။ တပတ်တခါ ရေလောင်းပေးပါ၊ အပူချိန်အရ အိုးထဲက မြေကြီး ခြောက်လာတာနဲ့လည်း ရေလောင်းပေးနိုင်ပါတယ်။ ၂ပတ်ခန့် အကြာမှာ အရွက်ကြီးတွေ ထွက်လာပါလိမ့်မယ်။

(၁၃) ဒါဆိုရင်တော့ ကျနော်တို့ မြေပြင်မှာ ဒါမှမဟုတ် ပန်းအိုးအကြီးထဲမှာ ပြောင်းစိုက်ပြီး အသီးသီးချိန်ထိအောင် ထား နိုင်ပါပြီ။

မြေပြင်မှာ ဆိုရင် ၂ပေထိအောင် မြေပြင်ပြီး စိုက်ပါ။ ပန်းအိုးထဲမှာပဲ အခန်းတွင်း၊ တိုက်ခန်းမှာ စိုက်မှာဆိုရင်တော့ အနည်း ဆုံး ပတ်လည် ၃ပေ၊ အမြင့် ၃ပေရှိ ပန်းအိုးထဲ ပြောင်းစိုက်ပါ။

]ပန်းအိုးတခုလုံး မြေသြဇာဖြစ်မယ့် သစ်ဆွေး၊ တိရိစ္ဆာန်ချေး၊ ဒါမှမဟုတ် မြေသြဇာ တချို့ရောနှော မြေပြင်ပြီး ထည့်သွင်း စိုက်ပျိုးနိုင်ပါတယ်။ မြေပြင်စိုက်သူတွေကတော့ နေရောင် ထူးပေးစရာမလိုဘဲ အပင်ဝန်းကျင် မြေခြောက်လာတိုင်း ရေ ပေးစိုက်ပျိုးပါ။

တိုက်ခန်းနဲ့ စိုက်သူတွေကတော့ ဝရန်တာလို နေရာမှာ ထွက်စိုက်တာ အကောင်းဆုံးပါ။ နေရောင် အမြဲရနိုင်စေလို့ ဖြစ်ပါ တယ်။ မြေခြောက်လာရင် ရေလောင်းပေးပါ။ ရေ အရမ်းများဖို့ မလိုအပ်ပါဘူး။

Ref: www.wikihow.com

Did you find apk for android? You can find new Free Android Games and apps.
Loading