အင်္ဂလိပ်စာသင်တန်းသားတွေအတွက် ဖတ်စာကို အမြန်ဆုံး နားလည်သဘောပေါက်စေမယ့်အချက်လေး တချို့ကို ပြောပြချင်ပါတယ်။
လက်ရှိ ပြည်တွင်းမှာ လက်ခံအသုံးပြုနေတဲ့ အင်္ဂလိပ်ဖတ်စာကို နားလည်ဖို့ထက် ပိုမို ကြေညက်အောင် ဖတ်မှတ်စေမှုပုံစံ မဟုတ်ဘဲ မိမိလည်း နားလည်၊ ဖတ်စာကိုလည်း ကြေညက်မှု မြန်စေနိုင်မယ့်အချက်တွေ ဖြစ်ပါတယ်။
(၁) စာတပုဒ်လုံးကို ဖတ်ရှုမှုထက် အဆုံးသတ် မေးခွန်းနဲ့ အဖြေတွေကို ဖတ်ပါ
ဒီအချက်က သင့်အနေနဲ့ အဆိုပါ စာပိုဒ်တခုလုံးရဲ့အရေးပါဆုံးအကြောင်းအရာတွေကို သိစေနိုင်မှာ ဖြစ်သလို ဘာတွေ မေး လာနိုင်မလဲ၊ ဘယ်လို မေးလာနိုင်မလဲ၊ ဘယ်လို ဖြေဆိုရမလဲဆိုတဲ့အချက်တွေကိုပါ တခါတည်း သိလာစေနိုင်သလို တဖက်က စာဖတ်မှုအပိုင်းမှာ အားနည်းနေတဲ့ သင့်အတွက် မြန်မြန်နဲ့ ချက်ချင်း သဘောပေါက်လာစေနိုင်ပြီး စာဖတ်ရ ငြီးငွေ့မှုကို လည်း လျော့နည်းစေနိုင်သလို တိုတိုနဲ့ လိုရင်း သိရတာကြောင့် တဖြည်းဖြည်းချင်း စာဖတ်ချင်စိတ် ပိုလာပြီး စာဖတ်နှုန်း လည်း မြန်လာစေပါလိမ့်မယ်။
(၂) သင်ကြားမှု အခန်းတခန်းရဲ့ မိတ်ဆက်နဲ့ နိဂုံးကို ဖတ်ရှုပါ
စာအုပ်ဖန်တီးထုတ်လုပ်ထားမှုအပေါ် မူတည်ပြီး အခန်းငယ်တွေ ခွဲခြား ရိုက်နှိပ်ထားတာ တွေ့ရပါလိမ့်မယ်။ သင်ကြားမှု အခန်းတခုချင်းစီမှာ ဥပမာအနေနဲ့ စာပိုဒ်ရဲ့အကျိုးသက်ရောက်မှု၊ ရလဒ်၊ နောက်ဆက်တွဲ ဖြစ်နိုင်ခြေ၊ ဖြစ်ရပ်၊ အားသာ ချက်၊ အားနည်းချက် စသဖြင့် အခန်း၊ အပိုဒ်တွေ ခွဲထားပါလိမ့်မယ်။ စာပိုဒ်တခုလုံး၊ အခန်းတခုလုံးကို ဖတ်တာထက် အ ရေးကြီးတဲ့အပိုင်းကိုပဲ ဖတ်ပါ။ လေ့လာပါ၊ မှတ်သားပါ၊ အကြိမ်ကြိမ် ဖတ်ရှုမှုကနေ သင့်ရဲ့စာဖတ်နှုန်းလည်း မြန်လာပါ လိမ့်မယ်။
(၃) စကားပြောတွေ၊ ခေါင်းစဉ် ကြီး၊ ငယ်တွေကို အလေးထား ဖတ်မှတ်ပါ
အဆိုပါ ခေါင်းစဉ်ငယ်တွေ၊ ဒါမှမဟုတ် စကားပြော ထည့်သွင်းထားခြင်းတွေဟာ အရေးပါတဲ့အတွက် အဆိုပါစကားလုံး တွေ၊ ဆိုလိုရင်းတွေကို သတိထား အလေးပြု ဖတ်ပါ။ မကျော်ပါနဲ့၊ ဖတ်ရုံ မဖတ်ပါနဲ့၊ နားလည်သည်ထိအောင် လေ့လာပါ၊ မှတ် သားပါ။ များသောအားဖြင့် အဆိုပါ အချက်တခုချင်းစီဟာ မိမိ သင်ယူနေတဲ့ စာပိုဒ်ရဲ့ဆိုလိုချက်၊ အပြောင်းအလဲ၊ ပေါ်လွင် မှုနဲ့ အဓိကအချက်တွေကို ရေးသားထားခြင်းမျိုး ဖြစ်ပါတယ်။
(၄) စာပိုဒ်တခုချင်းစီ ဖတ်ရှုရာပါ စာပိုဒ်ရဲ့ ပထမဆုံးနဲ့နောက်ဆုံး စာကြောင်းတွေကို ဦးစားပေးဖတ်ပါ
သင့်အနေနဲ့ အဆိုပါ စာကြောင်း ၂ကြောင်းကို သဘောပေါက်တယ်ဆိုရင် အဆိုပါ စာပိုဒ်တခုလုံး ဖတ်ရှုဖို့အဆင့်ကို ကျော် လိုက်လို့ ရပါပြီ။
သင်ခန်းစာအဖြစ် ပြဌာန်းထားတဲ့ အင်္ဂလိပ်စာတွေရဲ့ စာပိုဒ် ဖွဲ့စည်းပုံတွေဟာ တိုတောင်းပြီး အဆိုပါစာပိုဒ်ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး စာကြောင်း ၂ကြောင်းမှာ စာပိုဒ်ရဲ့ဆိုလိုရင်းကို ထည့်ထားတတ်ပါတယ်။ အဆိုပါ စာကြောင်း ၂ကြောင်းကို ကောင်းစွာ သဘောပေါက်ဖို့ လိုအပ်ပါတယ်။
(၅) စာပိုဒ်တခုချင်းစီရဲ့ဆိုလိုရင်းကို ကောင်းစွာ သဘောပေါက် နားလည်ပါစေ
စာပိုဒ်တိုင်း၊ သင်ခန်းစာတိုင်းမှာ အနှစ်ချုပ် အနေနဲ့ ဖော်ပြထားတဲ့၊ ဒါမှမဟုတ် မှတ်ချက်ထုတ်ထားတဲ့ စာကြောင်းလေးတွေ ရှိပါတယ်။ ဥပမာ ရူပဗေဒလိုပညာရပ်တွေမှာ သူ့ရဲ့ ဆိုလိုရင်းနဲသဘောတရားကို သီးသန့်စာကြောင်း မှတ်သားချက်လေး ထုတ်ပြီး ဖော်ပြထားတတ်ပါတယ်။
ဒီလို သဘောတရားပိုင်း ဖော်ပြချက်တွေကို အကောင်းဆုံး နားလည်အောင် ဖတ်ပါ၊ မှတ်ပါ၊ တကယ်လို့ အဆိုပါ ဆိုလိုရင်း စာပိုဒ်အတွင်မှာ သင် မသိတဲ့ စာလုံးနဲ့ ရေးသားထားမှုတွေ ပါရှိမယ်ဆိုရင် အသေးစိပ် ထပ်မံလေ့လာပါ၊ စာပိုဒ်တခုလုံးကို ဖတ်ရခြင်းထက်တော့ သက်သာစေသလို သင့်ကိုလည်း ပိုမို နားလည် သဘောပေါက်လာစေပါလိမ့်မယ်။
(၆) စာသင်ကြားဖော်တွေနဲ့ အခန်းဆုံး သင်ခန်းစာများ စုဖွဲ့ လေ့လာပါ
ဒီအချက်ကတော့ သင်ခန်းစာသင်ကြားမှုရဲ့ နောက်ဆုံးလေ့လာစစ်ဆေးမှု ဖြစ်ပြီး တရားဝင်စာမေးပွဲ ဖြေဆိုခြင်း မဟုတ်တဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည်လေ့လာ စစ်ဆေးခြင်း ပုံစံပါ။ မေးခွန်း အလှည့်ကျမေးမြန်းဖြေဆိုခြင်းမျိုးနဲ့ အကောင်းဆုံး လေ့ လာစစ်ဆေးမှုကို လုပ်နိုင်ပါတယ်။
Ref: www.wikihow.com