ကျနော်တို့ ဝန်ထမ်းတွေရဲ့ဘဝအတွက်ကတော့ အလုပ်ရှင်သူဌေးက သဘောကျ နှစ်သက်မှပဲ လစာတိုးမယ်၊ အလုပ် အဆင် ပြေမယ်၊ အလုပ်မြဲမယ်ပေါ့။
ဒီနေရာမှာ အလွယ်ဆုံး အလုပ်မြဲအောင်၊ အလုပ်ရှင် သူဌေးကြိုက်အောက်နေကြတဲ့ ပုံစံကတော့ အလုပ်ကြိုးစားလုပ်ဖို့ပေါ့။ ဒါပေမယ့် အခု ကျနော်ပြောမယ့်အချက်တွေက အလုပ်ကို ကြိုးစားတယ်ဆိုတာလောက် လုပ်ဖို့ မလိုဘူး။
ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်နေရင်း အလုပ်ရှင်သူဌေးက သဘောကျအောင် နေဖို့ နည်းလမ်းလေးတွေပါ။
(၁) အလုပ်အကြောင်း ပွင့်ပွင့်လင်းလင်းပြောပါ
တချို့ဝန်ထမ်းတွေမှာ သူတို့ တာဝန်မယူနိုင်တဲ့ အလုပ်ကို တာဝန်ပေးလာရင် မျက်နှာပျက်တတ်တယ်၊ ဒါပေမယ့် မလုပ် နိုင်ဘူးဆိုတာမျိုးတော့ မပြောဘူး၊ အလုပ်ရှင်က ဝန်ထမ်းမျက်နှာပျက်တာကိုတော့ မြင်တယ်၊ ဒါဆိုရင် သူ သဘောမကျ တော့ဘူး။
တဖက်မှာလည်း ဝန်ထမ်းက အဆိုပါအလုပ်ကို မလုပ်ရဘူးလားဆိုတော့ လုပ်ရတယ်၊ ဒါဆို အလုပ်လည်း မသက်သာဘူး၊ အလုပ်ရှင်လည်း မကြည်ဘူး၊ အဲဒီအတွက် အားမနာပါနဲ့၊ မိမိ တာဝန်ယူနိုင်ကြောင်း၊ မယူနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ပွင့်လင်းရိုးသားမှုကို လူတိုင်း နှစ်သက်ပါတယ်။ သင့်အလုပ်ရှင်လည်း သဘောကျပါလိ့်မ်မယ်။
(၂) အလုပ်ချိန် ညှိယူပါ
တချို့ ဝန်ထမ်းတွေမှာ ညနေဘက် အပိုချိန် မဆင်းနိုင်တာတွေ၊ သင်တန်းတက်ဖို့တွေ၊ ကျန်းမာရေးနဲ့ လူမှုရေး ကိစ္စတွေ ရှိနေတတ်ပါတယ်။ အဆိုပါ မိမိ လုပ်ဆောင်စရာရှိတဲ့ အချိန်တွေအတွက် ဘယ်ရက်မှာ ဘယ်လိုအချိန် လိုအပ်ကြောင်း၊ နောက်ဆုံး ခွင့်ယူချင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ၊ အဆိုပါ ပျက်ကွက်မှုအတွက် ဘယ်လို အစားထိုး အလုပ်လုပ်ကိုင် သွားမယ်ဆိုတာ ဖြည့်စွက်ပြောဆိုပါ။
သင့် အနေနဲ့ တာဝန်ချိန်ပြည့် မဟုတ်သည့်တိုင်အောင် တာဝန်ပျက်ကွက်မှု မဖြစ်နိုင်လို့ အလုပ်ရှင်က သဘောကျပါလိမ့်မယ်။
(၃) အလုပ်အတွက် အစီအစဉ်ဆွဲပြပါ
အစည်းအဝေးမှာပဲ ဖြစ်စေ၊ အလုပ်ရှင်နဲ့ ၂ယောက်တည်း တွေ့ဆုံခြင်းမှာပဲ ဖြစ်စေ မိမိကို တာဝန် ပေးမထားသည့် တိုင် အောင် မိမိအလုပ်နဲ့ ပတ်သတ်တဲ့ တိုးတက်ကောင်းမွန်မယ့် အလုပ်အစီအစဉ်ကို စဉ်းစားမိရင် တင်ပြပါ၊ မိမိဟာ ဘယ်လို စိတ်ကူးရှိတယ်၊ ဘယ်လို တိုးတက်အောင် စဉ်းစားနေတယ် ဆိုတာ အလုပ်ရှင်ကို သိပါစေ။
သူ့ရဲ့ အလုပ်မှာ သင်ဟာ အရေးပါကြောင်း သိနားလည်စေပြီး သင့်ကို သဘောကျစေပါလိမ့်မယ်။
(၄) ကန့်သတ်ချက်ထားပါ
တချို့ ဝန်ထမ်းတွေဟာ စိတ်ခံမှာကိုပဲ ကူညီချင်စိတ် ပိုမို မြင့်မားကောင်းမွန်တတ်ပါတယ်။ ဒီအတွက် အလုပ်ရှင်ကနေ ဖြစ် စေ၊ လုပ်ဖော်ကိုင်ဖက်ကနေ ဖြစ်စေ၊ တာဝန်တခုခု အကူအညီတောင်းလာရင် ကူညီပေးတတ်ပါတယ်။ ဒါပေမယ့် မည်သူ က မျှ အလကားပေးတဲ့အရာကို တန်ဖိုးမထားတတ်ကြပါဘူး။
မကူညီနဲ့ မပြောပါ၊ ကူညီပါ၊ ကန့်သတ်ချက်ထားပြီး ကူညီပါ။ မိမိ ယခင်က ကူညီခဲ့မှုဟာ ဘယ်လောက်ထိအောင် ထိရောက် တယ်ဆိုတာ အလုပ်ရှင် သိလာပါလိမ့်မယ်။ သင့်ရဲ့စိတ်ဓာတ်ကို သဘောကျစေပါလိမ့်မယ်။
(၅) သင့်ရဲ့အချိန်တွေကို အလုပ်ထဲမှာ နှစ်ထားပါ
အလုပ်ချိန်ဟာ မနက် ၉နာရီ ဖြစ်နေပေမယ့် ရုံးမတက်၊ ရုံးချိန် မတိုင်ခင် ကားစီးနေရင်း၊ မနက်စာစားနေရင်း သင့်ရဲ့တနေ့ တာ အလုပ်နဲ့ ပတ်သက်တဲ့ စာဝင်၊ စာထွက်တွေ၊ စာရင်းတွေ၊ အစည်းအဝေးမှာ တင်ပြစရာတွေ လုပ်ဆောင်စရာ မှန်သမျှ ကို စဉ်းစားပါ၊ စစ်ဆေးပါ၊ သူများထက် ကြိုပြီး တွေးနေမိပါစေ။
အလုပ်ချိန် မဟုတ်သည့်တိုင်အောင် သင့်ရဲ့အချိန်တွေကို အလုပ်ထဲ နှစ်ထားပါ။ ရလဒ်ကတော့ သင့်ရဲ့အလုပ်အပေါ်မှာ သင့်ရဲ့ ကျွမ်းကျင်မှု မြင့်မားလာပြီး တခြားဝန်ထမ်းတွေထက် ပိုမို တတ်ကျွမ်းမှုကို ပြသလာနိုင်မှာ ဖြစ်သလို အဆိုပါ ထက်မြက်တဲ့ ဝန်ထမ်းကို အလုပ်ရှင်က သတိထားမိသလို သဘောကျပါစေလိမ့်မယ်။
(၆) ကတိလွယ်လွယ်မပေးပါနဲ့
ဒီတပတ်၊ ဒီတလအတွင်းမှာ ဘယ်လို အလုပ်တာဝန်ကို၊ ရည်မှန်းချက် တခုကို ပြီးမြောက်အောင် လုပ်ဆောင်မယ်ဆိုတာမျိုး ကတိကို လွယ်လွယ်လည်း မပေးပါနဲ့၊ မိမိရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ပေးအပ်လာတဲ့ တာဝန်ကို ချိန်ဆပါ။
ဖြစ်နိုင်မှ ပေးပါ၊ ပေးအပ်လာတဲ့ မနိုင်ဝန် တာဝန်ကို ရယူလိုက်ပေမယ့် ပြီးမြောက်အောင် မလုပ်ဆောင်နိုင်လို့ မျက်နှာ ပျက် ရခြင်းထက် အစကတည်းက မိမိ ပြီးမြောက်အောင် လုပ်ဆောင်နိုင်မှုမရှိကြောင်း ဝန်ခံလိုက်ရတာက ပိုကောင်းပါတယ်။
(၇) အလုပ်ချိန်ကို မဖြူန်းပါနဲ့
ဒီနေ့ခေတ် ရုံး အများစုမှာ ထမင်းစားခန်း၊ ထမင်းစားချိန်၊ ကော်ဖီဖျော်ခန်း၊ ကော်ဖီချိန် စသဖြင့် ပေးထားနေကြပါပြီ။ အဆို ပါ ထမင်းစားချိန်၊ ကော်ဖီချိန်မှာ အခြားသူတွေနဲ့ စကားအပိုအလို များများပြောပြီး အချိန် မဖြုန်းပါနဲ့။
တိုးတက်နေတဲ့ ခေတ်မှာ သင်တို့ကို အဆိုပါ အနားယူချိန်တွေ၊ နေရာတွေ ပေးထားပေမယ့် CCTV နေရာတွေကနေလည်း စောင့်ကြည့်နေတယ်ဆိုတာ သိထားပါ။ အလုပ်ချိန်ကို မဖြုန်းပါနဲ့၊ မိမိ အလုပ်ကိုသာ အကောင်းဆုံး လုပ်ပါ။ လုပ်ငန်းရှင်က ပိုပြီး သဘောကျပါတယ်။
(၈) အရေးကြီးတာဝန်ကို ဦးစားပေး လုပ်ပါ
တချို့သော ဝန်ထမ်းတွေမှာ သူတို့ အတွက် တနေ့တာ အလုပ်ကို အထက်အရာရှိက ဖြစ်စေ၊ အလုပ်ရှင်က ဖြစ်စေ၊ သတ် မှတ် တာဝန်ပေးလိုက်ပါတယ်။
အဲဒီနေရာမှာ ဝန်ထမ်းကလည်း မိမိ တနေ့တာ အလုပ်ကို မိမိ ပြီးမြောက်အောင် လုပ်ရမယ်ဆိုတာတင် မဟုတ်ဘဲ မိမိကို တာဝန်ပေးလိုက်တဲ့ထဲက ဘယ်တာဝန်က ပိုပြီး အရေးကြီးတယ်ဆိုတာ ပြန်ပြီး ခန့်ခွဲပါ၊ ဦးစားပေး လုပ်ဆောင်ပါ။
သင့်ရဲ့အလုပ် လုပ်ဆောင်တတ်ပုံကို အလုပ်ရှင်က သတိထားမိပြီး သဘောကျလာပါလိမ့်မယ်။
(၉) ပုံမှန်အလုပ်လုပ်ပါ၊ မကြိုးစားပြပါနဲ့
လုပ်ငန်းရှင်တွေရဲ့ အများစု အမြင်မှာ သူတို့ရှေ့မှာ အလုပ်ကြိုးစားပြသူ အများစုဟာ နောက်ကွက်မှာ လွယ်လွယ်ပဲ နေ တတ်တယ်ဆိုတာ အလုပ်ပြီးမြောက်မှု အပေါ်မှာ ကြည့့်ပြီး သိနိုင်ပါတယ်။
မိမိ မျက်စိရှေ့က ဝန်ထမ်းတယောက်ဟာ အလုပ်တွေ မနားတမ်း လုပ်နေတယ်။ အချိန် ဘယ်လောက်မှာ အလုပ် ဘယ် လောက်ပြီးတယ်၊ ဒါဆို တနေ့တာ သူ့ရဲ့အလုပ်ချိန် ဘယ်လောက်မှာ အလုပ် ဘယ်လောက် ပြီးသင့်တယ်ဆိုတာ အလုပ် ရှင်တွေက ကောင်းကောင်း သိပါတယ်။
အဲဒီမှာ သူတို့ရှေ့မှာ အလုပ် ကြိုးစားပြနေတဲ့ ဝန်ထမ်းရဲ့အလုပ်ပြီးနှုန်းဟာ အခြား ဝန်ထမ်းတွေနဲ့ အတူတူပဲ ဆိုရင်တော့ သေချာနေပါပြီ၊
ဒီဝန်ထမ်းဟာ ရှေ့မှာပဲ ကောင်းအောင်နေပြပြီး နောက်ကွယ်မှာ ဖြစ်သလို နေတယ်ဆိုတာ ပေါ်လွင်စေပါတယ်။ အကောင်း ဆုံးကတော့ အလုပ်ကို ပုံမှန်ပဲ လုပ်ပါ၊ ကြိုးစားပြနေဖို့ မလိုအပ်ပါဘူး။
Ref: www.businessinsider.com