ဘယ်သူမဆိုု ဝန်ထမ်းလုပ်လုပ်၊ လုပ်ငန်းခွင်ထဲ ရောက်ပြီဆိုတာနဲ့ အထက်လူကြီးတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အခြားဝန်ထမ်းတွေနဲ့ ဆက်ဆံပူးပေါင်းလာရတော့မှာ အမှန်ပါ။
အခု သင့်အနေနဲ့ အလုပ်ထဲမှာ မပျော်ဘူး၊ အဆင်မပြေဘူးဆိုတာတွေ ဘာကြောင့်ဖြစ်နိုင်သလဲဆိုတာ ပြောပြချင်ပါတယ်။
(၁) လုပ်ဖော်ကိုင်ဖက်တွေကို သဘောမကျဘူး
ဒီနေရာမှာ ရာထူးတူချင်လည်း တူမယ်၊ မိမိ လက်အောက်က ဝန်ထမ်းတွေ ဖြစ်ချင်လည်း ဖြစ်မယ်။ ဒါပေမယ့် သူတို့ အ တွက် သင် မပျော်ရွှင် အဆင်မပြေတာတွေ ဖြစ်နိုင်ပါတယ်။
မိမိကပဲ ဦးဆောင်လုပ်ကိုင်နေရတာတွေ၊ မိမိကပဲ ခေါင်းခံ ဖြေရှင်းနေရတာတွေ၊ တခါတလမှာ မိမိရဲ့စွမ်းဆောင်ချက်ကို အထက်လူကြီးက တခြား ဝန်ထမ်းတွေကို ချီးကျူးတာမျိုးတွေ တွေ့လာရမယ်။ အထူးသဖြင့်တော့ တွဲဖက် မညီတဲ့သူတွေ နဲ့ ပေါင်းသင်းဆက်ဆံ လုပ်ကိုင်လာရပြီဆိုရင် သင့်အနေနဲ့ အလုပ်မှာ ပျော်တော့မှာ မဟုတ်သလို ဒီအလုပ်မှာလည်း အမြဲ ရေရှည်လုပ်ချင်စိတ်ရှိတော့မှာ မဟုတ်ပါဘူး။
အကောင်းဆုံးကတော့ အခြား အလုပ်မပြောင်းချင်ဘူးဆိုရင် အထက်လူကြီးကို ပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီး မိမိနဲ့ တွဲဖက် ညီမယ့်သူကို ရွေးချယ်လုပ်ကိုင်ခွင့်ရဖို့ တင်ပြတောင်းခံလိုက်ပါ။
(၂) သင် သူဌေးကို သဘောမကျဘူး
လုပ်ငန်းခွင်မှာ လစာကောင်းနေပေမယ့် အလုပ်တာဝန်များတာမျိုး၊ လစာမကောင်းသလို အလုပ်ပင်ပန်းတာမျိုး၊ လုပ်ငန်း ရှင်က ဇီဇာကြောင်လို့ ညှိနှိုင်းလုပ်ကိုင်ရတာ အဆင်မပြေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါဆိုရင် သင့်အနေနဲ့ အလုပ်ဆက် လုပ်ဖို့ သေချာပေါက် စဉ်းစားလာပါလိမ့်မယ်။ အထက်မှာ လုပ်ဖော်ကိုင်ဖက်ကို လဲယူလို့ ရနိုင်ကောင်းပေမယ့် လုပ်ငန်းရှင် ကိုတော့ ဖယ်ထုတ်လို့ မရပါဘူး။
အကောင်းဆုံးကတော့ အလုပ်ပြောင်းလုပ်ဖို့ စဉ်းစားပါ။
(၃) အလုပ်ချိန်တွေကို သဘောမကျဘူး
ရုံးတက်ရတာ ဝေးလို့၊ အလုပ်ခွင် ပင်ပန်းလို့၊ အပိုချိန်ဆင်းရလို့ စတဲ့ စတဲ့ အကြောင်းတွေကြောင့် သင့်အနေနဲ့ တနင်္ဂနွေ ည ချမ်းတွေကို ရွံလာတယ်၊ တနင်္လာမနက်ခင်းတခုကို အားမွေးပြီး အလုပ်ချိန်အတွက် ပြင်ဆင်နေရပြီဆိုရင် သင် အလုပ်မှာ မပျော်တော့တာ သိသာနေပါတယ်။
အကောင်းဆုံးက အပိုချိန်ကြေး၊ အလုပ်တာဝန်၊ အလုပ်ချိန်နဲ့ ခံစားခွင့်တွေကို ပြန်ညှိလိုက်ရင် စိတ်ကျေနပ်မှု ရတတ်ပါ တယ်။ ညှိယူပါ။
(၄) လစာမကောင်းလို့ သဘောမကျဘူး
ဝန်ထမ်း ၁၀ ဦးမှာ ၅ ဦးနဲ့ အထက်က လက်ရှိ သူတို့ရနေတဲ့ လစာကို နည်းတယ်လို့ ယူဆလေ့ရှိပါတယ်။ တကယ်တမ်းမှာ လည်း နည်းကောင်း နည်းနိုင်ပါတယ်။ ဒါဆိုရင်တော့ အခု အလုပ်ကို ဆက်မလုပ်ချင်တာတွေ၊ တခြား အလုပ်ပြောင်းချင် တာတွေ၊ လစာပိုလိုချင်တာတွေ ဖြစ်လာပါလိမ့်မယ်။
အကောင်းဆုံးက လစာကို အလုပ်မဝင်ခင်ကတည်းက ညှိပါ၊ အလုပ်ဝင်ပြီး အချိန်ဘယ်လောက်မှာ လစား ပြန်ညှိမယ်ဆို တာ ကြိုပြောထားပါ၊ လစာပြန်ညှိပါ၊ အဆင်မပြေရင်တော့ အလုပ်ပြောင်းဖို့ ကြိုးစားပါ။
(၅) အလုပ်မှာ အာရုံစိုက်လို့ မရဘူး
တခါတလေ စိတ်ဖိစီးမှုများတာကြောင့် အလုပ်ထဲမှာ အာရုံစိုက်လို့ မရတာတွေ ဖြစ်တတ်ပါတယ်။ မိသားစုအရေးကနေ အလုပ်များမှုတွေကြောင့် စိတ်ဖိစီးမှုတွေ ဖြစ်တတ်ပါတယ်။ ဒီအတွက်နဲ့တော့ အလုပ်ထွက်ဖို့ မစဉ်းစားပါနဲ့။
အကောင်းဆုံးက ခွင့်ယူပြီး အပန်းဖြေခရီးထွက်ပါ၊ စိတ်ဖိစီးမှု ဖြစ်နေတဲ့အကြောင်းအရာကို ဖြေရှင်းပါ၊ သင်ဟာ လုပ်ငန်း ခွင်ထဲက မရှိမဖြစ် လူသားတယောက်အဖြစ် တွေးပြီး ဖြေသိမ့်ကြိုးစား လုပ်ဆောင်ပါ။
(၆) အလုပ်နဲ့ ပတ်သက်ပြီး ဆင်ခြေပေးနေရတယ်
လစာနည်းလို့ သင့်အနေနဲ့ အလုပ်ကောင်းကောင်း မလုပ်ချင်တာလည်း ဖြစ်နိုင်တယ်၊ တခြား စိတ်ဖိစီးမှုကြောင့် အလုပ်မ ပြီးတာလည်း ဖြစ်နိုင်တယ်၊ တွဲဖက်တွေ မကောင်းလို့ တာဝန် မကျေတာလည်း ဖြစ်နိုင်တယ်၊ ဒါဆိုရင်တော့ သင့်အနေနဲ့ ဆင်ခြေတွေ အများကြီး ပေးရတော့မှာပါ။
အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် ပြန်မေးပါ။ ဘာကို သဘောမကျပါသလဲ။ ပွင့်ပွင့်လင်းလင်း ပြောဆို ဖြေရှင်းလိုက်ပါ။ လုပ်ငန်းခွင်ပျော်မှ သင်လည်း လုပ်ကိုင်ရ အဆင်ပြေ အလုပ်လည်း မြဲပါလိမ့်မယ်။
(၇) မိသားစု သူငယ်ချင်းတွေအတွက် အချိန်နည်းလို့ သဘောမကျဘူး
တချို့ အလုပ်တွေမှာ ခွင့်ရက် အပေးနည်းတာ၊ အလုပ်ချိန် များတာ၊ တာဝန်ချိန် ပြင်ပထိအောင် အလုပ်အကြောင်း စဉ်းစား လုပ်ဆောင်နေရတာ မျိုးတွေ ရှိပါတယ်။ ဒါဆို မိမိရဲ့ကိုယ်ပိုင်အချိန်တွေ နည်းလာပြီး အလုပ်မှာ မပျော်တော့ဘူးပေါ့။
အကောင်းဆုံးကတော့ အလုပ်ချိန်နဲ့ တာဝန်ကို ပွင့်ပွင့်လင်းလင်း ပြောဆို ဆွေးနွေးပါ။
လိုအပ်ရင် အလုပ်ပြောင်းဖို့ ကြိုးစားပါ။ ကိုယ်ပိုင်ချိန်ရဖို့နဲ့ အပန်းဖြေမှုဟာ အလုပ်အတွက်လည်း တဖက်တလမ်းကနေ ကောင်းမွန်ပါတယ်။ မဟုတ်ရင်တော့ စိတ်ဖိစီးမှု နည်းပြီး မိမိလည်း မပျော်၊ အလုပ်လည်း အကောင်းဆုံး မအောင်မြင်ဖြစ် နိုင်ပါတယ်။