• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

အင်္ဂလိပ်ဘာသာစကားကို နားထောင်နိုင်စွမ်း တိုးတက်လာစေဖို့ရာ

by ချစ်ဖေ (တောင်တွင်းမြေ)
22 July 2017
in Trend
A A
ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

16.1k
VIEWS
Share on FacebookShare on Twitter

အခုတခါတော့ နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာ သင်ကြားလေ့လာနေသူတွေအတွက် အထောက်အကူ ဖြစ်စေမယ့် နည်းလမ်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဘာသာစကား လေ့လာသင်ကြားမှု အပိုင်းမှာ အခြေခံ အရေးကြီးဆုံးအချက်လေးချက်ဖြစ်တဲ့ အရေး၊ အဖတ်၊ အပြော၊ နား ထောင်စတဲ့ အချက်ထဲက နားထောင်ခြင်းအပိုင်းကို လျင်လျင်မြန်မြန် တိုးတက်လာစေနိုင်မယ့်အချက်တွေ ဖြစ်ပါတယ်။

RelatedPosts

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

SpaceX ဒုံးပျံစမ်းသပ်မှု အာကာသခရီးသွားလုပ်ငန်းအတွက် အလွန်အရေးပါ

15 October 2024
2k
အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

အီလွန်မတ်စ် က ထရမ့်ကို ထောက်ခံပေမယ့် သူ့ ဝန်ထမ်းတွေကတော့ ဟဲရစ်ပဲတဲ့

22 September 2024
1.4k
အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

အမေရိကန်က ကမ္ဘာလုံးဆိုင်ရာ AI လုံခြုံရေး ညီလာခံ နိုဝင်ဘာမှာ ကျင်းပဖို့ စီစဉ်နေ

21 September 2024
434

ဒါပေမယ့် ကျနော်က အခု အင်္ဂလိပ်စာကိုပဲ နားထောင်မှုစွမ်းရည် တိုးတက်မှု မြန်ဆန်အောင်ဆိုတဲ့ ဆောင်းပါးကို Ref ယူ လိုက်တာကြောင့် အင်္ဂလိပ်စာလို့ ပြောလိုက်ပေမယ့် တကယ်တမ်းကတော့ ဘယ်ဘာသာစကားကို မဆို နားထောင်နိုင်စွမ်း တိုးတက်လာစေနိုင်မယ့် အချက်တွေလည်း ဖြစ်ပါတယ်။

ကောင်းပါပြီ၊ ဘယ်အချက်တွေကို ဘာကြောင့် အလေးထား လေ့လာသင့်တယ်ဆိုတာ ကြည့်ကြရအောင်ပါ။

၁- အသံထွက် အင်္ဂလိပ်စကားပြောခွေများ နားထောင်ပါ

ဒီအချက်က အင်္ဂလိပ်အသံထွက်ကို မိမိနားမှာ အလွယ်တကူ စွဲစေနိုင်တဲ့ အချက် ဖြစ်ပြီး ဖြစ်နိုင်မယ် ဆိုရင် မိမိက နားကြပ်နဲ့ ဖြစ်စေ စပီကာကနေ လာတဲ့အသံကို နားထောင်နေချိန်မှာဖြစ်စေ အခွေက ထွက်လာတဲ့ စကားပြောကို ရိုက်နှိပ်ထားတဲ့ စာ အုပ်ကိုပါ မိမိက လိုက်ဖတ်နေမယ်ဆိုရင် ပိုမို မြန်ဆန်စွာ တတ်မြောက် နားထောင်နိုင်လာမှာလည်း ဖြစ်ပါတယ်။

တကယ်လို့ စာအုပ်အခက်အခဲကြောင့် နားထောင်ရင်း လိုက်ဖတ်ဖို့ ခက်ခဲတယ် ဆိုရင်တော့ စကားပြော အသံဖိုင်ကို သီချင်း နားထောင်သလိုပဲ အချိန်ရတိုင်း အခေါက်ခေါက်အခါခါနားထောင်မယ်ဆိုရင် ပိုပြီး နားထောင်နိုင်စွမ်း တိုးတက်လာပါ လိမ့်မယ်။

ဒီနေရာမှာ အသံဖိုင် ရွေးချယ်နားထောင်မှုအပိုင်းမှာတော့ ရှေ့ပိုင်းမှာ စာစု၊ စကားစု၊ အပြောအဆို အတိုလေးတွေပါတဲ့ အသံဖိုင်မျိုးကို စတင် နားထောင်သင့်ပြီးတော့ အားလပ်ချိန်မှာ မိမိကိုယ်ကို ပြန်လည် ပြောဆိုကြည့်တာမျိုး ဖြစ်စေ၊ အသံ ဖိုင်အတိုင်း လိုက်ပြောကြည့်တာမျိုးတွေ လုပ်ဆောင်ဖို့ သင့်တာလည်း ဖြစ်ပါတယ်။ ဒါအပြင် အသံဖိုင် နားထောင် ခြင်း ကြောင့် မသိစိတ်ကနေ အလိုအလျောက် သင်ယူလေ့လာမှုကို လုပ်ဆောင်နေတတ်တာကိုလည်း မှတ်ဉာဏ်ပိုင်းဆိုင်ရာ လေ့လာချက်တွေအရ သိထားရပါတယ်။

ဆိုလိုရင်းကတော့ အခြား ဘာသာစကားပြောဆိုသူ ပတ်ဝန်းကျင်တခုမှာ အနေကြာလာတာနဲ့အမျှ အဆိုပါ ဘာသာစကားကို အနည်းငယ်ကနေ စပြီး တတ်မြောက် လာတတ်တာမျိုး ဖြစ်ပါတယ်။

ကလေးငယ်တွေရဲ့ ဘာသာစကား တတ်မြောက်မှုဟာလည်း အထက်က အသံဖိုင် နားထောင်ခြင်းနဲ့ ဆင်တူတဲ့ ပတ်ဝန်းကျင် က ပြောစကားတွေကို နားထောင်ရင်းကနေ တတ်မြောက်တာမျိုး ဖြစ်လို့ အသက်အရွယ်ကြီးလာတာနဲ့ အမျှ အလိုအလျောက် သင်ယူ တတ်မြောက်နိုင်မှု အနည်းငယ် အားနည်းလာတတ်ပါတယ်။

နားထောင်မှု များလာခဲ့ရင်တော့ တတ်မြောက်မှုတိုးတက်နှုန်းကို မြန်ဆန်စေမှာ ဖြစ်လို့ အင်္ဂလိပ်ဘာသာစကားပြော ဆိုနေတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်သည် ဖြစ်စေ၊ အသံဖိုင် နားထောင်ခြင်း ဖြစ်စေ ပြုလုပ်သင့်ပါတယ်။

၂- အင်္ဂလိပ်သာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုသူများနဲ့ ပြောဆိုဆက်ဆံပါ

ဘာသာစကားတခုကို မိခင် ဘာသာစကားအဖြစ် အသုံးပြုသူတွေလောက် အကောင်းဆုံး နားလည် တတ်ကျွမ်းသူ မရှိ နိုင်ပါ ဘူး။ အနည်းဆုံး သူတို့ဟာ အပြောနဲ့ နားထောင်ခြင်းအပိုင်းကိုတော့ အကောင်းဆုံး ကျွမ်းကျင်ထားကြပါတယ်။

ဒီအတွက် သူတိုနဲ့ ပြောဆိုဆက်ဆံလေ့ကျင့်ခြင်းဟာ အပြောစွမ်းရည်ကိုပါ တပါတည်း တိုးတက် ကောင်းမွန် လာစေနိုင် ပါ တယ်။

သူတို့ဟာ မိမိရဲ့ အပြောစွမ်းရည်ကို အမှားထောက်ပြပြီး ပြင်ဆင်ပေးနိုင်စွမ်းရှိပါတယ်၊ အသံထွက် မှန်ကန်အောင် ထွက်ပြ ပြီး နားထောင်မှုကိုလည်း တိုးတက်လာစေပါလိမ့်မယ်။

တကယ်လို့ မိမိ ပတ်ဝန်းကျင်မှာ အင်္ဂလိပ်စကား ပြောဆို သုံးစွဲသူ အဆင်မပြေရင် အပန်းဖြေ ပန်းခြံ၊ လည်ပတ်သွားလာ နေ တဲ့ဘုရားလို နေရာတွေက အင်္ဂလိပ်တွေကို မိမိ ပတ်ဝန်းကျင်အကြောင်း မိတ်ဖွဲ့ပြောဆို လေ့ကျင့်နိုင်မှာ ဖြစ်ပါတယ်။

၃- အင်္ဂလိပ် ဘာသာစကားပြော ရုပ်ရှင်များ ကြည့်ရှုပါ

ဒီအပိုင်းမှာတော့ ရုပ်ရှင်ကြည့်ခြင်းမှာ ၂ပိုင်း ခွဲပြောရပါလိမ့်မယ်။ ပထမ တပိုင်းကတော့ အစပိုင်းမှာ အင်္ဂလိပ် စကားပြော၊ အင်္ဂလိပ်စာတန်းထိုး ဇာတ်လမ်းတွေကို ကြည့်ဖို့ ဖြစ်ပါတယ်။

ဇာတ်ကောင်တွေရဲ့ စကားပြောကို နားထောင်ရင်း စာတန်းကို လိုက်ဖတ်ရမှာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဒုတိယ အ ချက်အနေနဲ့ စာတန်းထိုးကို ဖြုတ်ပြီး အလွတ်ကြည့်ဖို့ ဖြစ်ပါတယ်။

ဒီနေရာ ရုပ်ရှင်ကြည့်ခြင်းကို လေ့ကျင့်ခြင်း အနေနဲ့ သဘောထားကြည့်ရတာ ဖြစ်လို့ ရုပ်ရှင် အတွင်းမှာ စိတ်ရောက်မသွားစေ ဘဲ ဘာသာစကားပြောဆိုမှုကိုသာ အလေးထား နားထောင်နေဖို့ အရေးကြီးပါတယ်။

အခုအချက်နဲ့ ပတ်သက်ပြီး သတိပြုစရာအချက်ကတော့ စိတ်မရှည်လို့ မိမိနားလည်မယ့် ဘာသာစကားကို ပြောင်းလဲ ကြည့် တာမျိုး မလုပ်မိဖို့ လိုအပ်ပါတယ်။

၄- အင်္ဂလိပ်စာအကြောင်း တွေးပါ

အကြောင်းအရာတခုကို လိုချင်၊ ရချင်ပြီဆိုရင် အဆိုပါ အကြောင်းအရာကိုပဲ ခေါင်းထဲထားပြီး အချိန်ရသမျှ တွေးနေ၊ စဉ်း စားကြံစည်နေခြင်းဟာ အောင်မြင်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်သလိုပဲ အခုလည်း အင်္ဂလိပ်စာ လေ့လာသင်ကြားမှု အပိုင်း မှာ အဆိုပါ အကြောင်းအရာကိုပဲ အချိန်ရှိတိုင်း တွေးနေ၊ စဉ်းစားနေဖို့ လိုအပ်ပါတယ်။

မိမိ အနေနဲ့ ဒုတိယ ဘာသာစကားအနေနဲ့ သင်ကြားခြင်း ဖြစ်လို့ တတ်မြောက်မှု မရှိသေးခင်အချိန်မှာ အင်္ဂလိပ်စကားကို ပြောဖို့၊ နားထောင်ဖို့ အဆင်မပြေ အခက်အခဲ ရှိနိုင်ပါတယ်။

ဒီအတွက် မိမိ ကြားသမျှကို ဖြည်းဖြည်းနဲ့ မှန်မှန် နားထောင်ပါ၊ စိတ်ထဲရောက်လာတဲ့ စကားကို ဘာသာပြန်ပြီး နားလည် အောင် တွေးယူပါ၊ ပြန်ပြောဖို့ အားထည့်ချိန်မှာ မိမိ ပြောချင်တဲ့ စကားလုံးကို မပြောခင် ဆီလျော်အောင် ဘာသာပြန်ပါ။ စကားစု တခုလုံးစာ တွေးပြီး၊ မှတ်သားပြီးမှ ပြန်လည် ပြောဆိုပါ။

ဒီအချက်ဟာ ESLလို့ ခေါ်တဲ့ နိုင်ငံတကာ အင်္ဂလိပ်စာ လေ့လာသင်ယူမှု ကျောင်းသားတိုင်းအတွက် အရေးအကြီးဆုံး အ ချက် ဖြစ်ပါတယ်။

၅- ဗန်းစကားတွေကို သီးသန့်လေ့လာပါ

ဗန်းစကားတွေဆိုတာ မိခင်ဘာသာစကား အဖြစ် သုံးနှုန်းနေသူတွေက ထွင်ပြီး ပြောတဲ့ စကားတွေပါ။ ကျနော်တို့ မြန်မာတွေ အနေနဲ့လည်း ဗန်းစကားတွေ ထွင်ပြီး ပြောဆို သုံးနှုန်းနေတာတွေ ဒီနေ့ခေတ်မှာ အများအပြား တွေ့နိုင်ပါတယ်။

တချို့သော ဗန်းစကားတွေဟာ စကားလုံး တလုံးတည်း ဖြစ်ပြီး တချို့က စကားစုတွေ ဖြစ်ပါတယ်။ ဒီအတွက် အဆိုပါ ဗန်း စကားတွေကို ပုံမှန် စကားလုံးအဓိပ္ပာယ်တွေအနေနဲ့ သိထားတာမျိုး မဟုတ်ဘဲ သီးခြား သိထားအောင် လေ့လာထားဖို့ လို အပ်ပါတယ်။

ဗန်းစကား အပြောအဆို အသုံးအနှုန်းတွေဟာ လေ့လာမှုဆိုင်ရာ စာအုပ် ထွက်ရှိသေးမှု နည်းပါးတာကြောင့် အချက် ၃ အဖြစ် ပြောခဲ့တဲ့ အင်္ဂလိပ်ဘာသာစကား ပြောဇာတ်ကားတွေ ကြည့်ရှုခြင်းက ပိုမို လွယ်ကူ အဆင်ပြေပါလိမ့်မယ်။

Ref: www.spokenenglishpractice.com

Your Thoughts …
Tags: Education
ချစ်ဖေ (တောင်တွင်းမြေ)

ချစ်ဖေ (တောင်တွင်းမြေ)

Similar Picks:

လိင်ပညာပေး

အမျိုးသားတို့ သုက် လွှတ် မစောစေဖို့

by အေးမင်း
21 May 2016
101.6k

အမျိုးသား အများစုဟု Missionary လို့ခေါ်တဲ့ လှေကြီးထိုး ပုံစံ အနေအထားမှာ နှိုးဆွမှုကို ပိုပြီး ခံစား ရလေ့ ရှိပါတယ်။ ဒါ ကြောင့် လိင်ဆက်ဆံနေစဉ် အတွင်းမှာ ပုံစံ အနေအထား အမျိုးမျိုးပြောင်းလဲ တာက...

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

လိင်ဆက်ဆံခြင်းနှင့် အန္တရာယ် ၆ ခု

by အေးမင်း
27 April 2016
203k

လေဖြတ်ခြင်း၊ နှလုံးရောဂါ၊ လိင်တံကျိုးခြင်း၊ မအင်္ဂါ စုတ်ပြတ်ခြင်း၊ ခေါင်းကိုက်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်းခြင်းတို့ဟာ လိင်ဆက်ဆံခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေဖြစ်ပါတယ်

ကျန်းမာရေး

ကိုယ်ဝန်ဆောင်စဉ် လိင်ဆက်ဆံခြင်းနှင့် သတိပြုရမည့် အချက်များ

by အေးမင်း
9 July 2016
140.8k

တကယ်လို့ ကိုယ်ဝန်က ပုံမှန်အတိုင်းဖွံ့ဖြိုးလာနေမယ်ဆိုရင် ကလေးကို ထိခိုက်နိုင်စရာ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံ ကိုလမ်ဘီယာတက္ကသိုလ်က သားဖွားမီးယပ်ပညာဆိုင်ရာ တွဲဘက်ပါမောက္ခ ဒေါက်တာ Annette Perez-Delboy က ပြော ပါတယ်။ ကလေးငယ်က သားအိမ်ထဲမှာ လုံခြုံစွာရှိနေပြီးတော့...

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

အမျိုးသားတို့၏ လိင်အင်္ဂါ ကျန်းမာရေး

by အေးမင်း
16 July 2016
108.1k

မိမိရဲ့ လိင်အင်္ဂါကို အများအသုံးချခဲ့သူကတော့ တွန်ဂါဘုရင် Fatefehi ဖြစ်တယ်လို့ မှတ်တမ်းတွေက ဆိုပါတယ်။ သူက ၁၇၇၀ ကနေ ၁၇၈၄ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်းမှာ အမျိုးသမီး ၃၇၈၀၀ ရဲ့ အပျိုစင်...

ကျန်းမာရေး , လိင်ပညာပေး

လိင်မှုစွမ်းဆောင်ရည် မြှင့်တင်နိုင်တဲ့ လေ့ကျင့်ခန်း ၅ ခု

by အေးမင်း
28 May 2016
185.5k

လိင်မှုဆိုင်ရာ စွမ်းရည်တွေကို အမြင့်ဆုံးမြှင့်တင်ပေးမယ့် လေ့ကျင့်ခန်း ၅ ခုကတော့ အလေးမခြင်း၊ Kelgel လေ့ကျင့်ခန်း ၊ ယောဂ လေ့ကျင့်ခြင်း၊ ရေကူးခြင်းနဲ့ လမ်းမြန်မြန်လျှောက်ခြင်းတို့ ဖြစ်ပါတယ်

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

လိင်ဆက်ဆံစဉ် နာကျင်ခြင်း

by အေးမင်း
27 June 2015
422k

သာယာမှု ကို ရရှိနိုင်ဖို့ အတွက် စိတ်သောကတွေကို ဖြေလျှော့ပြီး ချဉ်းကပ်နိုင်ဖို့ အရေးကြီးပါတယ်။ စိတ်ကို ဖြေလျှော့ထားခြင်းက လိင်ဆက်ဆံစဉ်မှာ နာကျင်မှု ခံစားရခြင်းနဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကောင်းမွန်လာအောင် ဖြေရှင်းပေးနိုင်

Next Post
Ford ကားတပ်ဆင်မှုစက်ရုံ / CML

Ford ကားကုမ္ပဏီမှ မြန်မာနိုင်ငံအတွင်း ကားတပ်ဆင်မှုစက်ရုံ ဖွင့်လှစ်

နေပြည်တော်ရှိ ဗဟိုဘဏ် အဆောက်အဦး / Reuters

ဗဟိုဘဏ် အဖွဲ့ဝင်များ ပြောင်းလဲမည်ဆိုသော်လည်း စိတ်အားတက်ကြွခြင်း မရှိ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate