အရင်တရက်က အင်္ဂလိပ်စကားပြောကို အခြေခံကစပြီး လေ့လာနေသူတွေ အဆင်ပြေစေနိုင်မယ့် အလွယ်သုံးအင်္ဂလိပ် စ ကားစုတွေကို နံပတ်စဉ် ၈ထိ ဖော်ပြခဲ့ပါတယ်။ ယခု ကျန်နေသေးတဲ့ အလွယ်သုံးအင်္ဂလိပ် စကားစုတွေကို ဖော်ပြလိုက်ပါ တယ်။
(၉) I don’t understand
တပါးသူ ပြောတာ ဆိုလိုတာကို မသိဘူးဆိုရင် အခုစကားစုကို ပြောပြီး ပြန်မေးနိုင်ပါတယ်။ Sorry နဲ့ တွဲသုံးရင် ပိုပြီး ယဉ် ကျေးပါတယ်။
ဥပမာ – Sorry, I don’t understand လို့ ဖြစ်ပါတယ်။
(၁၀) Could you repeat that please?
I don’t understand က ငြင်းဆန်ပြီး အခုပြောနေတဲ့ စကားစုကတော့ တပါးသူပြောတဲ့ အကြောင်းအရာကို နားမလည်၊ မ သိ၊ မကြားလိုက်လို့ ထပ်မေး၊ ထပ်ပြောပေးဖို့ တောင်းဆိုတဲ့ပုံစံ ဖြစ်ပါတယ်။ to repeat ဟာ to say again နဲ့ တူလို့ Could you say that again please လို့လည်း ပြောနိုင်ပါတယ်။
ဥပမာ – Could you please repeat that? Could you repeat that please? လို ဖြစ်ပါတယ်။
(၁၁) Thank you. That helps a lot
ကိုယ်နားလည်လွယ်အောင် တခြားသူကစကားကို ဖြည်းဖြည်းပြောပေးပြီးတဲ့နောက်မှာ ကျေးဇူးတင်စကားအဖြစ် ပြန်ပြော နိုင်ပါတယ်။ တခြားအကူအညီ ရရှိတဲ့အတွက် ကျေးဇူးတင်စကား ပြောရာမှာလည်း သုံးနိုင်ပါတယ်။
ဥပမာ – Mg Mg – AungAung, could you please make the font bigger? It’s hard for me to read the words.
AungAung – Sure! I’ll change it from 10 to 18 / How’s this?
Mg Mg – Thank you. That helps a lot လို့ သုံးနိုင်ပါတယ်။
(၁၂) Hi, I’m (name). And you ?
မိတ်ဆက်တဲ့ နေရာမှာ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပြီး တခြားသူရဲ့ အမည်ကို ပြန်မေးတဲ့ နေရာမှာသုံးနိုင်ပါတယ်။
ဥပမာအနေနဲ့ – Hi, I’m Mg Mg, And you? လို ဖြစ်ပါတယ်။
(၁၃) Nice to meet you
မြန်မာလိုတွေ့ရတာ ဝမ်းသာပါတယ်လို့ နှုတ်ဆက်တဲ့သဘော ဖြစ်ပါတယ်။
ဥပမာ- Hi AungAung, I’m Mg Mg
Nice to meet you Mg Mg
Nice to meet you AungAung တွေလို အပြန်အလှန် ပြောဆို အသုံးပြုနိုင်ပါတယ်။
(၁၄) Where are you from ?
အမည်မေးမြန်း မိတ်ဆက်ပြီး တပါတည်း ဆက်လက် မေးမြန်းနိုင်တဲ့ မေးခွန်းပုံစံ ဖြစ်ပါတယ်။
ဥပမာအနေနဲ့ – Mg Mg – Nice to meet you AungAung. So, where are you from?
AungAung – I’m from Mandalay လို့ သုံးနိုင်ပါတယ်။
(၁၅) What do you like to do?(အားလပ်ချိန်အတွက်)
ဒီမေးခွန်းကတော့ အားလပ်ချိန်တွေမှာ ဘာလုပ်လေ့ ရှိသလဲ၊ ဘယ်လို အချိန်ကုန်စေတယ် ဆိုတာသိအောင် မေးတဲ့ မေးခွန်း ဖြစ်ပါတယ်။
ဥပမာ – Mg Mg – So AungAung, what do you like to do in your free time?
AungAung – I love to read and to garden. I picked two baskets of tomatoes last week လို့သုံးနိုင်ပါတယ်။
(၁၆) Do you have Facebook ?
ဒီနေ့ခေတ် လူသုံးများတဲ့ လူမှုကွန်ရက်မှာ ချိတ်ဆက်ချင်တယ်။ အပြင်မှာ မတွေ့ဖြစ်တာတောင် အချင်းချင်း မိတ်ဆက် ထား ဖို့ မေးထားနိုင်ပါတယ်။
ဥပမာ – Let’s keep in touch! Do you have Facebook? လို့ သုံးနိုင်ပါတယ်။