Trend

တန်ဖိုးအကြီးဆုံး ဟယ်လီကော်ပတာ ၇ စီး

အခု ပြောမှာကတော့ ဘက်စုံသုံးအနေနဲ့ လက်ရှိ အသုံးပြုနေတဲ့ ကမ္ဘာတလွှားက ဟယ်လီကော်ပတာတွေထဲက တန်ဖိုးအမြင့် ဆုံးမော်ဒယ်တွေ အကြောင်းပဲ ဖြစ်ပါတယ်။

စိတ်ကြိုက် မြေနေရာ ဆင်းသက်နိုင်မှု၊ ဝေဟင်အတွင်း ရပ်တန့်ပျံသန်းနေနိုင်မှုတွေကြောင့် ဟယ်လီကော်ပတာတွေဟာ လေ ကြောင်းသွားလာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေ ပါရှိနေတာလည်း ဖြစ်ပါတယ်။

(၁) Airbus H225 Super Puma

တစီးကို တန်ဖိုး ဒေါ်လာ ၂၇ သန်းလောက် တန်ပါတယ်။ အင်ဂျင်နှစ်လုံး ထိုင်ထားတယ်၊ ခရီးသည်တင်မော်ဒယ်ဖြစ်ပြီး Eurocopter ကနေ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ လူ ၂၄ ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်ပါတယ်။ အစက ၂၀၀၅ ခုနှစ်အတွင်း Eurocopter EC725 အဖြစ် သတ်မှတ် ဒီဇိုင်းဆွဲခဲ့ပေမယ့် နောက်ပိုင်းမှာ အမည်ပြောင်းပြီး H225 ဖြစ်လာ ပါတယ်။

Eurocopter ကလည်း Airbus Helicopters အဖြစ် အမည်ပြောင်းလဲ လုပ်ကိုင်နေတာပါ။ တနာရီ ၂၇၅.၅ ကီလိုမီတာနှုန်း နဲ့ ပျံသန်းနိုင်ပြီး ဆီအပြည့်နဲ့ဆိုရင် ခရီး ကီလိုမီတာ ၈၇၅ ထိအောင် ရောက်ပါတယ်။

(၂) AgustaWestland AW101

ဒေါ်လာ ၂၁သန်းတန်ဖိုးရှိတဲ့ အခု မော်ဒယ်က ၁၉၉၉ခုနှစ်လောက်ကတည်းက ထုတ်လုပ်နေခဲ့တာပါ။ ကမ္ဘာတလွှားမှာ စစ် ဘက်သုံး ရဟတ်ယာဉ်အဖြစ် အသုံးများပါတယ်။ အင်္ဂလန်တော်ဝင်ရေတပ်၊ အီတလီရေတပ်၊ ဒိန်းမတ်တပ်မတော်၊ ပေါ်တူဂီ၊ နော်ဝေနဲ့ ဥရောပနိုင်ငံအချို့ရဲ့စစ်တပ်တွေမှာ အသုံးများပါတယ်။

တနာရီ ၂၇၇ ကီလိုမီတာနှုန်းနဲ့ထိအောင် ပျံသန်းနိုင်သလို ဆီအပြည့်နဲ့ဆိုရင် ၁၃၆၃ ကီလိုမီတာထိအောင် ရောက်နိုင်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၃) Sikorsky S-92

ဒီမော်ဒယ်မှာလည်း အင်ဂျင် ၂လုံးထည့်ထားပါတယ်။ ဝန်ဆွဲ လေယာဉ် အမျိုးအစားပါ။

စစ်ဘက်မှာရော အခြားအသုံးတွေမှာ အဆင်ပြေသလို သုံးတာ တွေ့ရပါတယ်။ အလူမီနမ် ကိုယ်ထည် အထိုင်သားကို သုံး ထားပြီး ကြံ့ခိုင်ရေး အထူးကောင်းမွန်ပါတယ်။ မော်ဒယ်ကို စစ်ဘက်သုံးဖို့ ပြန်လည် ပြင်ဆင်ပြီး H-92, VH-92တွေ အဖြစ် အမေရိကန် ကမ်းတက်တပ်မှာ သုံးတာ တွေ့ရပြီး အမေရိကန် သမ္မတစီးနင်းဖို့လည်း သုံးတာ တွေ့ရပါတယ်။ ဒေါ်လာ ၁၇.၇ သန်းလောက်ထိအောင် တန်ဖိုး ရှိပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ကီလိုမီတာ ၉၉၉ထိအောင် ရောက်ပါတယ်။

(၄) Airbus AS332 L1e VIP Super Puma

ပင်မ ဒလက် ၄ချောင်းပါတယ်၊ အင်ဂျင် ၂လုံး ထိုင်ထားတယ်၊ အလတ်တန်းစား အရွယ်ရှိ ဘက်စုံသုံး ရဟတ်ယာဉ်ပါ။ Aerospatible နဲ့ Eurocopter ရဲ့ပူးပေါင်း ဖန်တီးမှု ဖြစ်ပြီး မော်ဒယ်ဟောင်း SA 330 Puma ကို အဆင့်မြှင့် ဖန်တီးထား တာ ဖြစ်ပါတယ်။ စစ်ဘက်ရေးရာမှာ အသုံးများပါတယ်။

တနာရီ ၂၅၂ကီလိုမီတာနှုန်းနဲ့ မောင်းနှင်နိုင်ပြီး ဆီအပြည့်နဲ့ဆိုရင် ၈၄၁ ကီလိုမီတာထိအောင် ရောက်နိုင်ပါတယ်။ တန်ဖိုး ဒေါ်လာ ၁၅.၅သန်း တန်ပါတယ်။

ဒီဇိုင်း -(ကျော်မျိုးထိုက်/ ဧရာဝတီ)

(၅) Bell 525 Relentless

ဒေါ်လာ ၁၅သန်း တန်ဖိုးရှိ အမေရိကန် ရဟတ်ယာဉ်ထုတ်ကုမ္ပဏီ Bell Helicoptersရဲ့ မော်ဒယ်ပါ။ သတ္တုသားကို ဦးစား ပေး အသုံးပြုဖန်တီးထားတဲ့ မော်ဒယ်ဖြစ်ပြီး သွက်လက်မှု ဦးစားပေး ပုံစံပါ။

မော်ဒယ်ကို တနာရီကို ၂၉၆ ကီလိုမီတာထိအောင် ရောက်နိုင်ပြီး ဆီအပြည့်နဲ့ ဆိုရင် ၁၀၃၇ ကီလိုမီတာရောက်ပါတယ်။ ဒ လက် ၅ချောင်းနဲ့ ရဟတ်ယာဉ်ပါ။ ခရီးသည် ၁၆ယောက်ထိအောင် လိုက်ပါ စီးနင်းနိုင်ပါတယ်။

(၆) Sikorsky S-76C

ဒေါ်လာ ၁၃ သန်းထိအောင် တန်ပါတယ်။ အရွယ်အလတ်တန်းစား စီးပွားရေး လုပ်ငန်းသုံး မော်ဒယ်ပါ။ SikorskyAircraft Coporationကနေ ထုတ်လုပ်မှု ဖြစ်ပါတယ်။ ၁၉၇၇ခုနှစ်လောက်ကတည်းက စတင် ထုတ်လုပ်နေခဲ့တဲ့ မော်ဒယ်ပါ။ အင်္ဂ လန် တော်ဝင်မိသားစုလည်း သုံးတာ တွေ့ရသလို အမေရိကန်ရဲ့ ၄၅ယောက်မြောက် လက်ရှိ သမ္မတ ဒေါ်နယ်ထရန့်လည်း စီး နင်းနေပါတယ်။ တနာရီ ၂၈၇ ကီလိုမီတာ ရောက်နိုင်ပြီး ဆီအပြည့်နဲ့ ၈၃၂ ကီလိုမီတာ မောင်းနှင်နိုင်ပါတယ်။

(၇) Agusta Westland AW139

မော်ဒယ်က တန်ဖိုး ဒေါ်လာ ၁၂သန်း ရှိပါတယ်။ အလတ်တန်စား ကိုယ်ထည် အရွယ်ရှိ အင်ဂျင်နှစ်လုံးနဲ့ မော်ဒယ်ပါ။ ၂၀၀၃ ခုနှစ်ကမှ စတင် မိတ်ဆက်ခဲ့တာ ဖြစ်ပြီး အရေးကြီးပုဂ္ဂိုလ်တွေ စီးနင်းဖို့၊ ကမ်းလွန် ခရီးဝေးပို့ဆောင်ရေးတွေမှာ သုံးဖို့နဲ့ စစ် ဘက်ရေးရာမှာပါသုံးနိုင်အောင် ဖန်တီးထားတာ တွေ့ရပါတယ်။

ကနဦးပိုင်းမှာ Bell နဲ့ AgustaWestland တို့ ပူးပေါင်း ထုတ်လုပ်ခဲ့ပေမယ့် နောက်ပိုင်းမှာ AgustaWestland ကပဲ မူပိုင် ထုတ်လုပ်လာပါတယ်။

အစ္စရေး လေတပ်၊ ယူအေအီးလေတပ်၊ ကာတာလေတပ်တွေမှာ အသုံးများတာ တွေ့ရပါတယ်။ ဆီအပြည့်နဲ့ဆိုရင် ကီလိုမီ တာ ၁၂၅၀ထိအောင် ရောက်ပြီး တနာရီ ၂၀၆ကီလိုမီတာ မောင်းနှင်နိုင်မယ့် မော်ဒယ်ပါ။

Ref: www.wonderslist.com

Loading